မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday 23 January 2016

မြင်းခွာရွက်နှင့်ငါးကလေးလှော်သုပ်
























နေ့အပူချိန်အနည်းငယ်ပြင်းလာပြီဆိုတော့..
ထမင်းကြမ်းလေးနဲ့အသုပ်လေးတွေကပိုပြီး
ခံတွင်းတွေ့နိုင်ပါတယ်....
မြင်းခွာရွက်ကိုပုံစံတစ်မျိုးလေးပြောင်းသုပ်ကြည့်ကြရအောင်...

မြင်းခွာရွက်နှင့်ငါးကလေးလှော်သုပ်
*******************************

မြင်းခွာရွက်.............၂စည်း
ငါးနီတူ...................လက်တစ်ဆုပ်ခန့်
့ကြက်သွန်နီ............၁လုံး
ဥနီ.........................တစ်စိတ်
သခွားသီး................တစ်စိတ်
ကြက်သွန်ဖြူ............၃တက်
ငရုတ်ကြမ်းအစိမ်းမှုန့်..၁/၂ဇွန်း
သံပုရာသီး................၁လုံး
ငါးငံပြာရည်...............၂ဇွန်း
ဟင်းခတ်မှုန့်.. ...........အနည်းငယ်
ပထမဆုံးငါးနီတူကိုကြွပ်အောင်လှော်ပြီးအအေးခံထားပါ
မြင်းခွာရွက်ကို၁လက်မခန့်အရှည်လှီးပါ။
သခွားသီး ၊ကြက်သွန်နီ၊ဥနီတို့ကိုတော့ခပ်ကြမ်း
ကြမ်းလှီးဖြတ်ပါ။
ကြက်သွန်ဖြူ ကိုတော့နုပ်နုပ်စဉ်းပြီး..ငရုတ်ကြမ်း
မှုန့်၊သံပုရာရည်၊ငံပြာရည်၊ဟင်းခတ်မှုန့်တို့နှင့်
အရသာအရည်အဖြစ်ရောနယ်ပါ။
ပါဝင်ပစ္စည်းများ အားလုံးရောပြီးခပ်ဖွဖွနယ်ပါ။
အရသာတစ်မျိုးထူးတဲ့မြင်းခွာရွက်နှင့်ငါးနီတူလှော်သုပ်လေးကိုသုံးဆောင်ကြည့်ပါ။

ပာင်းချက်နည်းများ  

No comments:

Post a Comment