မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday 20 January 2016

ယိုးဒယားပြဲကာဇံသုပ်























ယိုးဒယားပြဲကာဇံသုပ် 

ယိုးဒယားအစားအစာထဲကနာမည်ကြီးလူကြိုက်များတဲ့အသုပ်လေးဖြစ်ပါတယ်ဆိုင်ကြီးအတော်များများတွင်ရရှိနိုင်ပြီးအစာပြေအဖြစ်လည်းသီးသန့်စားကြသလိုဟင်းအဖြစ်လည်းစားလေ့ရှိပါတယ်ပါဝင်ပစ္စည်းအနည်းငယ်နဲ့ပြုလုပ်ရလွယ်ကူပြီးချဉ်ချဉ်စပ်စပ်အရသာစွဲမက်ဖွယ်ယိုးဒယားပဲကြာဇံသုပ်နည်းလေးကိုမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
******
ပဲကြာဇံ - လက်တဆုပ် (တပွဲစာ)
ကြက်သား - ၅၀ ဂရမ် (စင်းထား)
ကြက်သွန်နီ - တစ်လုံး
ခရမ်းချဉ်သီး- တစ်လုံး
ကြက်သွန်မိတ် - နှစ်ပင်
တရုပ်နံနံ - နှစ်ပင်
ငရုပ်သီးစိမ်း - ၅တောင့်
ကြက်သွန်ဖြူ - တစ်မြောင်း ကြီးကြီး
ယိုးဒယားငံပြာရည် - တစ်ဇွန်း စားပွဲတင်ဇွန်း
သံပုရာရည် - တစ်ဇွန်း စားပွဲတင်ဇွန်း
အချိုမှုန့်သကြားအရော - လ္ဘက်ဇွန်း တစ်ဇွန်း
(သို့)ဟင်းခပ်မှုန့်သကြား
ပြင်ဆင်ပြုလုပ်နည်း
**********
(၁)ဦးစွာပဲကြာဇံ အခြောက်ကိုရေစိမ်ထားပါ။ (၂)ပါဝင်ပစ္စည်းများမှကြက်သားကိုစင်းထားပါ။ကြက်သွန်နီပါးပါးလှီး၊ကြက်သွန်မိတ်၊တရုပ်နံနံကိုလက်တစ်ဆစ်ခန့်ဖြတ်ထားပါ။ငရုပ်သီးကြက်သွန်ဖြူနုတ်နုတ်စိပ်ထားပါ။ခရမ်းချဉ်သီးအမြောင်းလှီးဖြတ်ထားပါ။ပါဝင်ပစ္စည်းအားလုံးကြက်သားမှအပပန်းကန်တခုတွင်ထည့်ထားပါ။
(၃)လက်ကိုင်အိုးတခုဖြင့်ရေဆူတည်ပါ။ရေဆူပါကကြာဇံနှင့်ကြက်သားကိုထည့်ပြုတ်ပါ။
(၄)ကြာဇံပျော့ပါကအိုးကိုစောင်းပြီးရေများကိုသွန်လိုက်ပါ။
(၅)ပြီးလျှင်ပြင်ဆင်လှီးဖြတ်ထားသည်တို့ကိုထည့်ပြီးငံပြာရည်၊အချိုမှုန့်သကြား၊သံပရာရည်တို့ကိုထည့်ပြီးသမအောင်မွေပါ။အရသာချိုချဉ်ငံစပ်ရပါကပန်းကန်တွင်ပူပူနွေးနွေးတည်ခင်းသုံးဆောင်နိုင်ပါပြီ။အရောင်အနည်းငယ်လိုချင်ပါက ချီလီဆော့ထည့်နိုင်ပါသည်။
မှတ်ချက် ။ အသုပ်များသုပ်လျှင်သံပုရာရည်ကိုနောက်ဆုံးမှထည့်ရန်။

Sofia Food Paradise 

No comments:

Post a Comment