မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday 9 May 2016

ငါးစင်းကော ချဉ်စပ်သုပ်


















ငါးစင်းကော ချဉ်စပ်သုပ်

**... ငါးစင်းကော ချဉ်စပ်သုပ် အတွက် လိုအပ်တာလေးတွေ…
1. ငါး၏အရိုးမပါသော အပိုင်း – 200 g (၁၃ ကျပ်သား) (ငါးသလောက်၊
ငါးခူ နှင့် ငါးရံ့ ကိုသုံးနိုင်လျှင် မာဆတ်ဆတ်လေးဖြစ်ပြီး
ပိုစားကောင်းပါတယ်။)
2. သံပုရာရည် – ထမင်းစားဇွန်း ၅ ဇွန်း
(ငါးအသားအားလုံး မြှုပ်နေဖို.လိုပါတယ်။)
3. microwave ထဲ စက္ကန့်(၂၀) ခန့်ထည့်ထားသော (သို့) ဖုတ်ထားသော
စိမ်းစားငပိ – ထမင်းစားဇွန်း ၁ ဇွန်း မောက်မောက်
4. ငရုတ်သီးစိမ်း – ၁၀ တောင့် (သို့) စားနိုင်သလောက်
5. ကြက်သွန်ဖြူ အတက်ကြီး – ၄ တက်
6. သကြား – လက်ဖက်ရည်ဇွန်း ၃ ပုံ ၁ ပုံ
7. အရသာမှုန့် (chicken powder) – လက်ဖက်ရည်ဇွန်း ၃ ပုံ ၁ ပုံ
8. ပါးပါးလှီးကာ ရေဆေးထားသော ဂေါက်သီးအရွယ် ကြက်သွန်နီ – ၁ လုံး
9. ရေဆေးကာ ပါးပါးလှီးထားသော ရှောက်ရွက် – အရွက် ၂၀ ခန့်
ငါး၏အရိုးမပါသော အပိုင်းကို အောက်ပါပုံအတိုင်း အတော်လေးပါးပြီး၊ အရေခွံမပါအောင် လှီးပေးပါ။
ပြီးလျှင် အသားများအားလုံး မြှုပ်အောင် သံပုရာရည်ညစ်ကာ အနည်းငယ်ခပ်ဖွဖွနယ်၍ အသားများကျက်သွားအောင် ၁ နာရီခွဲခန့် စိမ်ထားပါ။
ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း နှင့် ဖုတ်ထားသော ငပိကို ရောထောင်းထားပါ။
အသားများ ကျက်သွားလျှင် (ဖြူလာလျှင်)ကျန်ပါဝင်ပစ္စည်းများ အားလုံးထည့် ကာ ခပ်ဖွဖွနယ်ပြီးသုပ်ပေးပါ။
(မသုပ်ခင် ငါးကိုစိမ်ထားသည့် သံပုရာရည် (ထမင်းစားဇွန်း ၁ ဇွန်း)ခန်. ကို ခပ်ထုတ်ထားပြီး လိုအပ်မှ ပြန်ထည့်သုပ်ပေးပါ။)
ဝက်သားပုန်းရည်ကြီး၊ ပြောင်းဖူးအဆိမ့်ကြော်တို့နှင့် တွဲဖက်ကာ ထားဝယ်ငါးစင်းကော ချဉ်စပ်သုပ်လေးကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

Chaw Su's Food Friends & သုပ်စားကြမယ် 


No comments:

Post a Comment