မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday 23 January 2016

ဂျယ်လီပဲကြာဇံနှင့်ပင်လယ်စာချဉ်စပ်သုပ် ( Jelly Bean Vermecilli Salad with Sea foods)


















ဂျယ်လီပဲကြာဇံနှင့်ပင်လယ်စာချဉ်စပ်သုပ် ( Jelly Bean Vermecilli Salad with Sea foods)
*********************************************
ဒီဟင်းပွဲကတော့ကမ္ဘာကျော်ထိုင်းဟင်းပွဲတစ်ခုဖြစ်ပြီးထိုင်းစားသောက်ဆိုင်တွေရဲ့ မပါမဖြစ်မီနူးတစ်မျိုးလည်းဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ..
*****************
ဂျယ်လီပဲကြာဇံ...................( ၂၀၀) ဂရမ်
ကြွက်နားရွက်မှို.........အနည်းငယ်
(နာရီဝက်ရေအေးစိမ်ထားရန်)
ပုစွန်.......................(၂၀၀) ဂရမ်
ပြည်ကြီးငါး...............(၂၀၀) ဂရမ်
ငါးအသားလွှာ...............(၂၀၀) ဂရမ်
( ရေနွေးဆူဆူတွင် သံပုရာသီးတစ်စိတ်၊ ချင်းအနည်းငယ်ရိုက်ပြား
ထည့်ပြီး..ရေနွေးဖျော..အအေးခံထားရန်)
ချိုချဉ်စပ်ရည်အတွက်
***************
ကြက်သွန်ဖြူ...............(၅) တက်
ငရုတ်သီးစိမ်းတောင်.နီ...(၅) တောင့်
နံနံပင်အမြှစ်.................အနည်းငယ်
(အထက်ပါ (၃) မျိုးကိုရောပြီးခပ်ကြမ်းကြမ်းစဉ်းထားရန်)
သကြား.......................၁/၄ လက်ဖက်ရည်ပန်းကန်လုံး..
သံပုရာရည်...................၁ /၂ ။ ။ ။ ။
ငါးငံပြာရည်...................၁/ ၃ ။ ။ ။ ။
အိုးတစ်လုံးတွင်...သံပုရာရည်၊ သကြား၊ ငါးငံပြာရည်ကိုဆူပွက်အောင်တည်ပြီး
ခပ်ကြမ်းကြမ်းစဉ်းထားသော
ကြက်သွန်ဖြူ၊ ငရုတ်သီး၊ နံနံပင်အမြှစ်တို.ကိုထည့်ပြီး ရေတစ်ဝက်ခမ်းအောင်
ကျိုပြီးအအေးခံထားပါ။
ကြက်သွန်နီ..............(၂) လုံး.(ပါးပါးလှီး..ရေဆေးရန်)
ခရမ်းချဉ်သီး.............(၂) လုံး..( အစေ့ထုတ်..ပါးပါးလှီးရန်)
တရုတ်နံနံ................ အနည်းငယ်
သီဟိုဠ်စေ့ကြော်..........အနည်းငယ် (အလှဆင်ရန်)
ပြင်ဆင်ချက်ပြုတ်ပုံ...
**************
ရေအေးစိမ်ထားသော...ပဲကြာဇံနှင့်..ကြွက်နားရွက်မှိုတို.ကို.ရေနွေးဆူဆူမှာထည့်ပြုတ်ပြီး..ရေအေးလောင်း..စစ်ထားပါ..။
ရေစစ်နေသောပဲကြာဇံအရောတို.ကို...ရေနွေးဖျောထားသောပင်လယ်စာအ
ရော.တို.ကိုကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ တရုတ်နံနံတို.ရောထည့်ပြီး..အသင့်ကျိုထားသောချိုချဉ်စပ်ရည်ဖြင့်ဖြည်း
ညင်းစွာသမအောင်မွှေပေးပါ..။မိမိလိုအပ်သောအရာသာကို..
အတိုးအလျှော့ပြုပြင်ပါ...။
ဆလတ်ရွက်ခင်းထားသောပန်းကန်ပြားတွင်...ထည့်ပြီး...သီပာိုဠ်စေ့ကြော်လုံးခြမ်းကွဲလေးရိုက်ပြားပြီးအလှဆင်ပေးလိုက်ရင်...ပဲကြာဇံနှင့်ပင်လယ်စာ
ချိုချဉ်စပ်သုပ်က..အရံသင့်ဖြစ်ပါပြီ......။

ပာင်းချက်နည်းများ  

No comments:

Post a Comment