မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ
Showing posts with label ကွန်ပြူတာဆော့ဝဲနှင့် နည်းပညာများ. Show all posts
Showing posts with label ကွန်ပြူတာဆော့ဝဲနှင့် နည်းပညာများ. Show all posts

Friday 10 November 2017

ကွန်ပြူတာမှာ Hard Disk နေရာလွတ်အများကြီးရလာအောင် လုပ်နည်း



အခုခေတ်မှာ ဟာ့ဒ်ဒစ်တွေက ဖိုင်ဆိုက်တွေ ပိုများလာတယ်ဆိုပေမယ့်၊ ကွန်ပြူတာသုံးသူတိုင်း အမြဲကြုံတွေ့ရတဲ့ပြဿနာက Hard Disk နေရာလွတ်သိပ်မရှိတော့တဲ့ ပြဿနာပါ။ HDD တွေထက်စာရင် ဖိုင်ဆံ့တာပိုနည်းတဲ့ SDD သုံးတဲ့လူတွေဆိုရင် ပိုသိသာပါတယ်။

တကယ်လို့၊ ကွန်ပြူတာမှာ အရေးတကြီးဖိုင်တွေ၊ ဗီဒီယိုတွေ၊ ပရိုဂရမ်တွေ သိမ်းချင်ပေမယ့်၊ Hard disk သိပ်မလွတ်တော့တဲ့အတွက် ဒုက္ခရောက်နေသူတွေအတွက် ကွန်ပြူတာထဲက မလိုအပ်တဲ့ အပိုဖိုင်တွေကို ဖျက်ပြီး နေရာလွတ်များများရအောင် လုပ်နည်းကို မသိသေးသူတွေအတွက် ဝေမျှပေးလိုက်ပါတယ်။

နည်း (၁) – Disk Cleanup လုပ်ပေးပါ။
Windows တွေမှာ မလိုအပ်တဲ့ဒေတာတွေ၊ ခဏသိမ်းထားတဲ့ temporary file တွေကို ဖျက်ဖို့အတွက် tool တစ်ခု အစကတည်းက ပါလာပါတယ်။ ဒီ tool ကို သုံးမယ်ဆိုရင်၊ My Computer ထဲဝင်၊ ကိုယ် clean လုပ်ချင်တဲ့ drive ကို ရွေးပြီး၊ right-click နှိပ်၊ Properties ထဲ ၀င်လိုက်ပါ။
Box တစ်ခုကျလာပြီး၊ Disk Cleanup ဆိုတာကို ကလစ်လိုက်ရင် Windows က ဖျက်လို့ရမယ့်ဖိုင်တွေကို အလိုလိုတွက်ပေးပါလိမ့်မယ်။ ကိုယ်ဖျက်ချင်တဲ့ဖိုင်တွေကို အမှန်ခြစ်လိုက်ခြစ်ပေးပါ။ Temporaray ဖိုင်တွေ၊ log ဖိုင်တွေ၊ recycle bin ထဲကဖိုင်တွေနဲ့ တခြားအရေးမကြီးဖိုင်တွေကို ဖျက်ပစ်နိုင်ပါတယ်။
ဒီစာရင်းထဲမှာမပေါ်တဲ့ စစ်စတမ်ဖိုင်တွေကိုလည်း အောက်နားက Cleanup System files ဆိုတဲ့ ခလုတ်ကို နှိပ်ပြီး ဖျက်ပစ်နိုင်ပါတယ်။
ဒီနည်းနဲ့ဖိုင်တွေဖျက်ပြီးသွားရင်၊ နောက်ထပ် ‘More Options’ ဆိုတာထဲ ၀င်ပြီး၊ ‘System Restore and Shadow Copies’ ဆိုတဲ့ ခေါင်းစဉ်အောက်က၊ ‘Clean up’ ကို နှိပ်ပြီး၊ ကွန်ပြူတာစစ်စတမ်ကနေ restore သိမ်းထားတဲ့ဖိုင်တွေ ထပ်ဖျက်နိုင်ပါသေးတယ်။ တစ်ခုသတိပြုရမှာက- ဒါကိုဖျက်လိုက်ရင် ကွန်ပြူတာရဲ့ restore လုပ်ထားတဲ့အဆင့်တွေကိုလည်း ဖျက်သွားမှာဖြစ်တာကြောင့်၊ ကွန်ပြူတာ error တစ်ခုခု ကြုံရင်၊ ပုံမှန်လို ရက်တော်တော်ကြာကြာတစ်ချိန်က ကွန်ပြူတာစစ်စတမ်ဆီ ပြန်သွားလို့ရမှာမဟုတ်တော့ပါဘူး။
C ကို ဖျက်ပြီးရင်၊ အထက်ပါ Cleanup နည်းတွေအတိုင်း D ကိုလည်း ဖျက်ပေးပါ။
နည်းလမ်း(၂)- နေရာအများကြီးယူထားတဲ့ပရိုဂရမ်တွေကိုဖျက်ပစ်ပါ။
မလိုအပ်တဲ့ပရိုဂရမ်တွေကို uninstall လုပ်ပစ်ခြင်းကလည်း Hard Disk မှာ နေရာလွတ်တော်တော် ထွက်လာမယ့်နည်းပါ။
ဒီနည်းကတော့ Control Panel ထဲ အရင်ဝင်ပြီး၊ Programs and Features ကို နှိပ်လိုက်ပါ။ ညာဘက်ဘေးနားက Size ဆိုတာကိုနှိပ်ပြီး၊ ဖိုင်ဆိုက်အများဆုံးပရိုဂရမ်ကနေ အနည်းဆုံးအထိ အထက်အောက်ပေါ်အောင် ပြောင်းကြည့်နိုင်ပါတယ်။ (တစ်ချို့ပရိုဂရမ်တွေက သူတို့အမှန်တကယ်ယူထားတဲ့ space ကို တိတိကျကျမဖော်ပြတတ်ပါဘူး။ တခါတလေ ပြထားတာထက် ဖိုင်ဆိုက်ပိုယူထားတတ်ပါတယ်)။ ပေါ်လာတဲ့ ပရိုဂရမ်တွေထဲက၊ ကိုယ်သိပ်မသုံးဖြစ်တာတွေ၊ မလိုအပ်တဲ့ပရိုဂရမ်တွေကို uninstall လုပ်ပေးပါ။
နည်း(၃) ဖိုင်ရှင်းလင်းရေးလုပ်ပေးတဲ့ဆော့ဖ်ဝဲသုံးပါ။
Windows ကပါတဲ့ Disk Cleanup tool က တော်တော်အသုံးဝင်တယ်ဆိုပေမယ့်၊ တခြားပရိုဂရမ်တွေ (ဥပမာ – Firefox တို့ Chrome) တို့ကသုံးထားတဲ့ caches ဖိုင်တွေ၊ ယာယီဖိုင်တွေကို မဖျက်ပေးပါဘူး။ ဒီလိုဖိုင်တွေ ဖျက်ချင်ရင်တော့၊ အကောင်းဆုံးနဲ့ လူသုံးအများဆုံးဆော့ဖ်ဝဲက CCleaner ဖြစ်ပါတယ်။ ဒီကနေ ဒေါင်းလုဒ်ဆွဲနိုင်ပါတယ်။
CCleaner ဟာ တခြား third-part ပရိုဂရမ်တွေက မလိုတဲ့ဖိုင်တွေကို ဖျက်ပေးနိုင်သလို၊ Disk Cleanup က မဖျက်ပေးတဲ့ Windows ဖိုင်တွေကိုလည်း ဖျက်ပေးနိုင်ပါတယ်။
နည်း(၄) – System Restore အတွက်သုံးတဲ့ ဖိုင်ဆိုက်ပမာဏကို လျှော့ပေးပါ။
System Restore က ကွန်ပြူတာကို အရင်စစ်စတမ်အခြေအနေဆီ ပြန်သွားဖို့လိုအပ်တဲ့ restore point တွေအတွက် ဖိုင်ဆိုက်ပမာဏအများကြီးယူထားတယ်ဆိုရင်၊ ဒီပမာဏကို လျှော့ပေးပါ။ ကိုယ်က ဟိုကလိ၊ ဒီကလိလည်းမသုံးဘူးဆိုရင် System Restore က သိပ်မလိုဘူးလို့ပြောလို့ရပါတယ်။ ဒါကြောင့်၊ Control Panel ထဲက System ထဲဝင်၊ System protection ကိုရွေး ( Computer မှာ right-click ထောက်ပြီး၊ Properties ထဲဝင်လည်းရပါတယ်)
System Protection ထဲ ရောက်သွားပြီဆိုရင်၊ Configure ကိုရွေးလိုက်ပါ။ ဒါဆိုစခရင်တစ်ခုပေါ်လာမှာဖြစ်ပြီး၊ ဒီမှာ System Protection ကို လုံးဝပိတ်ပစ်နိုင်လို၊ အရင်မှတ်ထားတဲ့ restore points တွေလည်း အကုန်ဖျက်ပစ်နိုင်ပါတယ်။ System Restore မပိတ်ချင်ဘူးဆိုရင်တော့ အောက်ကဘားလေးမှာ ဖိုင်ဆိုက် နည်းနည်းဆွဲပြီး လျှော့ချလိုက်ပါ။ ပြီးရင် Apply လုပ်ပြီး၊ OK နှိပ်လိုက်ရင် ပြီးပါပြီ။

Ref: How to Geek

အိုင်တီလမ်းညွှန်

Desktop Computer တစ်လုံးဝယ်တော့မယ်ဆိုရင်


Laptop ကို အသုံး ပြုသူ အများ စုရဲ့ ရည်ရွယ် ချက်ဟာ အလုပ် လုပ်ဖို့နဲ့ ဂိမ်းကစား ဖို့အတွက် ဘယ်နေရာ ကိုမဆို သယ်သွားလို့ ရနိုင်အောင် ဖြစ်ပါတယ်။ ဒါပေမဲ့ စွမ်းဆောင်မှု ကောင်းတဲ့ Laptop တွေဟာ ဈေးကြီး တတ်သလို နောက်ဆုံးပေါ် ဂိမ်းတွေ၊ ဒါမှ မဟုတ် ဗွီဒီယို တည်းဖြတ် မှုနဲ့ Graphics ပိုင်း တွေမှာ မနိုင်တာ မျိုးတွေ ဖြစ်တတ် ပါတယ်။ ဒါကြောင့် Desktop PC ကို ပြောင်းသုံး ချင်လာ တတ်ကြ ပါတယ်။
ယနေ့ ခေတ်မှာ Desktop တွေဟာ စွမ်းဆောင်မှု အပြည့် အ၀ ပေးနိုင်တဲ့ အပြင် စတိုင် ကျပြီး နေရာလည်း သိပ်မယူ တော့ပါဘူး။ အခုမှ စပြီး ကွန်ပျူတာကို သုံးမယ့် သူတွေဟာ Desktop တစ်လုံး ၀ယ်ဖို့ အတွက် အနည်းဆုံး ဒီအချက် တွေကို သိထားသင့် ပါတယ်။
Processor
Processor ဆိုတာ PC တစ်လုံးရဲ့ အင်ဂျင်လို့ ဆိုနိုင် ပါတယ်။ မြန်ဆန်ပြီး စွမ်းဆောင်မှု ပြည့်ဝတဲ့ Processor ဟာ သင့်ရဲ့ ကွန်ပျူတာကို အချိန်တို အတွင်းမှာ အလုပ် တွေကို လျင်လျင် မြန်မြန်နဲ့ ပြီးစေ ပါတယ်။ Intel’s Core Processor တွေဟာ အခြေခံ အားဖြင့် သုံးမျိုး ခွဲခြား ထားပါတယ်။ အဲဒါတွေ ကတော့ i3, i5, i7 တို့ ဖြစ်ပြီး သာမန်၊ ပိုကောင်း တာနဲ့ အကောင်းဆုံး ဆိုပြီး ခွဲခြားထား တာပါ။ Core i3 Processor ကိုတော့ လုပ်ငန်း သုံးဖို့နဲ့ Entry-level System တွေမှာ အသုံး ပြုတတ် ကြပါတယ်။ Core i7 ကိုတော့ High-end PCs တွေ အတွက် သုံးပြီး Core i5 ကတော့ သာမန် အလယ် အလတ် တန်းစားတွေမှာ အသုံးပြုပါတယ်။ Basic computing အတွက်ဆိုရင်တော့ Core i3 ဒါမှမဟုတ် Core i5 တို့ကို အသုံး ပြုရင် အဆင် ပြေပေမယ့် တကယ်တမ်း စွမ်းဆောင်မှု အပြည့်အ၀ သုံးဖို့ လိုတာမျိုး ဒါမှ မဟုတ် Advanced Gaming တွေမှာ ဆိုရင်တော့ Core i7 ကို အသုံး ပြုသင့် ပါတယ်။
Memory(RAM)
Processor ဟာ PC တစ်လုံးရဲ့ အင်ဂျင် ဆိုရင် Memory ဟာ လောင်စာဆီ တစ်ခု ဖြစ်မှာပါ။ သင့်ရဲ့ Desktop PC မှာ Application အမျိုးမျိုးကို ဖွင့်မယ် ဆိုရင် Memory ကနေ တစ်ဆင့် တင်ပေး ရတဲ့ အတွက် သူဟာလည်း အရေးပါ ပါတယ်။ Memory အရွယ် အစားပေါ် မူတည်ပြီး သင့်ရဲ့ PC ဟာ မတူညီတဲ့ Application ဘယ်လောက်ကို တစ်ချိန် တည်းမှာ ပြရ မလဲ ဆိုတာကို တွက်ချက် နိုင်မှာ ဖြစ်ပြီး Overall Performance ဟာလည်း Memory ပေါ်မှာ မှီခိုနေ ပါတယ်။
လက်ရှိ အချိန် မှာတော့ RAM 4GB ဆိုတာ အနည်းဆုံး ဖြစ်ပြီး Gigabyte ပိုများလေ၊ လုပ်ငန်း များများကို ပိုလုပ်ပေး နိုင်လေ ဖြစ်ပါတယ်။ ဓာတ်ပုံ၊ ဗွီဒီယို၊ 3D ရုပ်ပုံ တွေနဲ့ ပတ်သက်တဲ့ တည်းဖြတ်တာ အစ ရှိတဲ့ လုပ်ငန်းမျိုး တွေကို လုပ်မယ် ဆိုရင်တော့ အနည်းဆုံး Memory 8GB လောက်ကို အသုံး ပြုမှ အဆင် ပြေပြေ လုပ်နိုင်မှာ ဖြစ်ပါတယ်။ တကယ် လို့များ သင်ဟာ Memory 4GB ထက် များတာကို သုံးဖို့ လိုတယ် ဆိုရင်တော့ သင် အသုံး ပြုမယ့် Windows Version ဟာ 64-bit ဖြစ်ဖို့ လိုပါတယ်။
Expandability
Desktop PC တွေရဲ့ အားသာချက် တစ်ခု ကတော့ သုံးရတာ ပိုအဆင် ပြေစေဖို့ အတွက် အစိတ် အပိုင်း တွေကို ထပ်ထည့်တာ လဲတာ မျိုးတွေ လုပ်လို့ ရတာ ဖြစ်ပါတယ်။ အရွယ် အစား ပိုကြီးတဲ့ Tower Case တွေမှာ အကန့်တွေ ပိုများတဲ့ အတွက် Hard Drives, DVD Drives, Graphics Card နဲ့ တခြား အစိတ် အပိုင်း တွေကို စိတ်ကြိုက် ထည့်ဖို့ ပိုအဆင် ပြေစေ ပါတယ်။
တကယ်လို့ သင့်ရဲ့ Tower Case ဟာ အသေးစား ဒါမှ မဟုတ် All-in-one အမျိုး အစား ဖြစ်ပြီး Expand လုပ်ဖို့ အတွက် လိုအပ်တဲ့ Port တွေ ရှိမယ် ဆိုရင်တော့ External Device တွေကို ပေါင်းထည့် ပြီးတော့ Capabilities မြှင့်လို့ ရပါတယ်။ USB, Thunderbolt, Firewire, HDMI နဲ့ တခြား Port တွေဟာ တခြား External Hard Drive တွေ ဖြစ်တဲ့ External Hard Drives, Webcams အစ ရှိတာ တွေကို ချိတ်ဆက် ပေးနိုင်မှာ ဖြစ်ပါတယ်။ 

Reference: Pcworld.com 
Credit : http://itnews.credowave.com

ကွန်ပျူတာထဲမှာအဓိကမရှိမဖြစ် လိုအပ်နေတဲ့ Drivers တွေနှင့် update မဖြစ်သေးတဲ့ Driver တွေကိုလိုက်ရှာပြီး internet connect အနည်းငယ်ရှိရုံနဲ့ AUTO ဒေါင်းယူပေးနိုင်တဲ့ Driver Easy Professional 5.5.4.17697 Full Version Final




အားလုံးပဲမင်္ဂလာပါ ကျနော်တို့ ကွန်ပျူတာထဲမှာအဓိကမရှိမဖြစ်
လိုအပ်နေတဲ့ Drivers တွေနှင့် update မဖြစ်သေးတဲ့ Driver တွေကိုလိုက်ရှာပြီး internet connect အနည်းငယ်ရှိရုံနဲ့ AUTO 
ဒေါင်းယူပေးနိုင်တဲ့ Driver Easy Professional 5.5.4.17697 Full Version Final ဗါးရှင်းလေးကိုမျှပေးလိုက်ပါတယ်။ အရင်ကလဲတင်ဖူးပါတယ် ခုနောက်ဆုံးဗားရှင်းထွက်လာလို့ထပ်တင်ပေးလိုက်တာပါ။ ဒီကောင်လေးဒေါင်းယူပေးတဲ့ Drivers တွေကို
ကျနော်တို့က Install စာသားမှာတချက်ကလစ်ပြီးစက်ထဲကိုထည့်ပေးလိုက်ယုံပါပဲ။ window ခဏခဏတင်သူများနဲ့ မိတ်ဆွေတို့စက်မှာ Driver လိုအပ်နေသူများတွက်
တော်လဲသုံးဝင်လိမယ်လို့ထင်ပါတယ်။ အမြဲတမ်းသုံးနိုင်အောင် crack ဖိုင်ပါထည့်ပေးထားပါတယ်။ 4.99MB သာရှိတာကြောင့်
အသုံးလိုသူများတွက် အောက်လင့်မှာဒေါင်းယူနိုင်ပါပြီ၊
window xp,7,8,10 .... 32/64bit အကုန်သုံးနိုင်ပါတယ်။




အိုင်တီလမ်းညွှန်