မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ
Showing posts with label အရည်ဖျော်နည်းများ. Show all posts
Showing posts with label အရည်ဖျော်နည်းများ. Show all posts

Saturday 30 January 2016

ကျောက်မဲဆန်ချိုအေး























ကျောက်မဲဆန်ချိုအေး


ရှမ်းပြည်က အစားစာတခုပါ ။ ဆန်ချိုအေးလို့ဘဲခေါ်ကြပါတယ်။
သိတဲ့သူလည်းများကြီးရှိသလိုတချို့ကျမကြားဖူးသူများလည်းရှိပါလိမ့်မယ်နော် ။
လုပ်နည်းလေးမပြောခင်ဆန်ချိုနဲ့ပတ်သတ်တဲ့ကျမငယ်ဘဝအမှတ်တရလေးပြောပြချင်ပါတယ် ။ ငယ်ငယ်က နွေကျောင်းပိတ်ရက်ဆိုရင်ကလေးသဘာဝဆော့ကစားဖို့ဘဲစိတ်ဝင်စားမှာပေါ့နော် ။ ကျွန်မတော့အိုးပုတ်တမ်းမဆော့ခဲ့ဖူးဘူး ။ တကယ်ဘဲ ချက်ချင်တာ ။ ဒါကြောင့် လူကြီးတွေလစ်ရင်လစ်သလို မီးဖိုထည်းဝင်ပြီး ကိုယ့်ဘာကိုယ်ဝင် ချက်တယ် အန္တရာယ်လည်းများပါတယ် ။ မှတ်မှတ်ရရ၃တန်းနှစ်နွေကျောင်းပိတ်တော့ဆန်ချိုလုပ်ပြီးစရောင်းရတယ်။ နောက်ပိုင်း ကျတော့ အုန်းနို့ခေါက်ဆွဲ၊ နန်းကြီးသုပ်၊အသုတ်စုံ၊ ပြန်ပေါင်းထုပ် ၊လ္ဘက်သုပ်၊ဂျင်းသုပ် တွေလုပ်ရောင်း ရတယ် ။ မိဘတွေကကူပေးတာပေါ့နော်အစဆိုတော့တခါတည်းမီးဖိုထည်းခိုးဝင်စရာမလိုတော့ဘူးပေါ့ ။အိမ်ကလည်းဒီလောက်တောင်တကယ်ချက်တမ်းဘဲဆော့ချင်တာဆော့ဆိုပြီးလုပ်ပေးတာဖြစ်မယ် ။ ကိုယ်လုပ်ပေးလိုက်တဲ့အစားစာစားကောင်းတယ်လို့ချီးမွမ်းရင်ပီတိဖြစ်ရတာကလေးဘဝကတည်းကဆိုပါတော့ ။ အဲ့ဒီအချိန်ကစလို့စားသောက်စရာတွေကိုစိတ်ဝင်တစားလေ့လာသင်ယူခဲ့တာပါ ။ ဆန်ချိုလုပ်ရောင်းခြင်းကကျွန်မ လက်ရှိလျှောက်နေတဲ့ဘဝလမ်းကြောင်းရဲ့ပထမဆုံးခြေလှမ်းဆိုလည်းမမှားဘူးပေါ့နော်။အစားသောက်ချက်ပြုတ် ပညာကိုစနစ်တကျစတင်သင်ယူဖြစ်ခဲ့တဲ့အစခရီးတခုလို့လည်းပြောလို့ရပါတယ်စကားရှည်သွားပြီဆန်ချိုလုပ်နည်းပြောပြပါမယ်။
လိုအပ်သောပစ္စည်း
***********
ကောက်ညင်းဆန် -နို့ဆီဘူး၂ဘူး
ဆန်ချိုဆေးမှုန့် - ၁ဇွန်း (ဟင်းစားဇွန်း)
သကြား ၂၅ကျပ်သား
ပထမကောက်ညင်းကိုရေစိမ်ထားပြီးပေါင်းပါခပ်တင်းတင်းအနေထားပေါင်းရပါမယ်ပေါင်းပြီးအအေးခံကာရေဆေးချပါ။ အစေးဓာတ်ကုန်သည်ထိဆေးပါ။ ပြီးလျှင်သန့်ရှင်းသော ဆီကင်းသော အဝကျယ်ပုံး သို့ ဘူးတခုတွင်ထည့်ပါ ။ ကောက်ညင်းနှစ်ဘူးလျှင်ရေ၅လီတာခန့်ထည့်ပါ။ ဆန်ချိုဆေးကိုပိတ်စပါးတခုဖြင့်ထုတ်ပြီးရေစိမ်ထားသောကောက်ညင်းဆန်အတွင်းထည့်ကာ ဆေးအရည်ပျော်ရန် အနည်းငယ်ခြေပေးပြီးအထက်အောက်မွေပြီးအဖုံးလုံအောင်ပိတ်ပြီးပူနွေးသောနေရာတွင်ဖောက်ထားပါ ။ ရာသီဥတုပူနွေးပါက၁ရက်ခွဲခန့်တွင် ရပါပြီ ။ဖောက်ပြီးသားဆန်ချိုကိုသကြားရည်ရေခဲသံပုရာသီးတို့ဖြင့်မိမိနှစ်သက်ရာအရသာချိုချဉ်အနေထားဖျော်စပ်ပြီးသုံးဆောင်နိုင်ပါပြီ။
ဖျော်စပ်ပြီးသားဆန်ချိုအေးကိုအပြင်တွင်တရက်ထားပါကအချို့သောသူများနှစ်သက်တဲ့အရသာပျင်းရှသောဆန်ချိုအေးကိုရမှာဖြစ်ပါတယ် ။

Sofia Food Paradise