မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday 21 January 2016

ပဲသီးသုပ် ♡ Long Bean Salad


















ပဲသီးသုပ် ♡ Long Bean Salad

ဟင်းအဖြစ်ဘဲစားစား၊သားရေစာအဖြစ်ဘဲစားစား၊စားလို့အရမ်းကောင်းတဲ့ပဲသီးသုပ်လေးပါ။ရှမ်းပြည်မှာတော့ညနေခင်းအသုပ်ဆိုင်တွေမှာတွဲရောင်းလေ့ရှိပါတယ်။သုပ်စားကြည့်ရအောင်နော်။
လိုအပ်သောပစ္စည်း
**********
ပဲတောင့်ရှည် - တစ်စည်း
ကြက်သွန်ဖြူဆီချက် - နှစ်ဇွန်း
ခရမ်းချဉ်သီးချက် - သုံးဇွန်း
ဆား - အနည်းငယ်
ဟင်းခပ်မှုန့် - အနည်းငယ်
ငရုပ်သီးဆီချက် - လိုသလောက်
မြေပဲထောင်း - လက်တဆုပ်
ကြက်သွန်နီကြော် - လက်တဆုပ်
နံနံပင် - အနည်းငယ်
ပြင်ဆင်ပြုလုပ်ပုံ
********
ပဲသီးပြုတ်ကိုရေဆူတွင်တစ်မိနစ်ခန့်ချပြုတ်ပြီးဆယ်ယူေ၇အေးစိမ်ထားပါ။အေးသွားလျှင်သေးသေးလေးစိပ်ထားပါ။ပြီးလျှင်ဇလုံတခုတွင်ထည့်ပြီးပါဝင်ပစ္စည်းအားလုံးထည့်ပြီးနှယ်ပါ။အရသာအပေါ့အငန်မြည်းကာသုံးဆောင်နိုင်ပါပြီ။အချဉ်စားလိုပါကခရမ်းချဉ်သီးပိုထည့်၍သော်၎င်း၊သံပုရာရည်ဖြင့်သော်၎င်းချဉ်ငန်စပ်သုပ်စားနိုင်ပါတယ် ။

Sofia Food Paradise   

No comments:

Post a Comment