မော်လမြိုင်ကျောက်ပွင့် နှင့် ပုဇွန် နှမ်းဆီသုပ်
ကျောက်ပွင့်ရဲ့ အတော်လေးပြင်းတဲ့ အနံ.လေးဟာ ရှောက်ရွက်၊ နှမ်းဆီတို့နဲ့ တွေ့တဲ့အချိန်မှာ အရမ်းစားချင်စဖွယ်အနံ့လေးပြောင်းသွားတာ မို့ ရှောက်ရွက် နဲ. နှမ်းဆီကို မဖြစ်မနေ ထည့်ပေးစေချင်ပါတယ်။
***... မော်လမြိုင်ကျောက်ပွင့် နှင့် ပုဇွန် နှမ်းဆီသုပ် အတွက် လိုအပ်တာလေးတွေ….
1. မော်လမြိုင်ကျောက်ပွင့်ခြောက် – ထမင်းစားဇွန်း ၄ ဇွန်းခန်.
2. လက်ညှိုးအရွယ် ပုဇွန် – ၁၃ ကောင်
3. အစေ့ထုတ်ကာ ပါးပါးလှီးထားသော ခရမ်းချဉ်သီးအလုံးကြီး – တစ်ခြမ်း
4. ပါးပါးလှီးကာ ရေဆေးထားသော ကြက်သွန်နီ – 1/2 cup (125 ml)
5. ပုံပါအတိုင်း လှီးထားသော မုန်လာဥနီ – 1/2 cup (125 ml)
6. ပါးပါးလှီးထားသော ရှောက်ရွက် – ထမင်းစားဇွန်း ၂ ဇွန်းခန်.
7. ပါးပါးလှီးထားသော ငရုတ်သီးစိမ်း – ထမင်းစားဇွန်း ၁ ဇွန်းခွဲ
8. အရသာမှုန်. – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
9. ငါးငံပြာရည် – ထမင်းစားဇွန်း ၂ ဇွန်း
10. သံပုရာရည် – ထမင်းစားဇွန်း ၃ ဇွန်း
11. နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
2. လက်ညှိုးအရွယ် ပုဇွန် – ၁၃ ကောင်
3. အစေ့ထုတ်ကာ ပါးပါးလှီးထားသော ခရမ်းချဉ်သီးအလုံးကြီး – တစ်ခြမ်း
4. ပါးပါးလှီးကာ ရေဆေးထားသော ကြက်သွန်နီ – 1/2 cup (125 ml)
5. ပုံပါအတိုင်း လှီးထားသော မုန်လာဥနီ – 1/2 cup (125 ml)
6. ပါးပါးလှီးထားသော ရှောက်ရွက် – ထမင်းစားဇွန်း ၂ ဇွန်းခန်.
7. ပါးပါးလှီးထားသော ငရုတ်သီးစိမ်း – ထမင်းစားဇွန်း ၁ ဇွန်းခွဲ
8. အရသာမှုန်. – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
9. ငါးငံပြာရည် – ထမင်းစားဇွန်း ၂ ဇွန်း
10. သံပုရာရည် – ထမင်းစားဇွန်း ၃ ဇွန်း
11. နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
အမှိုက် နှင့် သဲများမပါစေရန် ကျောက်ပွင့်များကို ၃ ခါ ရေဆေးပြီး ၂ နာရီခန့် ရေစိမ်ထားပါ။ (ရေစိမ်ပြီးနောက် နောက်ထပ် ၃ ခါခန့် ရေပြန်ဆေးကာ၊ ရေကို ပြောင်စစ်အောင် ညစ်ထားပါ။)
ပုဇွန်များကျက်သွားအောင် ပန်းကန်တစ်ချပ်ထဲဖြန့်ကာ အဖုံး ဖုံးပြီး microwave ထဲ ၃ မိနစ်ခန့် ထည့်ပါ။ (တစ်မိနစ်ခွဲခန့်ကြာလျှင် နောက်တစ်ဖက်လှန်ပေးပါ။)
microwave မသုံးလျှင် ဒယ်အိုးထဲ ထည့်ကာ အိုးပူတိုက်ပြီး ကျက်အောင်လုပ်ပေးပါ။ (အရသာပေါ့သွားတတ်၍ ရေထဲထည့်မပြုတ်ပါနှင့်။)
ပုဇွန်များကျက်လျှင် နှစ်ခြမ်းကွဲအောင် လှီးထားပါ။
ပါဝင်ပစ္စည်းများအားလုံးကို ဇလုံတစ်လုံးထဲထည့်ကာ ဖွဖွလေးရောနယ် သုပ်ပြီးနောက် မွှေးပျံ့ကာ စားကောင်းလှသောချဉ်ချဉ်စပ်စပ် ကျိုးကျိုးကြွပ်ကြွပ် မော်လမြိုင်ကျောက်ပွင့် နှင့် ပုဇွန် နှမ်းဆီသုပ်လေး သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။
No comments:
Post a Comment