မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ
Showing posts with label အသုပ်စုံ. Show all posts
Showing posts with label အသုပ်စုံ. Show all posts

Friday 28 October 2016

ဂျုးမြစ်သုပ်



ဂျုးမြစ်သုပ် ♡

❀❀❀ 
ဝါသနာရှင်များမည်သူမဆိုShareကိုနှိပ်ပြီးခွင့်မတောင်းဘဲလွတ်လပ်စွာမျှဝေနိုင်ပါတယ်။မိမိတို့ကိုယ်ပိုင်Pageများတွင်မိမိအကျိုးစီးပွားအတွက်စာများပုံများကိုကူးချပြီးကိုယ်တိုင်ချက်ပြုတ်ထားသည့်ပုံစံပြုလုပ်ခြင်းများကိုခွင့်မပြုပါ။ခွင့်မပြုဘဲအသုံးပြုသူများသည်ခိုးယူရာရောက်ကြောင်းသတိပေးအပ်ပါသည်။
❀ ❀ ❀
ပါဝင်ပစ္စည်း
********
ဂျုးမြစ် - ၃စည်း
မန်ကျည်းမှည့် - အနည်းငယ် 
နနွင်း - အနည်းငယ်
ကြက်သွန်ဖြူဆီချက် - နှစ်ဇွန်း စားပွဲဇွန်း
ခရမ်းချဉ်သီးချက် - သုံးဇွန်း
ဆား - အနည်းငယ်
ဟင်းခပ်မှုန့် - အနည်းငယ်
ငရုပ်သီးထောင်းကြော် - အနည်းငယ် 
မြေပဲထောင်း - ၂ဇွန်း
နှမ်းထောင်း - တစ်ဇွန်း
ကြက်သွန်နီကြော် - ၂ဇွန်း
ကြက်သွန် - တလုံး (optional)
နံနံပင် -အနည်းငယ်
ပြင်ဆင်ပြုလုပ်ပုံ
***********
1.ဂျူးမြစ်ကိုရေဆေးသန့်စင်ပြီးလက်နှစ်ဆစ်ခန့်ဆီဖြတ်ကာနနွင်းနှင့်မန်ကျည်းမှည့်ထည့်ပြီးပြုတ်ပေးပါ။
2.ပြုတ်ပြီးဆယ်ယူကာရေစစ်ထားပါ။
3.ပြီးလျှင်ပါဝင်သောပစ္စည်းအားလုံးထည့်ပြီးနယ်ကာအရသာအပေါ့အငန်မြည်းပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။


Sofia Food Paradise


Monday 9 May 2016

မော်လမြိုင်ကျောက်ပွင့် နှင့် ပုဇွန် နှမ်းဆီသုပ်


















မော်လမြိုင်ကျောက်ပွင့် နှင့် ပုဇွန် နှမ်းဆီသုပ်

ကျောက်ပွင့်ရဲ့ အတော်လေးပြင်းတဲ့ အနံ.လေးဟာ ရှောက်ရွက်၊ နှမ်းဆီတို့နဲ့ တွေ့တဲ့အချိန်မှာ အရမ်းစားချင်စဖွယ်အနံ့လေးပြောင်းသွားတာ မို့ ရှောက်ရွက် နဲ. နှမ်းဆီကို မဖြစ်မနေ ထည့်ပေးစေချင်ပါတယ်။
***... မော်လမြိုင်ကျောက်ပွင့် နှင့် ပုဇွန် နှမ်းဆီသုပ် အတွက် လိုအပ်တာလေးတွေ….
1. မော်လမြိုင်ကျောက်ပွင့်ခြောက် – ထမင်းစားဇွန်း ၄ ဇွန်းခန်.
2. လက်ညှိုးအရွယ် ပုဇွန် – ၁၃ ကောင်
3. အစေ့ထုတ်ကာ ပါးပါးလှီးထားသော ခရမ်းချဉ်သီးအလုံးကြီး – တစ်ခြမ်း
4. ပါးပါးလှီးကာ ရေဆေးထားသော ကြက်သွန်နီ – 1/2 cup (125 ml)
5. ပုံပါအတိုင်း လှီးထားသော မုန်လာဥနီ – 1/2 cup (125 ml)
6. ပါးပါးလှီးထားသော ရှောက်ရွက် – ထမင်းစားဇွန်း ၂ ဇွန်းခန်.
7. ပါးပါးလှီးထားသော ငရုတ်သီးစိမ်း – ထမင်းစားဇွန်း ၁ ဇွန်းခွဲ
8. အရသာမှုန်. – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
9. ငါးငံပြာရည် – ထမင်းစားဇွန်း ၂ ဇွန်း
10. သံပုရာရည် – ထမင်းစားဇွန်း ၃ ဇွန်း
11. နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
အမှိုက် နှင့် သဲများမပါစေရန် ကျောက်ပွင့်များကို ၃ ခါ ရေဆေးပြီး ၂ နာရီခန့် ရေစိမ်ထားပါ။ (ရေစိမ်ပြီးနောက် နောက်ထပ် ၃ ခါခန့် ရေပြန်ဆေးကာ၊ ရေကို ပြောင်စစ်အောင် ညစ်ထားပါ။)
ပုဇွန်များကျက်သွားအောင် ပန်းကန်တစ်ချပ်ထဲဖြန့်ကာ အဖုံး ဖုံးပြီး microwave ထဲ ၃ မိနစ်ခန့် ထည့်ပါ။ (တစ်မိနစ်ခွဲခန့်ကြာလျှင် နောက်တစ်ဖက်လှန်ပေးပါ။)
microwave မသုံးလျှင် ဒယ်အိုးထဲ ထည့်ကာ အိုးပူတိုက်ပြီး ကျက်အောင်လုပ်ပေးပါ။ (အရသာပေါ့သွားတတ်၍ ရေထဲထည့်မပြုတ်ပါနှင့်။)
ပုဇွန်များကျက်လျှင် နှစ်ခြမ်းကွဲအောင် လှီးထားပါ။
ပါဝင်ပစ္စည်းများအားလုံးကို ဇလုံတစ်လုံးထဲထည့်ကာ ဖွဖွလေးရောနယ် သုပ်ပြီးနောက် မွှေးပျံ့ကာ စားကောင်းလှသောချဉ်ချဉ်စပ်စပ် ကျိုးကျိုးကြွပ်ကြွပ် မော်လမြိုင်ကျောက်ပွင့် နှင့် ပုဇွန် နှမ်းဆီသုပ်လေး သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။

Chaw Su's Food Friends & သုပ်စားကြမယ် 


ငါးစင်းကော ချဉ်စပ်သုပ်


















ငါးစင်းကော ချဉ်စပ်သုပ်

**... ငါးစင်းကော ချဉ်စပ်သုပ် အတွက် လိုအပ်တာလေးတွေ…
1. ငါး၏အရိုးမပါသော အပိုင်း – 200 g (၁၃ ကျပ်သား) (ငါးသလောက်၊
ငါးခူ နှင့် ငါးရံ့ ကိုသုံးနိုင်လျှင် မာဆတ်ဆတ်လေးဖြစ်ပြီး
ပိုစားကောင်းပါတယ်။)
2. သံပုရာရည် – ထမင်းစားဇွန်း ၅ ဇွန်း
(ငါးအသားအားလုံး မြှုပ်နေဖို.လိုပါတယ်။)
3. microwave ထဲ စက္ကန့်(၂၀) ခန့်ထည့်ထားသော (သို့) ဖုတ်ထားသော
စိမ်းစားငပိ – ထမင်းစားဇွန်း ၁ ဇွန်း မောက်မောက်
4. ငရုတ်သီးစိမ်း – ၁၀ တောင့် (သို့) စားနိုင်သလောက်
5. ကြက်သွန်ဖြူ အတက်ကြီး – ၄ တက်
6. သကြား – လက်ဖက်ရည်ဇွန်း ၃ ပုံ ၁ ပုံ
7. အရသာမှုန့် (chicken powder) – လက်ဖက်ရည်ဇွန်း ၃ ပုံ ၁ ပုံ
8. ပါးပါးလှီးကာ ရေဆေးထားသော ဂေါက်သီးအရွယ် ကြက်သွန်နီ – ၁ လုံး
9. ရေဆေးကာ ပါးပါးလှီးထားသော ရှောက်ရွက် – အရွက် ၂၀ ခန့်
ငါး၏အရိုးမပါသော အပိုင်းကို အောက်ပါပုံအတိုင်း အတော်လေးပါးပြီး၊ အရေခွံမပါအောင် လှီးပေးပါ။
ပြီးလျှင် အသားများအားလုံး မြှုပ်အောင် သံပုရာရည်ညစ်ကာ အနည်းငယ်ခပ်ဖွဖွနယ်၍ အသားများကျက်သွားအောင် ၁ နာရီခွဲခန့် စိမ်ထားပါ။
ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း နှင့် ဖုတ်ထားသော ငပိကို ရောထောင်းထားပါ။
အသားများ ကျက်သွားလျှင် (ဖြူလာလျှင်)ကျန်ပါဝင်ပစ္စည်းများ အားလုံးထည့် ကာ ခပ်ဖွဖွနယ်ပြီးသုပ်ပေးပါ။
(မသုပ်ခင် ငါးကိုစိမ်ထားသည့် သံပုရာရည် (ထမင်းစားဇွန်း ၁ ဇွန်း)ခန်. ကို ခပ်ထုတ်ထားပြီး လိုအပ်မှ ပြန်ထည့်သုပ်ပေးပါ။)
ဝက်သားပုန်းရည်ကြီး၊ ပြောင်းဖူးအဆိမ့်ကြော်တို့နှင့် တွဲဖက်ကာ ထားဝယ်ငါးစင်းကော ချဉ်စပ်သုပ်လေးကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

Chaw Su's Food Friends & သုပ်စားကြမယ် 


Saturday 7 May 2016

ပုဇွန်သုပ် (မက္ကဆီကန် စတိုင်) (Shrimp ceviche)
















ပုဇွန်သုပ် (မက္ကဆီကန် စတိုင်) (Shrimp ceviche)

မက္ကဆီကန် စတိုင်လ် သုပ်ထားတဲ့ ပုဇွန်သုပ်လေးပါ။ လူကြိုက်များတဲ့ ပုဇွန်သုပ်တမျိုးလဲ ဖြစ်ပြီး မြန်မာပါးစပ်နဲ့ လဲ ကိုက်တဲ့ အသုပ်တမျိုးပါ။ ဒီပုဇွန်သုပ်နည်းမသိခင်ကတော့ အပြင်ကနေ ခနခန ၀ယ်စားဖြစ်ပါတယ်။ တကယ်တော့ အရမ်းလွယ်ကူပြီးစားလို့ ကောင်းတဲ့ ပုဇွန်သုပ်လေးပါ။

ပါဝင်သောပစ္စည်းများ
၁။ ပုဇွန် (ခေါင်းမပါ) - ၁၀ ကောင်
၂။ ကြက်သွန်နီ (အတုံးသေးသေးလှီး) - ခွက် တ ၀က်
၃။ ခရမ်းချဉ်သီး (အတုံးသေးသေးလှီး) - ခွက်တ ၀က်
၎။ နံနံပင် (ပါးပါးလှီး) - ထမင်းစားဇွန်း - ၁ ဇွန်း (သို့ ) ၁ ဇွန်းခွဲ
၅။ ဆား - အနည်းငယ်
၆။ သံပုရာသီး - ၂ စိတ် (သံပုရာရည် - ထမင်းစားဇွန်း ၁ ဇွန်း စာ)

ပြုလုပ်နည်း
၁။ ပုဇွန်အခွံ နွှာထားပါ။
၂။ ပုဇွန်ပြုတ် ရန် ရေနွေးအိုးတည်ပါ။ ရေနွေးပွက်လျှင် ပုဇွန်ကိုထည့် မီးပိတ်ပြီး ၂ မိနစ် (သို့ ) ၃ မိနစ် ထားပါ။ ထို့ နောက် ပုဇွန် ကို ရေစစ်ပါ။ (၃ မိနစ်ထက် ပိုထားလျှင် ပုဇွန် အသားမှ အချိုများထွက်သွားတတ်သည်။)
၃။ ပုဇွန်ကို ကျောရိုးအလည်မှ ထက်ပိုင်းပိုင်းပါ။
၎။ ပန်းကန် တခုထဲ တွင် ပုဇွန်ကို ထည့် သံပုရာရည် ညှစ် ပြီး အနည်းဆုံး မိနစ်၃၀ နှပ်ထားပါ။
၅။စားခါနီးတွင် လှီးထားသော ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ နံနံ နှင့် ဆားတို့ ကို ပန်းကန်တခုထဲတွင် သမအောင်နယ်ပါ။
၆။ ထို့ နောက် ပုဇွန် ကို လောင်းထည့်ပြီး ဖွဖွလေး သမအောင်နယ်ပါ။
အရမ်းစားကောင်းပြီး အရသာရှိတဲ့ ပုဇွန်သုပ်ကို သုံးဆောင်နိုင်ပါပြီ။

မှတ်ချက်။ ။ ကြက်သွန်နီ နှင့် ခရမ်းချဉ်သီးကို ကြိုက်နှစ်သက်က ပိုထည့်နိုင်ပါသည်။)

(၁ ခွက် = 240ml = ရိုးရိုးကော်ဖီခွက် ၁ ခွက်) (ထမင်းစားဇွန်း = 1 tablespoon= 15 ml



Ei San's Homemade Inspiration ပင်လယ်စာ ဟင်းလျာများ


Saturday 23 January 2016

မြင်းခွာရွက်နှင့်ငါးကလေးလှော်သုပ်
























နေ့အပူချိန်အနည်းငယ်ပြင်းလာပြီဆိုတော့..
ထမင်းကြမ်းလေးနဲ့အသုပ်လေးတွေကပိုပြီး
ခံတွင်းတွေ့နိုင်ပါတယ်....
မြင်းခွာရွက်ကိုပုံစံတစ်မျိုးလေးပြောင်းသုပ်ကြည့်ကြရအောင်...

မြင်းခွာရွက်နှင့်ငါးကလေးလှော်သုပ်
*******************************

မြင်းခွာရွက်.............၂စည်း
ငါးနီတူ...................လက်တစ်ဆုပ်ခန့်
့ကြက်သွန်နီ............၁လုံး
ဥနီ.........................တစ်စိတ်
သခွားသီး................တစ်စိတ်
ကြက်သွန်ဖြူ............၃တက်
ငရုတ်ကြမ်းအစိမ်းမှုန့်..၁/၂ဇွန်း
သံပုရာသီး................၁လုံး
ငါးငံပြာရည်...............၂ဇွန်း
ဟင်းခတ်မှုန့်.. ...........အနည်းငယ်
ပထမဆုံးငါးနီတူကိုကြွပ်အောင်လှော်ပြီးအအေးခံထားပါ
မြင်းခွာရွက်ကို၁လက်မခန့်အရှည်လှီးပါ။
သခွားသီး ၊ကြက်သွန်နီ၊ဥနီတို့ကိုတော့ခပ်ကြမ်း
ကြမ်းလှီးဖြတ်ပါ။
ကြက်သွန်ဖြူ ကိုတော့နုပ်နုပ်စဉ်းပြီး..ငရုတ်ကြမ်း
မှုန့်၊သံပုရာရည်၊ငံပြာရည်၊ဟင်းခတ်မှုန့်တို့နှင့်
အရသာအရည်အဖြစ်ရောနယ်ပါ။
ပါဝင်ပစ္စည်းများ အားလုံးရောပြီးခပ်ဖွဖွနယ်ပါ။
အရသာတစ်မျိုးထူးတဲ့မြင်းခွာရွက်နှင့်ငါးနီတူလှော်သုပ်လေးကိုသုံးဆောင်ကြည့်ပါ။

ပာင်းချက်နည်းများ  

ဂျယ်လီပဲကြာဇံနှင့်ပင်လယ်စာချဉ်စပ်သုပ် ( Jelly Bean Vermecilli Salad with Sea foods)


















ဂျယ်လီပဲကြာဇံနှင့်ပင်လယ်စာချဉ်စပ်သုပ် ( Jelly Bean Vermecilli Salad with Sea foods)
*********************************************
ဒီဟင်းပွဲကတော့ကမ္ဘာကျော်ထိုင်းဟင်းပွဲတစ်ခုဖြစ်ပြီးထိုင်းစားသောက်ဆိုင်တွေရဲ့ မပါမဖြစ်မီနူးတစ်မျိုးလည်းဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ..
*****************
ဂျယ်လီပဲကြာဇံ...................( ၂၀၀) ဂရမ်
ကြွက်နားရွက်မှို.........အနည်းငယ်
(နာရီဝက်ရေအေးစိမ်ထားရန်)
ပုစွန်.......................(၂၀၀) ဂရမ်
ပြည်ကြီးငါး...............(၂၀၀) ဂရမ်
ငါးအသားလွှာ...............(၂၀၀) ဂရမ်
( ရေနွေးဆူဆူတွင် သံပုရာသီးတစ်စိတ်၊ ချင်းအနည်းငယ်ရိုက်ပြား
ထည့်ပြီး..ရေနွေးဖျော..အအေးခံထားရန်)
ချိုချဉ်စပ်ရည်အတွက်
***************
ကြက်သွန်ဖြူ...............(၅) တက်
ငရုတ်သီးစိမ်းတောင်.နီ...(၅) တောင့်
နံနံပင်အမြှစ်.................အနည်းငယ်
(အထက်ပါ (၃) မျိုးကိုရောပြီးခပ်ကြမ်းကြမ်းစဉ်းထားရန်)
သကြား.......................၁/၄ လက်ဖက်ရည်ပန်းကန်လုံး..
သံပုရာရည်...................၁ /၂ ။ ။ ။ ။
ငါးငံပြာရည်...................၁/ ၃ ။ ။ ။ ။
အိုးတစ်လုံးတွင်...သံပုရာရည်၊ သကြား၊ ငါးငံပြာရည်ကိုဆူပွက်အောင်တည်ပြီး
ခပ်ကြမ်းကြမ်းစဉ်းထားသော
ကြက်သွန်ဖြူ၊ ငရုတ်သီး၊ နံနံပင်အမြှစ်တို.ကိုထည့်ပြီး ရေတစ်ဝက်ခမ်းအောင်
ကျိုပြီးအအေးခံထားပါ။
ကြက်သွန်နီ..............(၂) လုံး.(ပါးပါးလှီး..ရေဆေးရန်)
ခရမ်းချဉ်သီး.............(၂) လုံး..( အစေ့ထုတ်..ပါးပါးလှီးရန်)
တရုတ်နံနံ................ အနည်းငယ်
သီဟိုဠ်စေ့ကြော်..........အနည်းငယ် (အလှဆင်ရန်)
ပြင်ဆင်ချက်ပြုတ်ပုံ...
**************
ရေအေးစိမ်ထားသော...ပဲကြာဇံနှင့်..ကြွက်နားရွက်မှိုတို.ကို.ရေနွေးဆူဆူမှာထည့်ပြုတ်ပြီး..ရေအေးလောင်း..စစ်ထားပါ..။
ရေစစ်နေသောပဲကြာဇံအရောတို.ကို...ရေနွေးဖျောထားသောပင်လယ်စာအ
ရော.တို.ကိုကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ တရုတ်နံနံတို.ရောထည့်ပြီး..အသင့်ကျိုထားသောချိုချဉ်စပ်ရည်ဖြင့်ဖြည်း
ညင်းစွာသမအောင်မွှေပေးပါ..။မိမိလိုအပ်သောအရာသာကို..
အတိုးအလျှော့ပြုပြင်ပါ...။
ဆလတ်ရွက်ခင်းထားသောပန်းကန်ပြားတွင်...ထည့်ပြီး...သီပာိုဠ်စေ့ကြော်လုံးခြမ်းကွဲလေးရိုက်ပြားပြီးအလှဆင်ပေးလိုက်ရင်...ပဲကြာဇံနှင့်ပင်လယ်စာ
ချိုချဉ်စပ်သုပ်က..အရံသင့်ဖြစ်ပါပြီ......။

ပာင်းချက်နည်းများ  

သရက်သီးစိမ်းငါးပိသုပ်















သရက်သီးစိမ်းငါးပိသုပ်
*********************
သရက်သီးစိမ်းနုနု.....၅လုံး
မျှင်ငါးပိ....................၁ဇွန်း
ဆား........................အနည်းငယ်
ငါးငံပြာရည်..............အနည်းငယ်
ငရုတ်လှေိာမှုန့်.........၁ဇွန်း(လက်ဖက်ရည်ဇွန်း)
ပါဝါသကြား...............၁/၄ ဇွန်း
ငရုတ်သီးစိမ်း............၅တောင့်
ပထမဆုံးအစေ့မရှပ်သေးသောသရက်သီးစိမ်းကိုရွေးချယ်ပြီးထက်ခြမ်းခွဲအစေ့ထုတ်ပါ။
မိမိနှစ်သက်တဲ့အရွယ်လေးလှီးပြီးရေအေးစိမ်ထားပါ။
ငါးပိကိုဇွန်းပြားမှာကပ်ပြီးမီးကင်သလို..ငရုတ်သီးစိမ်း ကိုလည်းကင်ပြီးညှက်အောင်ထောင်းပါ။
သရက်သီးစိမ်းတွေကိုရေစစ်ပြီး..မီးဖုတ်ထားတဲ့ငါးပိကိုချေထည့်၊ထောင်းထားတဲ့ငရုတ်သီးနှင့်..ကျန်ပါဝင်ပစ္စည်းတွေ
ရောထည့်နယ်ပြီး..ချက်ချင်းသုံးဆောင်ပါ။
အရသာအပြင်း၊အပျော့ကိုမိမိနှစ်သက်သလိုချိန်ညှိပါ။

ပာင်းချက်နည်းများ  

ကျွဲကောသီးသုပ်


















ဒီပာင်းပွဲကိုကျွန်တော်ထိတွေ.ဖူးတာ..(၁၄ )နှစ်ကျော်ခဲ့ပါပြီ..ဒါပေမယ့်...
ထိုင်းနိုင်ငံမြောင်ပိုင်း စတိုင်လ်လေးကရင်ကိုပိုမို စွဲငြိစေတဲ့အတွက်..သေချာလေ့လာပြင်ဆင်ပြီးမှဝေမျှပေးဖြစ်တာပါ။
ထိုင်းမြောက်ပိုင်းစတိုင်လ်ကျွဲကောသီးသုပ် ( Tam Som -O )
***************************************
ပါဝင်ပစ္စည်းများ
ကျွဲကောသီး....................၄ မွှာ
ငရုတ်သီးခြောက်တောင့်.....၃ တောင့်
မြေပဲလှော်......................၁ ဇွန်း
ခရမ်းကြွပ်သီး(အစိမ်းရောင်)....၂ လုံး
ပဲတောင့်ရှည်......................၂ တောင့်
ပုစွန်ခြောက်........................၁ ဇွန်း
ကြက်သွန်ဖြူ........................၂ တက်
ပုစွန်ဆားစိမ်.......................၇ ကောင်
ငါးပိရည်ကြည်.....................၁ ဇွန်း
သံပုရာသီး..........................၁ လုံး
ငါးငံပြာရည်.........................၁ ဇွန်း
သကြား..............................၁ ဇွန်း ( လက်ဖက်ရည်ဇွန်း)
ကျွဲကောသီးတွေကို အမွှာထဲမှထုတ်ပြီး..ခပ်မွှမွှလေးဖွကာ..အအေးခံထားပါ
သစ်သားငရုတ်ဆုံ ( သို.) စဉ်.ဆုံမှာ..ပုဇွန်ခြောက်ကို အနည်းငယ်ပွရုံလေး
ထောင်းပြီး..ငရုတ်ခြောက်တောင့် ၊ ကြက်သွန်ဖြူ တွေကို လည်းမညှက်
တညှက်လေးထောင်းပါ..။
မြေပဲလှော်လည်းထည့်ပေါင်းပြီး..ငါးပိရည်ကြည်၊ ပုစွန်ဆားစိမ်၊ သကြား
တို.ဖြင့်အရသာသွင်းပါ...။
ပဲတောင့်ရှည်ကို လက်မ၀က်လောက်လေးတွေလှီးပြီးထည့်သလို ခရမ်းကြွပ်
သီးတွေကိုလည်းပါးပါးလှီးပြီးထည့်ပါ...။
သံပုရာသီးကို အရည်ရော...အခွံတွေပါထည့်ပေါင်းပေးပါ...။
နောက်ဆုံးမွှထားတဲ့ ကျွဲကောသီးလေးတွေထည့်ပြီး..သမအောင်မွှေပေးရုံ
ပါပဲ....။
မိမိနှစ်သက်ရာ..အရွက်လေးတွေဖြင့်တွဲဖက်စားသုံးနိုင်ပါသည်...။

ပာင်းချက်နည်းများ  

ငါးသေတ္တာဗူး သုပ်
















ငါးသေတ္တာဗူး သုပ်
*****************
ငါးသေတ္တာဗူး ပြား........၁ဗူး
ကြက်သွန်နီ.................၂လုံး.
ခရမ်းချဉ်သီး.................၂လုံး
ငရုတ်သီးစိမ်း.. .............၃တောင့်
စပါးလင်......................၂ပင်(အဖြူရောင်သာ)
ပူဒီနံ သို့ နံနံပင်.. .........အနည်းငယ်
သံပုရာသီး.. ...............၁လုံး
ပထမဆုံး ငါးသေတ္တာဗူး ကို (၁၅)မိနစ်ခန့်ပြုတ်ပြီးရေအေးပြန်စိမ်ကာအအေးခံထားပါ။
ထိုသို့ပြုလုပ်ခြင်းက..ဘက်တီးရီးယားပိုးကိုသေစေပြီးသင့်ကျန်းမာရေးကိုကာကွယ်ပြီးသားဖြစ်စေမှာပါ။
ထိုစဉ်အတွင်းပါဝင်သောအသီးအရွက်များကို
ပါးပါးလှီးပါ။
ပြုတ်ထားသော ငါးသေတ္တာဗူး ကိုဖောက်ပြီး
လိုအပ်ပါက..၂_၃ ပိုင်း..ပိုင်းပါ။
ပါဝင်သောအသီးအရွက်များရောထည့်ကာဆား၊ဟင်းခတ်မှုန့်၊သံပုရာရည်ညှစ်ပြီး
ခပ်ဖွဖွနယ်ပေးပါ။
နံနံပင် သို့ပူဒီနာအရွက်လေးများအလှဆင်ပြီးချက်ချင်းသုံးဆောင်ပါ။

ပာင်းချက်နည်းများ  

ပဲသီးထောင်း


















ပဲသီးထောင်း
************
ပဲတောင့်ရှည်..........................၂စည်း
မိုးမျှော်ငရုတ်ခြောက်တောင့်နီ....၅တောင့်
ကြက်သွန်ဖြူ အမွှာသေး..........၁၀တက်ခန့်
သံပုရာသီး............................၁လုံး
ခရမ်းချဉ်သီး..........................၁လုံး
ပုစွန်ခြောက်..........................၁ဇွန်း
ငါးပိရည်ကြည်.......................၁ဇွန်း
ကြံသကာအနှစ်ပျော့...............အနည်းငယ်
ခရမ်းကြွပ်သီးစိမ်း..................၂လုံး
ပထမဆုံးသစ်သားဆုံထဲမှာ..ပုစွန်ခြောက် ၊
ကြက်သွန်ဖြူ၊ ၊ငရုတ်ခြောက်တောင့်တို့ကိုမညှက်တညှက်ရောထောင်းပါ။
သံပုရာသီးကို၃စိတ်လောက်စိတ်ပြီးအရည်ရောအခွံပါညှစ်ထည့်ပါ။
ကြံသကာအနှစ်၊ငါးပိရည်အကြည်ကိုအရသာအဖြစ်ထည့်ပါ၊လိုအပ်ပါကငါးငံပြာရည်၊သကြားအနည်းငယ်ဖြည့်စွက်နိုင်ပါသည်။
ပဲတောင့်ရှည်ကိုလက်တစ်ဆန့်ခန့်လှီးထည့်ပြီး
ခရမ်းကြွပ်သီးကိုခပ်ပါးပါးလှီးထည့်ကာ..ငရုတ်ကျည်ပွေ့ဖြင့်ကြိတ်ချေပေးပါ။(အားဖြင့်ဖိထောင်းပါကအရည်တွေထွက်လာပြီးစားမကောင်းပါဘူး)
ပုစွန်ခြောက်လေးဖြူးသုံးဆောင်နိုင်ပါသည်။
မှတ်ချက်။ ပုစွန်လုံးဆားရည်စိမ်၊ပုစွန်ဆားရည်စိမ်များလည်းထည့်ပေါင်းနိုင်ပါသည်။

ပာင်းချက်နည်းများ  

ပဲကြာဇံနှင့်ကျောက်ပွင့်သုပ်



















ပဲကြာဇံနှင့်ကျောက်ပွင့်သုပ်
*************************
ဒီဟင်းပွဲရဲ့လျှို့ဝှက်ချက်ကငရုတ်သီးနှင့်နှမ်းလှော်ဆီ
ချက်ဖြစ်ပါကြောင်း
ပဲကြာဇံ............၁၀ကျပ်သား
ကျောက်ပွင့်.....၁ခု
မုန်လာဥနီ.......၂လုံး
တရုတ်နံနံ.......၂စည်း
ငရုတ်သီးဆီချက်အတွက်
***********************
ငရုတ်သီးကြမ်းမှုန့်.......၂ဇွန်း
နှမ်းလှော်....................၁ဇွန်း
ငရုတ်ခြောက်တောင့်အနည်းငယ်ကိုမီးအေးအေးနှင့်မွှေးနေအောင်လှော်ပါ။
ငရုတ်ကြမ်းမှုန့် အဖြစ်ကိုယ်တိုင်ကြိတ်ပြီးနှမ်းလှော်
နှင့်အတူရောမွှေထားပါ။
ဆီအနည်းငယ်ကိုအငွေ့ထွက်သည်အထိအပူပေးပြီး
ငရုတ်ကြမ်းမှုန့်ပေါ်သို့၁ဇွန်းချင်းလောင်းချလိုက်မွှေပေးလိုက်ပြုလုပ်ပါ။
ချိုချဉ် ဆော့စ်ရည်အတွက်
************************
သံပုရာရည်.............၅ဇွန်း
ဗီနီဂါ........................၁ဇွန်း
ကြက်သွန်ဖြူ...........၅တက်
နံနံပင်အမြစ်...........အနည်းငယ်
ငရုတ်ဆော့စ်အနှစ်..၂ဇွန်း
သကြား...................၃ဇွန်း
ပဲငံပြာရည် အကြည်.၂ဇွန်း
ဆား........................သင့်ရုံ
ကြက်သွန်ဖြူ နှင့်နံနံပင်အမြစ်ကိုညှက်နေအောင်ထောင်းပါ။
ပဲငံပြာရည် ၊သံပုရာရည်၊သကြား၊ငရုတ်ဆီအနှစ်
နှင့်ဆားတို့ကိုရောပြီးဆူပွက်သည်အထိအပူပေးပါ။
ဆူလာပြီဆိုရင်ထောင်းထားသောအရောကိုထည့်မွှေ
ပြီးပြန်ဆူလာလျှင်အအေးခံထားပါ။
ပြင်ဆင်ပုံ
ရေစိမ်ထားသောပဲကြာဇံနှင့်ကျောက်ပွင့်ဖတ်ငယ်လေးများကိုရောပြီးပြုတ်ပါ။(အချိန်ကြာသွားပါကပျော့ပြီးစားမကောင်းတာကြောင့်အချိန်မှီပြန်စစ်ဖို့အထူးဂရုပြုရပါမည်)
ရေအေးလောင်း၊အအေးခံ၊ရေစစ်ထားပါ။
မုန်လာဥနီ ကိုအမျှင်ငယ်လေးများအဖြစ်လှီးပါ။
ပြုတ်ထားသောကြာဇံအရော၊မုန်လာဥနီ၊ငရုတ်သ်ီး
နှမ်းဆီ ချက်၊ချိုချဉ်ဆော့ရည်တွေလိုအပ်သလို
ထည့်ပြီးသမသွားအောင်ခပ်ဖွဖွနယ်ပါ။
ပါးပါးလှီးထားသောတရုတ်နံနံလေးများဖြူးပြီးသုံး
ဆောင်ပါ။
ဝန်ခံချက်။ပုံတွင်တရုတ်နံနံအလွယ်တကူမရလို့
ရေခဲသေတ္တာထဲကရှောက်ရွက်ကိုအမျှင်လှီးအလှဆင်လိုက်ရပါသည်။

ပာင်းချက်နည်းများ  

ခရမ်းသီးမီးဖုတ်သုပ်



















ခရမ်းသီးမီးဖုတ်သုပ်
*******************

ခရမ်းသီးအရှည်မျိုး.........၂လုံး
ကြက်သွန်နီ....................၂လုံး
ကြက်သွန်ဖြူ..................၅တက်
ငရုတ်သီးစိမ်း.. ...............၃တောင့်
နံနံပင်.............................၃ပင်ခန့်
ကြက်သွန်မြိတ်...............၃ပင်
ခရမ်းသီးကိုရေဆေးသန့်စင်ပြီး..မီးအေးအေးမှာဇကာ
လေးခံပြီးလှည့်ကင်ပေးပါ။
ကြက်သွန်နီ တစ်လုံးနှင့်ကြက်သွန်ဖြူကိုနနွင်းလေးမနည်းငယ်နှင့်ဆီချက် ချက်ထားပါ။
ကျန်တဲ့ကြက်သွန်နီ၁လုံးနံနံပင်နှင့်ငရုတ်သီးစိမ်းတို့
ကိုပါးပါးလှီးပါ။
ကြက်သွန်မြိတ်ကိုတော့အလှဆင်ရင်ခပ်စောင်း
စောင်းလှီးပေးပါ။
မီးဖုတ်ထားတဲ့ခရမ်းသီးကိုမိမိနှစ်သက်သလိုအရွယ်တော်အတုံးငယ်လေးများတုံးပြီးကြက်သွန်နီစိမ်း၊ငရုတ်သီးစိမ်း၊နံနံပင်၊ဆီချက်နှင့်အရသာထည့်ကာ
သမသွားအောင်နယ်ပေးပါ။
ကြက်သွန်မြိတ်လေးအလှဆင်ပြီးသုံးဆောင်ပါ။

ပာင်းချက်နည်းများ  

မှိုသင်္ဃန်းသုပ်
























မှိုသင်္ဃန်းသုပ်
••••••••••••••
မှိုသဃ်န်းမှို...........၁ဗူး(နို့ဆီဗူး)
ကြက်သွန်နီ.. ........၂လုံး
ကြက်သွန်ဖြူ.. .......၃တက်
ငရုတ်သီးစိမ်း.. ......၅တောင့်
နံနံပင်..................အနည်းငယ်

မှိုကိုသန့်စင်ပြီးအမျှင်ငယ်လေးများဖြစ်အောင်ခွဲထုတ်ပါ။
ဆားအနည်းငယ်နှင့်သံပုရာသီး(၁)စိတ်ညှစ်ထားသောရေနွေးဆူဆူမှာ(၂)မိနစ်ခန့်ပြုတ်ပြီးရေအေးလောင်းရေညှစ်ထုတ်ပါ။
ပါးပါးလှီးထားသောကြက်သွန်နီ၊ဖြူ၊ငရုတ်သီးစိမ်း၊နံနံပငိတို့နှင့်အတူရောပြီးဆား၊သံပုရာသီး၊ဟင်းခတ်မှုန့်နှင့်ပဲဆီသန့်လေးဖြင့်ခပ်ဖွဖွနယ်ပေးပါ။
ကျွန်တော်တို့ဒေသရဲ့အထူးရေပန်းစားကျော်ကြားလှတဲ့ရာသီစာချဉ်ငံစပ်မှိုသဃ်န်းသုပ်လေးဖြစ်ပါတယ်။

ပာင်းချက်နည်းများ

စီချွမ်ဝက်နားရွက်သုပ်
























စီချွမ်ဝက်နားရွက်သုပ်
••••••••••••••••••••••
ဝက်နားရွက်..........၁ခု
ချင်းသေးသေး.......၁တက်
ကြက်သွန်ဖြူ.........၃တက်
သံပုရာသီး............၁လုံး
နံနံပင်.. ..............အနည်းငယ်။
စီချွမ်ငရုတ်နှစ်........၁ဇွန်း
စီချွမ်ငရုတ်နှစ်ဆိုတာ..တရုတ်ပြည်ကတင်သွင်းတဲ့ဆီတိုဟူး၊မှိုကြော်စတာတွေကိုပုလင်းနဲ့စည်သွပ်ထားတဲ့ပုံစံလေးတွေပါ။အဖုံးအနီ၊တံဆိပ်ပတ်အနီရောင်မှာမျက်မှန်နဲ့လူတစ်ဦးပုံပါတတ်တဲ့တံဆိပ်မျိုးပါ။
တခြားအရသာကောင်းမယ့်စီချွမ်ငရုတ်အနှစ်များလဲသုံးနိုင်ပါတယ်။
စီချွမ်ငရုတ်သီးအနှစ်ဟာတခြားဟင်းခတ်အမွှေးအကြိုင်တွေနှင့်အတူရောပြီးဆီသတ်ထားတာကြောင့်ထမင်းဖြူနဲ့ဒီတိုင်းနယ်စားလဲအရသာရှိလှပါ
တယ်။
ဝက်နားရွက်ကိုရေဆေးပြီးအရသာနယ်ကာ..ချင်းတစ်တက်လောက်ဓားပြားရိုက်ထည့်ပြီးပြုတ်ပါ။
အရမ်းနှုးအောင်ပြုတ်ဖို့မလိုအပ်ပဲခပ်ကြွပ်ကြွပ်လေးဖြစ်နေဖို့သတိထားပြီးပြုတ်ပါ။
ချင်းနှင့်ကြက်သွန်ဖြူကိုရောပြီးညှက်နေအောင်ထောင်းပြီးရေလေးအနည်းငယ်နှင့်ဖျော်ထားပေးပါ။
ဝက်နားရွက်နှုးတဲ့အခါပါးပါးလေးလှီးပါ။
စီချွမ်ငရုတ်အနှစ်၊သကြား၊ပဲငံပြာရည်အကြည်၊ဟင်းခတ်မှုန့်သံပုရာရည်လေးညှစ်ပြီးချင်းနှင့်ကြက်သွန်ဖြူရောထောင်းထားသောအရည်လေးဆမ်းကာခပ်ဖွဖွနယ်ပေးပါ။နှမ်းလှော်နှင့်နံနံပင်လေးအလှဆင်လိုက်ရင်လွယ်ကူရိုးရှင်းပြီးမွှေးရနံ့သင်းပျံ့တဲ့စီချွမ်ဝက်နားရွက်သုပ်လေးအဆင်သင့်ဖြစ်ပြန်ပါပြီ။

ပာင်းချက်နည်းများ

Friday 22 January 2016

ကရင်ကြက်သားသုပ်



















ရှုးရှုးရှဲရှဲကရင်ကြက်သားသုပ်
•••••••••••••••••••••••••••••


ရိုးရှင်းတယ်၊လုပ်ရလွယ်ကူတယ်၊ခံတွင်းမြိန်တဲ့
ရှုးရှုးရှဲရှဲကရင်ကြက်သားသုပ်။

ဗမာကြက်.............၁ခြမ်း
ကြက်သွန်နီ...........၂လုံး
ကြက်သွန်ဖြူ..........၃တက်
စပါးလင်...............၂ချောင်း
ချင်းသေးသေး........၁တက်
ငရုတ်သီးခြောက်တောင့်..နှစ်သက်သလို
ငါးပိ.....................အနည်းငယ်
ငရုတ်ကောင်းမှုန့်.....အနည်းငယ်
ကြက်သားကိုရေဆေးသန့်စင်ပြီးအိုးတစ်လုံးတွင်ထည့်ကာချင်းဓားပြားရိုက်ထည့်ပြီးအရသာအနည်းငယ်ဖြင့်ပြုတ်ပါ။
ဟင်းရည်ကြည်ရအောင်အမြုပ်နှင့်အညစ်အကြေးများကိုခပ်ထုပ်ပါ။

ကြက်သားနှုးလျှင်ဆယ်ယူပြီးအအေးခံထားပါ။

ပထမဆုံးငရုတ်သီးခြောက်နှင့်စပါးလျင်ကိုညှက်အောင်ထောင်းပါ။အနည်းငယ်ညှက်ပြီးမှအခြားကြက်သွန်နီ၊ဖြူနှင့်ငရုတ်ကောင်းတို့ကိုထည့်ထောင်းပါ။
အအေးခံထားသောကြက်သားကိုခပ်ကြမ်းကြမ်းနွှင်ပြီး
ထောင်းထားသောအရော၊သံပုရာရည်၊ဆား၊ဟင်းခတ်မှုန့်ဖြည့်စွက်ကာသမသွားအောင်ခပ်ဖွဖွလေးနယ်ပေးပါ။
ကြက်ပြုတ်ရည်ထဲသို့ကြက်သွန်မြိတ်၊ငရုတ်ကောင်းမှုန့်လေးခပ်ကာရှုးရှုးရှဲရှဲသုံးဆောင်ပါ။


ပာင်းချက်နည်းများ


Thursday 21 January 2016

ငါးခူမွကြော်သုပ်






















ငါးခူမွကြော်သုပ်

ထိုင်းအစားအစာထဲမှာတော့နာမည်ကြီးလူကြိုက်များတဲ့အသုပ်တခုဖြစ်ပါတယ်။ဒီအသုပ်လေးပြုလုပ်ရန်အနည်းငယ်အချိန်ပေးရမှာဖြစ်ပါတယ်။တစ်ကြိမ်ငါးများကိုစုပေါင်းကင်ပြီးအသားထွင်ကာရေခဲသေတ္တာတွင်သိမ်းဆည်းထားနိုင်ပါတယ်။
ငါးခူမွကြော်အတွက်ပြင်ဆင်နည်း
***********************
(၁)ငါးခူမွကြော်သုပ်အတွက်ဦးစွာငါးခူကိုအရိအရွဲဆေးပြီးဗိုက်ဖောက်ကာရေဆေးသန့်စင်ထားပါ။ (၂)မျက်နှာပြင်နှစ်ဘက်ကိုဓားဖြင့်မွန်းထားပါ။ (၃)ကင်မည့်ဇကာညှပ်တွင်ညှပ်ပြီးမီးအေးအေးဖြင့်ခြောက်အောင်ကင်ပါ အချိန်ကြာကြာကင်ရပါတယ်။
(၄)ကင်ပြီးလျှင်အအေးခံကာအသားများကိုထွင်ထုတ်ပြီးမွထားပါ။အရေခွံကိုကပ်ကြေးဖြင့်ညှပ်ထည့်ပါ။(၅)ထွင်ပြီးအသားများကိုတပန်းကန်စာဆီထုပ်ပြီးရေခဲသေတ္တာအခဲခန်းတွင်သိမ်းဆည်းထားပါ။
ငါးခူမွကြော်အတွက်လိုအပ်သောပစ္စည်း
***************************
ငါးခူမွပြီးသား - ၂ကောင်
ကြက်သွန်နီ - တစ်လုံး
သရက်သီးစိမ်း - အသေးတလုံး
မြေပဲဆန်ကြော် - ၂ဇွန်း
ဆလပ်ရွက် - တစ်ပင်
ဆော့အတွက်လိုအပ်သောပစ္စည်း
******************
ကြက်သွန်ဖြူ - ၂မြောင်း
ငရုပ်သီးစိမ်း - ၅တောင့်
ငံပြာရည် - တစ်ဇွန်း Tbsp
ထန်းလျက်ရည် - နှစ်ဇွန်း
သံပုရာရည် - နှစ်ဇွန်း
အချိုမှုန့် သကြား - တဇွန်း Tsp
ကြက်သွန်ဖြူ ၊ ငရုပ်သီးစိမ်းနုတ်နုတ်စင်းကာ ထန်းလျက်ရည်၊ငံပြာရည်၊သံပုရာရည်၊အချိုမှုန့်သကြားအရောတို့ကိုထည့်ပြီးဖျော်ထားပါ။ ဆော့များများနှစ်သက်ပါက ဆပွားထည့်နိုင်ပါတယ်။အရသာချိုချဉ်ငံစပ်ဖြစ်ပါတယ်။
ပြင်ဆင်ပြုလုပ်နည်း
**************
(၁)ဦးစွာကြက်သွန်နီကိုပါးပါးလှီးရေဆေးထားပါ။သရက်သီးစိမ်းကိုအချောင်းလေးများလှီးပြီးပန်းကန်တခုတွင်ထည့်ထားပါ။(၂)အိုးတခုတွင်ဆီလက်တစ်ဆစ်ခန့်ထည်ပြီးအပူပေးပါ။(၃)ဆီပူလာပါကမွထားသောငါးခူများကိုထည့်ကြော်ပါ။ဆီပြင်းရပါမယ်။အပူချိန်မလောက်ပါကငါးခူသားမာမာဖြစ်တတ်ပါတယ်။မမွေရပါ။ဆီထဲတွင်ငါးခူမွများအချပ်လိုက်ဖြစ်နေရပါမယ်။
(၄)အရောင်ရပြီးကြွပ်လာပါကဆီစစ်ဇကာတွင်ဒယ်အိုးကိုစောင်း၍သွန်ချလိုက်ပါ။(၅)ဆီစစ်ပြီဆိုပါကပွဲပြင်မည့်ပန်းကန်တွင်ဆလပ်ရွက်ခင်းပြီးငါးခူမွကြော်ကိုအပုံလိုက်လေးပုံစံမပျက်သာသာသွန်ချလိုက်ပါ။ငါးခူကိုစကြော်သည့်အချိန်မှစပြီးပန်းကန်သို့ရောက်ချိန်ထိလုံးဝမမွေရပါ။(၆)ပါဝင်ပစ္စည်းအားလုံးအဆင်သင့်ပြီဆိုပါကသုံးဆောင်မည့်အချိန်မှသာငါးခူအပေါ်မှသရက်သီးစိမ်း၊ကြက်သွန်နီလှီးထားသည်ကိုတင်ပါ။(၇)ပြီးလျှင်ရောစပ်ထားသောဆော့ကိုစမ်းပါ။နောက်ဆုံးတွင်မြေပဲဆန်ကြော်ဖြူးကာချိုချဉ်ငံစပ်ငါးခူမွကြော်သုပ်ကိုတည်ခင်းသုံးဆောင် နိုင်ပါပြီ။

Sofia Food Paradise 

မြူရွက်သုပ်























မြူရွက်သုပ် 
heart emoticon
မြူရွက်ကဆောင်းနဲ့နွေကူးလောက်မှာအေးတဲ့ဒေသဘက်မှာအထွက်များပါတယ်။သူကအလေ့ကျပေါက်တဲ့အပင်တမျိုးပါ။တချို့ဒေသမှာတွေ့ရခဲလို့တချို့မသိတာလည်းရှိပါတယ်။မြူရွက်ကိုတခြားပုံစံလုပ်စားတဲ့နည်း တော့မတွေ့ဖူးဘူး။အမြဲသုပ်စားကြတာများပါတယ်။
ပါဝင်ပစ္စည်း
******
မြူရွက် - ပြုတ်ပြီးသားလက်၃ဆုပ်
ခရမ်းချဉ်သီးချက် - ၃ဇွန်း စားပွဲတင်ဇွန်း
ကြက်သွန်ဖြူဆီချက် - ၂ဇွန်း
ကြက်သွန်နီကြော် - လက်တဆုပ်
ငရုပ်သီးဆီချက် - ၁ဇွန်း
မြေပဲထောင်း - လက်တဆုပ်
ဆား - အနည်းငယ်
ဟင်းခတ်မှုန့် - တဇွန်း
နံနံပင် - အနည်းငယ်
ပြင်ဆင်ပြုလုပ်နည်း
***********
(၁)ဦးစွာမြူရွက်ကိုသင်ပြီးရေများများဖြင့်ဆေးပြီးရေစစ်ထားပါ။အမှုန်များပါက သဲများပါနိုင်ပါတယ်။
(၂)ပြီးလျှင်ရေဆူဆူတွင်ခဏချပြုတ်ပြီးရေအေးတွင်စိမ်ပါ။
(၃)အေးသွားပါကဆယ်ယူရေညစ်ပြီးပါးပါးစိတ်၍ဇလုံတခုတွင်ထည့်ပါ။
(၄)ပါဝင်ပစ္စည်းအားလုံးထည့်ပြီးသမအောင်နှယ်ပေးပါ။အရသာမြည်းပြီးပန်းကန်တွင်တည်ခင်းသုံးဆောင်နိုင်ပါပြီ။

Sofia Food Paradise   

ပဲသီးသုပ် ♡ Long Bean Salad


















ပဲသီးသုပ် ♡ Long Bean Salad

ဟင်းအဖြစ်ဘဲစားစား၊သားရေစာအဖြစ်ဘဲစားစား၊စားလို့အရမ်းကောင်းတဲ့ပဲသီးသုပ်လေးပါ။ရှမ်းပြည်မှာတော့ညနေခင်းအသုပ်ဆိုင်တွေမှာတွဲရောင်းလေ့ရှိပါတယ်။သုပ်စားကြည့်ရအောင်နော်။
လိုအပ်သောပစ္စည်း
**********
ပဲတောင့်ရှည် - တစ်စည်း
ကြက်သွန်ဖြူဆီချက် - နှစ်ဇွန်း
ခရမ်းချဉ်သီးချက် - သုံးဇွန်း
ဆား - အနည်းငယ်
ဟင်းခပ်မှုန့် - အနည်းငယ်
ငရုပ်သီးဆီချက် - လိုသလောက်
မြေပဲထောင်း - လက်တဆုပ်
ကြက်သွန်နီကြော် - လက်တဆုပ်
နံနံပင် - အနည်းငယ်
ပြင်ဆင်ပြုလုပ်ပုံ
********
ပဲသီးပြုတ်ကိုရေဆူတွင်တစ်မိနစ်ခန့်ချပြုတ်ပြီးဆယ်ယူေ၇အေးစိမ်ထားပါ။အေးသွားလျှင်သေးသေးလေးစိပ်ထားပါ။ပြီးလျှင်ဇလုံတခုတွင်ထည့်ပြီးပါဝင်ပစ္စည်းအားလုံးထည့်ပြီးနှယ်ပါ။အရသာအပေါ့အငန်မြည်းကာသုံးဆောင်နိုင်ပါပြီ။အချဉ်စားလိုပါကခရမ်းချဉ်သီးပိုထည့်၍သော်၎င်း၊သံပုရာရည်ဖြင့်သော်၎င်းချဉ်ငန်စပ်သုပ်စားနိုင်ပါတယ် ။

Sofia Food Paradise   

Wednesday 20 January 2016

ယိုးဒယားပြဲကာဇံသုပ်























ယိုးဒယားပြဲကာဇံသုပ် 

ယိုးဒယားအစားအစာထဲကနာမည်ကြီးလူကြိုက်များတဲ့အသုပ်လေးဖြစ်ပါတယ်ဆိုင်ကြီးအတော်များများတွင်ရရှိနိုင်ပြီးအစာပြေအဖြစ်လည်းသီးသန့်စားကြသလိုဟင်းအဖြစ်လည်းစားလေ့ရှိပါတယ်ပါဝင်ပစ္စည်းအနည်းငယ်နဲ့ပြုလုပ်ရလွယ်ကူပြီးချဉ်ချဉ်စပ်စပ်အရသာစွဲမက်ဖွယ်ယိုးဒယားပဲကြာဇံသုပ်နည်းလေးကိုမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
******
ပဲကြာဇံ - လက်တဆုပ် (တပွဲစာ)
ကြက်သား - ၅၀ ဂရမ် (စင်းထား)
ကြက်သွန်နီ - တစ်လုံး
ခရမ်းချဉ်သီး- တစ်လုံး
ကြက်သွန်မိတ် - နှစ်ပင်
တရုပ်နံနံ - နှစ်ပင်
ငရုပ်သီးစိမ်း - ၅တောင့်
ကြက်သွန်ဖြူ - တစ်မြောင်း ကြီးကြီး
ယိုးဒယားငံပြာရည် - တစ်ဇွန်း စားပွဲတင်ဇွန်း
သံပုရာရည် - တစ်ဇွန်း စားပွဲတင်ဇွန်း
အချိုမှုန့်သကြားအရော - လ္ဘက်ဇွန်း တစ်ဇွန်း
(သို့)ဟင်းခပ်မှုန့်သကြား
ပြင်ဆင်ပြုလုပ်နည်း
**********
(၁)ဦးစွာပဲကြာဇံ အခြောက်ကိုရေစိမ်ထားပါ။ (၂)ပါဝင်ပစ္စည်းများမှကြက်သားကိုစင်းထားပါ။ကြက်သွန်နီပါးပါးလှီး၊ကြက်သွန်မိတ်၊တရုပ်နံနံကိုလက်တစ်ဆစ်ခန့်ဖြတ်ထားပါ။ငရုပ်သီးကြက်သွန်ဖြူနုတ်နုတ်စိပ်ထားပါ။ခရမ်းချဉ်သီးအမြောင်းလှီးဖြတ်ထားပါ။ပါဝင်ပစ္စည်းအားလုံးကြက်သားမှအပပန်းကန်တခုတွင်ထည့်ထားပါ။
(၃)လက်ကိုင်အိုးတခုဖြင့်ရေဆူတည်ပါ။ရေဆူပါကကြာဇံနှင့်ကြက်သားကိုထည့်ပြုတ်ပါ။
(၄)ကြာဇံပျော့ပါကအိုးကိုစောင်းပြီးရေများကိုသွန်လိုက်ပါ။
(၅)ပြီးလျှင်ပြင်ဆင်လှီးဖြတ်ထားသည်တို့ကိုထည့်ပြီးငံပြာရည်၊အချိုမှုန့်သကြား၊သံပရာရည်တို့ကိုထည့်ပြီးသမအောင်မွေပါ။အရသာချိုချဉ်ငံစပ်ရပါကပန်းကန်တွင်ပူပူနွေးနွေးတည်ခင်းသုံးဆောင်နိုင်ပါပြီ။အရောင်အနည်းငယ်လိုချင်ပါက ချီလီဆော့ထည့်နိုင်ပါသည်။
မှတ်ချက် ။ အသုပ်များသုပ်လျှင်သံပုရာရည်ကိုနောက်ဆုံးမှထည့်ရန်။

Sofia Food Paradise 

Tuesday 19 January 2016

ယိုးဒယားကျောက်ပွင့်သုပ်















ယိုးဒယားကျောက်ပွင့်သုပ် ♡


ကျောက်ပွင့်ကိုပုံစံမျိုးစုံလုပ်စားကြတဲ့ထဲကယိုးဒယားပုံစံသုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။အစာပြေအဖြစ်စားနိုင်သလိုဟင်းတခွက်အနေနဲ့လည်းတည်ခင်းနိုင်ပါတယ်။

ပါဝင်ပစ္စည်း
******
ကျောက်ပွင့် - တစ်ပွင့်
ကြက်သွန်နီ - တစ်လုံး
ခရမ်းချဉ်သီး- တစ်လုံး
ကြက်သွန်မိတ် - နှစ်ပင်
တရုပ်နံနံ - နှစ်ပင်
ငရုပ်သီးစိမ်း - ၅တောင့်
ကြက်သွန်ဖြူ - တစ်မြောင်း ကြီးကြီး
ယိုးဒယားငံပြာရည် - 1Tbsp
သံပုရာရည် - 1Tbsp
အချိုမှုန့်သကြားအရော - 1tsp
(သို့)ဟင်းခပ်မှုန့်သကြား
နှစ်သက်ရာပင်လယ်စာလည်းထည့်နိုင်ပါတယ်။
ပြင်ဆင်ပြုလုပ်နည်း
**********
(၁)ဦးစွာကျောက်ပွင့်ကို ရေစိမ်ထားပါ။ (၂)ပါဝင်ပစ္စည်းများမှကြက်သွန်နီပါးပါးလှီး၊ကြက်သွန်မိတ်၊တရုပ်နံနံကိုလက်တစ်ဆစ်ခန့်ဖြတ်ထားပါ။ငရုပ်သီးကြက်သွန်ဖြူနုတ်နုတ်စိပ်ထားပါ။ခရမ်းချဉ်သီးအမြောင်းလှီးဖြတ်ထားပြီးအားလုံးကိုပန်းကန်တခုတွင်ထည့်ထားပါ။
(၃)လက်ကိုင်အိုးတခုဖြင့်ရေဆူတည်ပါ။ရေဆူပါကကျောက်ပွင့်ကို၂မိနစ်ခန့်ထည့်ပြုတ်ပါ။ပြီးလျှင်အိုးကိုစောင်းပြီးရေများကိုသွန်လိုက်ပါ။ ပင်လယ်စာထည့်လိုပါကကျောက်ပွင့်နှင့်အတူရောပြုတ်နိုင်ပါတယ် (၄)ပြင်ဆင်လှီးဖြတ်ထားသည်တို့ကိုအိုးထည်းထည့်ပြီးငံပြာရည်အချိုမှုန့်သကြားသံပရာရည်တို့ကိုထည့်ပြီးသမအောင်မွေပါ။အရသာချိုချဉ်ငံစပ်ရပါကပန်းကန်တွင်ပူပူနွေးနွေးတည်ခင်းသုံးဆောင်နိုင်ပါပြီ။အရောင်အနည်းငယ်လိုချင်ပါက ချီလီဆော့ထည့်နိုင်ပါသည်။
❀❀
အသုပ်များသုပ်လျှင်သံပုရာရည်ကိုနောက်ဆုံးမှထည့်ရန်။



Sofia Food Paradise