မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday 23 January 2016

သရက်သီးစိမ်းငါးပိသုပ်















သရက်သီးစိမ်းငါးပိသုပ်
*********************
သရက်သီးစိမ်းနုနု.....၅လုံး
မျှင်ငါးပိ....................၁ဇွန်း
ဆား........................အနည်းငယ်
ငါးငံပြာရည်..............အနည်းငယ်
ငရုတ်လှေိာမှုန့်.........၁ဇွန်း(လက်ဖက်ရည်ဇွန်း)
ပါဝါသကြား...............၁/၄ ဇွန်း
ငရုတ်သီးစိမ်း............၅တောင့်
ပထမဆုံးအစေ့မရှပ်သေးသောသရက်သီးစိမ်းကိုရွေးချယ်ပြီးထက်ခြမ်းခွဲအစေ့ထုတ်ပါ။
မိမိနှစ်သက်တဲ့အရွယ်လေးလှီးပြီးရေအေးစိမ်ထားပါ။
ငါးပိကိုဇွန်းပြားမှာကပ်ပြီးမီးကင်သလို..ငရုတ်သီးစိမ်း ကိုလည်းကင်ပြီးညှက်အောင်ထောင်းပါ။
သရက်သီးစိမ်းတွေကိုရေစစ်ပြီး..မီးဖုတ်ထားတဲ့ငါးပိကိုချေထည့်၊ထောင်းထားတဲ့ငရုတ်သီးနှင့်..ကျန်ပါဝင်ပစ္စည်းတွေ
ရောထည့်နယ်ပြီး..ချက်ချင်းသုံးဆောင်ပါ။
အရသာအပြင်း၊အပျော့ကိုမိမိနှစ်သက်သလိုချိန်ညှိပါ။

ပာင်းချက်နည်းများ  

No comments:

Post a Comment