Showing posts with label ချက်နည်းပြုတ်နည်းများ. Show all posts
Showing posts with label ချက်နည်းပြုတ်နည်းများ. Show all posts
Saturday, 7 May 2016
ငါးအသား အိုးကပ်ကြော်
ငါးအသား အိုးကပ်ကြော်
ငါးကိုအသားချည်းနွှာပြီး ပေါင်မုန့် ကိုချေထည့်ပြီး ဆီနည်းနည်းနဲ့ အိုးကပ်ကြော်ထားလို့ အရမ်းကိုစားလို့ ကောင်းပါတယ်။
ပါဝင်သောပစ္စည်းများ
၁။ ငါး - ၂၅ ကျပ်သား
၂။ ပေါင်မုန့် - ၁ ချပ် (ခြေထားပါ။)
၃။ ငရုတ်ကောင်း - အနည်းငယ်
၎။ ဆား - လက်ဖက်ရည်ဇွန်း တ ၀က်
၅။ သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၆။ အကြော်မှုန့် - ထမင်းစားဇွန်း ၁ ဇွန်း
၇။ ကြက်ဥ - ၁ လုံး (ခလောက်ထားပါ။)
၈။ ဆီ - ထမင်းစားဇွန်း ၂ ဇွန်း
ပြုလုပ်နည်း
၁။ ငါးကို ရေ အနည်းငယ်ဖြင့် အသားနွှာလို့ ရအောင် ခဏပြုတ်ပါ။ ( ၁၀ မိနစ်ခန့် )ပြီးလျှင် အအေးခံရ်ျ ငါးအသားကို နွှာပါ။
၂။ ငါးအသားကို ခြေထားသောပေါင်မုန့် ၊ ငရုတ်ကောင်း၊ ဆား၊ သကြား၊ အကြော်မှုန့် ၊ ခလောက်ထားသောကြက်ဥ တို့ ဖြင့် နယ်ပါ။
၃။ မကပ်သောအိုးထဲတွင် ဆီ ထမင်းစားဇွန်း ၂ ဇွန်းကို ထည့်ရ်ျ အပူပေးပါ။ ပြီးလျှင် နယ်ထားသော ငါးများကို အ၀ိုင်းပြားများပြုလုပ်ရ်ျ အိုးထဲတွင် ထည့်ကြော်ပါ။ ငါးအသားရဲ့ အောက်ဖက် အညိုေ၇ာင်သန်းလာလျှင် နောက်တဖက်လှန်ရ်ျ အညို ရောင်သန်းသည်အထိကြော်ပါ။ သုံးဆောင်နိုင်ပါပြီ။
( ထမင်းစားဇွန်း = 1 tablespoon = 15 ml) ( လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)
Ei San's Homemade Inspiration & ပင်လယ်စာ ဟင်းလျာများ
ပုဇွန်ဆီ အနှစ်နဲ့ ပြန်ကြော်ထားတဲ့ ပုဇွန်ကြော်
ပုဇွန်ဆီ အနှစ်နဲ့ ပြန်ကြော်ထားတဲ့ ပုဇွန်ကြော်
ပုဇွန်ဆီ အနှစ်နဲ့ ပြန်ကြော်ထားတဲ့ ပုဇွန်ကြော်ကို အန်တီကြီးတယောက်ဆီက စားဖူးတာပါ။ အ၇မ်းမွှေးပြီး စားလို့ လဲ အ၇မ်းကောင်းပါတယ်။ လုပ်ရတာ လွယ်ကူပြီး လူတိုင်းကြိုက်တဲ့ ဟင်းတခွက်ပါ။
ပါဝင်သောပစ္စည်းများ
၁။ ခေါင်းမပါသော ပုဇွန် - ၁ ပေါင် (သို့ ) ၂၅ ကျပ်သား
၂။ ပုဇွန်ဆီ - ၅ ကျပ်သား (ready made ပုလင်းထဲမှ ပုဇွန်ဆီကိုသုံးမယ်ဆိုရ
၃။ ဆီ - ထမင်းစားဇွန်း ၁ ဇွန်း
၎။ ကြက်သွန်ဖြူ - ၂ တက်
၅။ ကြက်သွန်နီ - အသေး ၁ လုံး
၆။ ငံပြာရည် - ထမင်းစားဇွန်း ၁ ဇွန်း (ready made ပုဇွန်ဆီကိုသုံးမယ်ဆိုရ
၇။ အေ၇ာင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
၈။ ဆနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
၉။ ဟင်းချိုမှုန့် (သို့ )သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
၁။ ပုဇွန်ကိုအခွံချွတ် ကျောကိုဓါးနဲ့ ခွဲပြီး သန့် စင်ထားပါ။ ထို့ နောက် အေ၇ာင်တင်မှုန့် ၊ဆနွင်း၊ ဟင်းချိုမှုန့် ၊ ငံပြာရည်တို့ ဖြင့်နယ်ထားပါ။ ကြက်သွန်နီ နှင့် ကြက်သွန်ဖြူကို ထောင်းထားပါ။
၂။ ကြော်မည့် ဒယ်အိုး ကိုအပူပေးပြီး ပူလာလျှင် ဆီထည့်၊ ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ ဆီသတ်ပါ။ မွှေးလာလျှင် ပုဇွန်ဆီကိုထည့်လုံးပါ။ ၁ မိနစ်ခန့် လုံးပြီးနောက် ပုဇွန်များကို ထည့်ကြော်ပါ။ ၅ မိနစ်လောက်ကြော်ပြီးလျှင် အလွန် မွှေးပြီး အ၇သာရှိသော ပုဇွန်ကြော်ကို သုံးဆောင်နိုင်ပါပြီ။
(ထမင်းစားဇွန်း =1 tablespoon= 15ml) (လက်ဖက်ရည်ဇွန်း =1 teaspoon = 5 ml)
Ei San's Homemade Inspiration & ပင်လယ်စာ ဟင်းလျာများ
ပုဇွန် ထမင်းလုံး
ပုဇွန် ထမင်းလုံး
( ဆူရှီဆိုင်တွေ မှာရောင်းတဲ့ upside down shrimp)
အိစံ ဆူရှီဆိုင်တွေ သွားစားရင် အဓိက သွားစားတာ ဒီ ပုဇွန် ထမင်းလုံးပါ။ ဆူရှီ ဘူးတွေက အပြင်ကစတိုးမှာဝယ်လို့ ရပေမယ့် ပုဇွန်ထမင်းလုံးက ဆူရှီရောင်းတဲ့ ဆိုင်တွေ မှာမှ ၀ယ်စားလို့ ရပါတယ်။ လုပ်နည်းမသိခင်ကတော့ ဒါစားချင်လို့ ခဏခဏသွားစားရတာပေါ့။ လုပ်နည်းလဲ သိရော အိမ်မှာပဲ စားတော့ တယ်။ ပါဝင်တဲ့ ပစ္စည်းလဲ နည်းပါတယ် လုပ်ရတာလဲ လွယ်တယ် စားလို့ လဲ ကောင်းလို့ လုပ်စားကြည့်ကြဘို့ တိုက်တွန်းလိုက်တယ်နော်။
ပါဝင်သောပစ္စည်းများ
၁။ ခေါင်းမပါသောအခွံခွာထားသော ပုဇွန် - ၅ ကောင်
၂။ ပျော့ပျော့ချက်ထားသော ဆူရှီထမင်း (သို့ ) ရှမ်းဆန် (သို့ ) ပေါ်ဆန်းမွှေး - လက်တဆုပ်စာ
၃။ မရိုနီစ် (Mayonnaise) - ထမင်းစားဇွန်း ၁ ဇွန်း မောက်မောက်
၎။ ကြက်သွန်မြိတ် - ၁ ပင်
၅။ ဂဏာန်းသားအတု (imitation crab) - ၁ ချောင်း
၆။ နှမ်း - အနည်းငယ်
ပြုလုပ်နည်း
၁။ ပုဇွန် ပြုတ် ရန်ရေနွေးအိုးတည်ထားပါ။ ရေနွေး ပွက်လျှင် ပုဇွန်ကို ၃ မိနစ်ထည့် ပြုတ်ပါ။ ပြီးလျှင် ပုဇွန်ကို ဆယ်ရ်ျ အအေးခံထားပါ။
၃။ပန်းကန်တခုထဲတွင် ဂဏာန်းသားအတုကို အမျှင် လေးတွေဖြစ်အောင်မျှင် ထားပါ။ ထို့ နောက် ထမင်း၊ ဂဏာန်းအသားတု အမျှင် နှင့် မရိုနီစ် ကိုရောရ်ျ နှံ့အောင်နယ်ပါ။
၎။ ပုဇွန် တကောင်ဆီကို ယူရ်ျ နယ်ထားသော ထမင်းကို ပုဇွန် ကိုယ်ပိုင်းကို အုပ်ရ်ျ အလုံးလေးဖြစ်အောင်ကပ်ပါ။
၅။ ပန်းကန်ပြားပေါ်တွင် ပြုလုပ်ထားသော ပုဇွန်ထမင်းလုံးကို တင်ရ်ျ နှမ်း၊ ကြက်သွန်မြိတ်တို့ ကိုဖြူး ရ်ျ ကြိုက်နှစ်သက်ရာ ဆော့စ် ဖြင့် သုံးဆောင် နိုင်ပါသည်။
Ei San's Homemade Inspiration & ပင်လယ်စာ ဟင်းလျာများ
ငါးကောင်လုံးကြော် အနှစ်ဆမ်း
ငါးကောင်လုံးကြော် အနှစ်ဆမ်း
ငါးကောင်လုံးကို ကြော်ထားပြီး အပေါ်မှ ကြက်သွန်နီနဲ့ ချက်ထားတဲ့ အနှစ်ကိုဆမ်းထားတဲ့ ဟင်းပါ။ အိစံတို့ သွားစားနေကြ ဆိုင်မှာေ၇ာင်းတဲ့ ဟင်းလေးပါ။ အရမ်းကို စားကောင်းပြီး လူကြိုက်များတဲ့ ဟင်းတမျိုးပါ။ ပါဝင်သောပစ္စည်း သိပ်မများပဲ ချက်လို့ လွယ်တဲ့ ဟင်းပါ။
ပါဝင်ပစ္စည်းများ
၁။ ကြိုက်နှစ်သက်ရာငါး - ၁ ကောင်
၂။ ကြက်သွန်နီ - ၁ လုံး
၃။ ကြက်သွန်ဖြူ - ၂ တက်
၎။ ငရုတ်ပွ - အနည်းငယ်
၅။ ဆား - အနည်းငယ်
၆။ ဆီ - ထမင်းစားဇွန်း ၂ ဇွန်း
၇။ pad thai sauce - ထမင်းစားဇွန်း ၂ ဇွန်း
ပြုလုပ်နည်း
၁။ ငါးကို ဆားအနည်းငယ်ဖြင့် နယ်ပြီး ကြော်ထားပါ။ ပြီးလျှင် ဆီစစ်ပြီး ပန်းကန်တခုထဲထည့်ထားပါ။ (ညှီနံ နံသောငါးဖြစ်လျှင် ဂျင်း အနည်းငယ်ကို ထောင်းပြီး အ၇ည်ကို ငါးပေါ်ညှစ် ၊ ဆားအနည်းငယ်ဖြင့် ကြော်ပါ။)
၂။ ကြက်သွန်နီကို သေးသေးလေးတွေဖြစ်အောင် တုံးထားပါ။ (သို့ ) food processor ဖြင့် ကြိတ်ထားပါ။
၃။ ဒယ်အိုးထဲတွင် ဆီ ထမင်းစားဇွန်း ၂ ဇွန်း ကို အပူပေးပြီး ကြက်သွန်ဖြူကို ဆီသတ်ပါ။ ပြီးလျှင် ကြက်သွန်နီကို ထည့်ပါ။ ထို့ နောက် pad thai sauce ကို ထည့်ပါ။ ရေ ထမင်းစားဇွန်း ၈ ဇွန်းကို ထည့်ပြီး ကြက်သွန်နီ ကျက်သည် အထိ တည်ပါ။ ( ၃ မိနစ်ခန့် )
၎။ ၃ မိနစ် ခန့် တည်ပြီးနောက် ပါးပါးလှီးထားသော ငရုတ်ပွကို ထည့်မွှေပါ။ ထို့ နောက် မီးဖိုပေါ်မှ ချရ်ျ အနှစ်များကို ကြော်ထားသော ငါးပေါ်သို့ ဆမ်းပါ။ သုံးဆောင်နိုင်ပါပြီ၊
(ထမင်းစားဇွန်း = 1 tablespoon = 15 ml) (လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)
Ei San's Homemade Inspiration
အနောက်တိုင်း စတိုင်လ် ငါးအိုးကပ်ကြော်
အနောက်တိုင်း စတိုင်လ် ငါးအိုးကပ်ကြော်
ဒီနည်းက အနောက်တိုင်းကလူတွေ ငါးကိုကြော်စားတဲ့ နည်းပါ။ ဆိုင်တွေ မှာ ဧည့်သည်လာမှ ချက်ချင်းကြော်ပေးတဲ့ ဟင်းလေးပါ။ အရမ်းမြန်ပြီးလွယ်ကူပါတယ်။ ပါဝင်တဲ့ ပစ္စည်းသိပ်မများပဲ ဟင်းတခွက်ပါ။ အနောက်နိုင်ငံက လူတွေက တော့ စပါဂတီတို့ ပေါင်မုန့် တို့ နဲ့ တွဲစားပါတယ်။
ပါဝင်သောပစ္စည်းများ
၁။ အကွင်းလိုက် ငါးအသားတုံး- ၂၅ ကျပ်သား (သို့ ) ၁ ပေါင်
၂။ ဆား - လက်ဖက်ရည်ဇွန်း တ ၀က်
၃။ ငရုတ်ကောင်း - လက်ဖက်ရည်ဇွန်း တ ၀က်
၎။ အကြော်မှုန့် - ထမင်းစားဇွန်း ၂ ဇွန်း
၅။ ဆီ - ထမင်းစားဇွန်း ၂ ဇွန်း
ပြုလုပ်နည်း
၁။ လတ်ဆတ်သောငါးကို အသုံးပြုပါ။ ညှီနံ ကြောက်လျှင် ဂျင်းကို ညက်နေအောင်ထောင်းပြီး ငါးကို ဂျင်းအရည်နှင့် နှပ်ထားပါ။
၂။ ငါးကို သန့် စင်အောင်ဆေးပြီး ရေစစ်ထားပါ။ ရေပြောင်အောင် စက္ကူ ဖြင့်သုပ်ပေးပါ။ ထို့ နောက် ငါးကို ဆား ဖြင့် ၂ ဖက်လုံး နှံ့ အောင်လုပ်ပါ။ ပြီးလျှင် ငရုတ်ကောင်းကို ငါးရဲ့ ၂ ဖက်လုံး နှံ့ အောင်ဖြူးပါ။
၃။ မကပ်သောအိုးထဲတွင် ဆီ ထမင်းစားဇွန်း ၂ ဇွန်းကို ထည့်ရ်ျ အပူပေးပါ။
၎။ အကြော်မှုန့် ကို ပန်းကန်ပြားတခု ပေါ်တွင် ထည့်ပါ။ ထို့ နောက် ငါးကို အကြော်မှုန့် ဖြင့် ၁ ဖက်အရင် ကပ်လူးပါ။ ပြီးလျှင် နောက်တဖက် အရင်ကပ်လူးပါ။
၅။ ပူနေသော ဆီအိုးထဲတွင် ထည့်ကြော်ပါ။ ပြီးလျှင် အိုးကို အဖုံးဖုံးထားပါ။ ၃ မိနစ်လောက်နေလျှင် ငါးကို အသားလေးလှန်ကြည့်ပါ။ အကြော်မှနု့် များ ညို ရ်ျ ကြွပ်နေလျှင် နောက် တဖက်လှန် ရ်ျ ပြန် ပြီး အဖုံးအုပ်ထားပါ။ ၃ မိနစ်လောက်နေလျှင် အိုးပေါ်မှ ချရ်ျ သုံးဆောင်နိုင်ပါပြီ။
(ထမင်းစားဇွန်း = 1 tablespoon = 15 ml) ( လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)
Ei San's Homemade Inspiration
ပင်လယ်စာကင်မ်ချီဟင်းရည်
ပင်လယ်စာကင်မ်ချီဟင်းရည်
ကင်မ်ချီအရသာချဉ်ချဉ်လေးနဲ့ ပဲပြားအိအိလေးနဲ့ အ၇မ်းကိုသောက်လို့ ကောင်းတဲ့ ဟင်းရည်လေးပါ။ ချက်ပြီးပြီးချင်းစားလျှင် ပိုကောင်းပါသည်။
ပါဝင်သောပစ္စည်းများ
၁။ ကြိုက်နှစ်သက်ရာပင်လယ်စာ(ပုဇွန်၊ ပြည်ကြီးငါး၊ ဂဏာန်းအချောင်း) - တရုတ်ထမင်းစားပန်းကန်လုံး ၁ လုံး
၂။ ကင်မ်ချီ - တရုတ်ထမင်းစားပန်းကန်လုံး တ ၀က်
၃။ နှမ်းဆီ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၎။ ကိုရီးယားငရုတ်သီးမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း (မရှိလျှင် အေ၇ာင်တင်မှုန့် ထည့်ပါ။)
၅။ ကင်မ်ချီအချဉ်ရည်- ထမင်းစားဇွန်း ၄ ဇွန်း
၆။ ကိုရီးယားငရုတ်သီးအနှစ်(ပုံတွင်ပြထားသော) -လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၇။ ကိုရီးယားပဲငပိအနှစ်(ပုံတွင်ပြထားသော)- လက်ဖက်ရည်ဇွန်း ၁ ဇွန်း ခွဲ (မရှိလျှင် ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း ခွဲ)
၈။ သကြား -လက်ဖက်ရည်ဇွန်း တ ၀က်
၉။ ကြက်ဥ - ၁ လုံး
၁၀။ ပဲပြားအပျော့ - တရုတ်ထမင်းစားပန်းကန်လုံး သုံးပုံ တပုံ
၁၁။ ကြက်သွန်မြိတ်- အနည်းငယ်
၁၂။ ရေ - တရုတ်ထမင်းစားပန်းကန် ၁ လုံး ခွဲ
ပြုလုပ်နည်း
၁။ ပင်လယ်စာများကို ရေစေးရ်ျ အတုံးလေးတွေတုံးထားပါ။ ကင်မ်ချီကို လက်မ၀က်အ၇ွယ် တုံးထားပါ။ ကြက်သွန်မြိတ်ကို ပါးပါးလှီးပါ။ ရေထဲတွင် ငရုတ်သီး အနှစ်နှင့် ပဲငပိ အနှစ်ကိုဖျော်ထားပါ။
၂။ ဟင်းရည်လုပ်မည့် အိုးထဲတွင် နှမ်းဆီ နှင့် ငရုတ်သီးမှုန့် ကို အ၇င်လှော်ပါ။ အိုးကိုအ၇င် အပူမပေးရပါ။ ငရုတ်သီး မှုန့် များ တူးတွားတပ်ပါသည်။
၃။ ပြီးလျှင် ကင်မ်ချီကိုထည့်ပါ။ ငရုတ်သီးအနှစ်နှင့်ပဲငပိကိုဖျော်ထားသောေ၇၊သကြား၊ ကင်မ်ချီအချဉ်ရည် တို့ ကိုထည့်ပါ။
၎။ အ၇သာမြည်းကြည့်ရ်ျပေါ့နေလျှင် ပဲငပိပိုထည့်ပါ။ ပြီးလျှင် ပင်လယ်စာများကိုထည့် ရ်ျ ၃ မိနစ်ခန့် တည်ပါ။
၅။ ပဲပြားများကို နောက်ဆုံးထည့်ရ်ျ မီးဖိုပေါ်မှချပါ။
၆။ ပန်းကန်ထဲကဟင်းရည် ပူပူထဲတွင် ကြက်သွန်မြိတ်ထည့် ကြက်ဥကိုဖောက်ထည့်ပြီး မွှေလိုက်ပါ။ သုံးဆောင်နိုင်ပါပြီ။
( ၁ ခွက် = 240 ml = ရိုးရိုးကော်ဖီခွက် ၁ခွက်) (ထမင်းစားဇွန်း = 1 tablespoon= 15ml) (လက်ဖက်ရည်ဇွန်း = 1 teaspoon= 5ml)
ကင်မ်ချီအရသာချဉ်ချဉ်လေးနဲ့ ပဲပြားအိအိလေးနဲ့ အ၇မ်းကိုသောက်လို့ ကောင်းတဲ့ ဟင်းရည်လေးပါ။ ချက်ပြီးပြီးချင်းစားလျှင် ပိုကောင်းပါသည်။
ပါဝင်သောပစ္စည်းများ
၁။ ကြိုက်နှစ်သက်ရာပင်လယ်စာ(ပု
၂။ ကင်မ်ချီ - တရုတ်ထမင်းစားပန်းကန်လုံး တ ၀က်
၃။ နှမ်းဆီ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၎။ ကိုရီးယားငရုတ်သီးမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း (မရှိလျှင် အေ၇ာင်တင်မှုန့် ထည့်ပါ။)
၅။ ကင်မ်ချီအချဉ်ရည်- ထမင်းစားဇွန်း ၄ ဇွန်း
၆။ ကိုရီးယားငရုတ်သီးအနှစ်(ပုံ
၇။ ကိုရီးယားပဲငပိအနှစ်(ပုံတွင
၈။ သကြား -လက်ဖက်ရည်ဇွန်း တ ၀က်
၉။ ကြက်ဥ - ၁ လုံး
၁၀။ ပဲပြားအပျော့ - တရုတ်ထမင်းစားပန်းကန်လုံး သုံးပုံ တပုံ
၁၁။ ကြက်သွန်မြိတ်- အနည်းငယ်
၁၂။ ရေ - တရုတ်ထမင်းစားပန်းကန် ၁ လုံး ခွဲ
ပြုလုပ်နည်း
၁။ ပင်လယ်စာများကို ရေစေးရ်ျ အတုံးလေးတွေတုံးထားပါ။ ကင်မ်ချီကို လက်မ၀က်အ၇ွယ် တုံးထားပါ။ ကြက်သွန်မြိတ်ကို ပါးပါးလှီးပါ။ ရေထဲတွင် ငရုတ်သီး အနှစ်နှင့် ပဲငပိ အနှစ်ကိုဖျော်ထားပါ။
၂။ ဟင်းရည်လုပ်မည့် အိုးထဲတွင် နှမ်းဆီ နှင့် ငရုတ်သီးမှုန့် ကို အ၇င်လှော်ပါ။ အိုးကိုအ၇င် အပူမပေးရပါ။ ငရုတ်သီး မှုန့် များ တူးတွားတပ်ပါသည်။
၃။ ပြီးလျှင် ကင်မ်ချီကိုထည့်ပါ။ ငရုတ်သီးအနှစ်နှင့်ပဲငပိကို
၎။ အ၇သာမြည်းကြည့်ရ်ျပေါ့နေလျှ
၅။ ပဲပြားများကို နောက်ဆုံးထည့်ရ်ျ မီးဖိုပေါ်မှချပါ။
၆။ ပန်းကန်ထဲကဟင်းရည် ပူပူထဲတွင် ကြက်သွန်မြိတ်ထည့် ကြက်ဥကိုဖောက်ထည့်ပြီး မွှေလိုက်ပါ။ သုံးဆောင်နိုင်ပါပြီ။
( ၁ ခွက် = 240 ml = ရိုးရိုးကော်ဖီခွက် ၁ခွက်) (ထမင်းစားဇွန်း = 1 tablespoon= 15ml) (လက်ဖက်ရည်ဇွန်း = 1 teaspoon= 5ml)
Ei San's Homemade Inspiration
ထိုင်းစတိုလ် ပင်စိမ်းနံမွှေးမွှေးနှင့် ငါးခူအစပ်ကြော်
ထိုင်းစတိုလ် ပင်စိမ်းနံမွှေးမွှေးနှင့် ငါးခူအစပ်ကြော်
ထိုင်းဟင်းလျာတွေထဲမှာ နာမည်ကြီးဟင်းတမျိုးဖြစ်တဲ့ ငါးခူအစပ်ကြော်ပါ။ အိစံတို့ အိမ်ကလူတွေက အစပ်မစားပေမယ့် ဒီဟင်းကိုတော့ အရမ်းကြိုက်ကြပါတယ်။ ပင်စိမ်းနံမွှေးမွှေး ငရုတ်သီးစပ်စပ်လေးနဲ့ စားလို့ ကောင်းတဲ့ ဟင်းလေးပါ။
ပါဝင်သောပစ္စည်းများ
၁။ ငါးခူ - ၂၅ ကျပ်သား (သို့ ) ၁ ပေါင်
၂။ ပင်စိမ်းအရွက် - ၁၅ ရွက် (သို့ ) ၂၀ ရွက်
၃။ red curry paste - ထမင်းစားဇွန်း ၁ ဇွန်းခွဲ
၎။ ယိုးဒယားငံပြာရည် - ထမင်းစားဇွန်း ၂ ဇွန်း
၅။ သကြားအညို (သို့ ) ရိုးရိုးသကြား - ထမင်းစားဇွန်း ၁ ဇွန်း
၆။ ငရုတ်ပွ - အနည်းငယ်
၇။ ရေ - ခွက် တ၀က်
ပြုလုပ်နည်း
၁။ ငါးကိုအတုံးတုံးရ်ျ ရေဆေးပြီး ခြောက်အောင်စစ်ထားပါ။
၂။ ငါးကြော်ရန်ဆီ အိုးကိုတည် ဆီထည့်ပြီး ပင်စိမ်းအရွက်များကို ကြွပ်လာသည်အထိကြော်ပါ။ ပြီးလျှင် ပင်စိမ်းရွက်များကို ဆီစစ်ထားပါ။
၃။ ပင်စိမ်းရွက်ကြော်ထားသော ဆီဖြင့် ငါးကိုထည့်ကြော်ပါ။ နှစ်ဖက်လုံးအ၀ါရောင်သန်းသည်
၎။ ကြော်ထားသောဆီအိုးထဲမှ ဆီကို ထမင်းစားဇွန်း ၂ ဇွန်းစာချန် ရ်ျ ကျန်သောဆီများကို ခပ်ထုတ်ပါ။
၅။ မီးဖိုခဏပိတ်ထားပြီး ဆီအိုးထဲကို red curry paste ထည့်ပြီးမွှေပါ။ ပြီးလျှင် မီးဖိုပြန်ဖွင့်ပြီး ငံပြာရည်၊ သကြားတို့ ကိုထည့်မွှေပါ။
၆။ ထို့ နောက် ငါးကိုထည့်၊ ရေထည့်ပြီး အသာလေးမွှေပါ။ ၅ မိနစ်လောက်တည်ပြီး မီးဖိုပေါ်မှချခါနီးတွင် ငရုတ်ပွပါးပါးလှိးထားတာကိုထ
၇။ ဟင်းပွဲပြင်ရန်ပန်းကန်ထဲတွင
Ei San's Homemade Inspiration
ငရုတ်ပွအစာသွပ်
ငရုတ်ပွအစာသွပ်
ဒီဟင်းကို အန်တီတယောက်ဆီက သင်လာတာပါ။ ငရုတ်ပွနံမွှေးမွှေးလေးနဲ့ အသားသုံးမျိုးထည့်ထားလို့ အရမ်းကိုစားလို့ ကောင်းပါတယ်။ လူကြီးတွေရဲ့ ဟင်းချက်နည်းဆိုတော့ ရိုးရိုးရှင်းရှင်းပါပဲ။
ပါဝင်သောပစ္စည်းများ
၁။ တောက်တောက်ဆင်းထားသောကြက်သာ
၂။ ငါးဖယ် - ၅ ကျပ်သား
၃။ ပုဇွန် အကြီး - ၅ ကောင် (အခွံနွာပြီးတောက်တောက်ဆင်း
၎။ ငရုတ်ပွ - အကြီး ၂ ခု (သို့ ) အသေး ၄ ခု
၅။ ယိုးဒယားငံပြာရည် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
၆။ သကြား (သို့ ) ဟင်းချို မှုန့် - လက်ဖက်ရည်ဇွန်း တ ၀က်
၇။ ငရုတ်ကောင်း အနည်းငယ်
၈။ ဆီ - ထမင်းစားဇွန်း ၅ ဇွန်း
၉။ အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံ တပုံ
ပြုလုပ်နည်း
၁။ ငရုတ်ပွအကြီးဆိုလျှင် ရေဆေးပြီး ၂ ပိုင်းပိုင်းပါ။ အသေးဆိုလျှင် ငရုတ်ပွရဲ့ ထိပ်ပိုင်းကိုပဲ ဖြတ်ပါ။ ပြီးလျှင် အတွင်းက အစိနှင့် အူတိုင်ကို ဒါးအသေးနှင့် အသာလေး ခြစ်ထုတ်ပါ။
၂။ ကြက်သား၊ ငါးဖယ်၊ ပုဇွန်၊ ငံပြာရည်၊ သကြား၊ ငရုတ်ကောင်းတို့ ကို သမအောင်နယ်ပါ။ နယ်ထားသော အသားထဲမှ ထမင်းစားဇွန်း ၂ ဇွန်းကို ချန်ရ်ျ ကျန်သော အသားများကို ငရုတ်ပွထဲ အစာသွပ်ပါ။
၃။ ငရုတ်ပွကို အိုးတခုထဲထည့်ရ်ျ ရေကို ငရုတ်ပွ တ၀က်ထိပဲေ၇ာက်အောင်ထည့်ပြီး
၎။ ဆီကို အပူပေးပြီး အေ၇ာင်တင်မှုန့် ထည့် ၊ ချန်ထားသော အသားများကို ထည့်လုံးပါ။ အသားများကျက်လျှင် ဆီနှင့် အသားများကို ငရုတ်ပွပေါ်ကို လောင်းချပါ။ အရမ်းမွှေးပြီး အလွန်စားကောင်းတဲ့ ငရုတ်ပွ အစာသွပ်ဟင်းကို သုံးဆောင်နိုင်ပါပြီ။
Ei San's Homemade Inspiration
ပုဇွန် / ဂဏာန်း ဟင်း (cajun style)
ပုဇွန် / ဂဏာန်း ဟင်း (cajun style)
ဒီနိုင်ငံမှာ နာမည်ကြီးတဲ့ Cajun Style ချက်ထားတဲ့ ဟင်းပါ။ Boiling Crab ဆိုတဲ့ ဆိုင်မှာ သွားစားရင် ၁ နာရီ လောက် တန်းစီပြီးစောင့်ရတယ်။ စပ်စပ်လေးမို့ လူကြိုက်များပြီး မြန်မာပါးစပ်နဲ့ လဲ အရမ်းကိုက်ပါတယ်။ ဒီနည်းကို အမကြီးတယောက်က ပေးလို့ အိမ်မှာ ခဏခဏလုပ်စားဖြစ်တယ်။ အဲဒီ ဟင်းထဲထည့်တဲ့ အမှုန့် ကို လူကြုံနဲ့ မှာလို့ ရရင်တော့ ပိုကောင်းပါတယ်။ အဲဒီ အမှုန့် ထဲမှာ အနံ တွေ အကုန်ပါလို့ ပါ။ သေးသေးလေးတထုပ်ကို အခါ ၂၀လောက်လုပ်စားလို့ ရပြီး အလေးချိန်ကလဲပေါ့ပေါ့လေး ဈေးလဲသက်သာလို့ လူကြုံရှိရင်မှာကြည့်လိုက်
ပါဝင်သောပစ္စည်းများ
၁။ ပုဇွန် - ၂၅ ကျပ်သား (သို့ ) ၁ ပေါင် (ခေါင်းပါသောပုဇွန် ကိုသုံးလျှင် ပိုစားကောင်းပါသည်။)
(သို့ )
ဂဏာန်း - ၂ကောင်
၂။ Louisiana seafood mix (Comment ပုံမှာပါသောအထုပ်မှ) - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
(မရှိလျှင်)
ဆား -လက်ဖက်ရည်ဇွန်း လေးပုံ ၃ပုံ နှင့် ကြက်သွန်ဖြူ မှုန့်  -လက်ဖက်ရည်ဇွန်း လေးပုံတပုံ
၃။ ငရုတ်ဆော့ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း (အစပ်ကြိုက်လျှင် ပိုထည့်နိုင်ပါသည်။)
၎။ အရောင်တင်မှုန့် (paprika) - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၅။ ကြက်သွန်ဖြူ - ၃ တက် (တောက်တောက်စင်းထားပါ။)
၆။ သံပုရာသီး - ၁ ခြမ်း
၇။ ထောပတ် - ထမင်းစားဇွန်း ၈ ဇွန်း
ပြုလုပ်နည်း
၁။ ပုဇွန်/ ဂဏာန်း များပြုတ်ရန် အိုးကြီးကြီး တလုံးမှာ ရေနွေးအိုးတည်ပါ။ ရေနွေးအိုးထဲတွင် သံပုရာသီး အ၀ိုင်းလိုက် ၃ ခုလောက်ကို ထည့်ရ်ျ တည်ပါ။
၂။ ရေနွေး ပွက်လာလျှင် ပုဇွန်များကို ထည့်ရ်ျ ၃ မိနစ်ခန့် ပြုတ်ပါ။ (အချိန်ပိုပြုတ်လျှင် စားလို့ မကောင်းပါ။)
ဂဏာန်းကို တော့ ၁၀ မိနစ်ခန့် ပြုတ်ပါ။ ပြီးလျှင် ဂဏာန်းများကို ခွာရ်ျ သန့် ၇ှင်းထားပါ။
၃။ ပြုတ်ပြီး သား ပုဇွန်/
၎။ အနှစ်လုပ်မည့် အိုးထဲတွင် ထောပတ်ကို ထည့်၊ ထောပတ်အရည်ပျော်ရင် ကြက်သွန်ဖြူကိုဆီသတ်ပါ။ အနံ မွှေးရုံ ဆီသတ်ပါ။ (ကြက်သွန်ဖြူများတူးသွားရင်
အနံအရမ်းမွှေးပြီး စပ်စပ်နဲ့ အရမ်းစားကောင်းတဲ့ ပုဇန်/ ဂဏာန်းဟင်းပါ။
Ei San's Homemade Inspiration
ငါးဖယ် ပုဇွန်ပေါင်း
ငါးဖယ် ပုဇွန်ပေါင်း
ရိုးရိုးရှင်းရှင်းလွယ်လွယ်
ပါဝင်သောပစ္စည်းများ
၁။ ငါးဖယ် - ၁၀ သား
၂။ ပုဇွန် - ၁၀ သား
၃။ ယိုးဒယားငံပြာရည် (သို့ ) မြန်မာငံပြာရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၎။ ဂျူး မြိတ် (ခုချိုင်) - လက်ဖက်ရည်ပန်းကန် တလုံးစာ (ကြိုက်လျှင် ပိုထည့်နိုင်ပါသည်။) (ဂျူးမြိတ်ဆိုတာ အစိမ်းရောင် မြက်ပင်နဲ့တူတဲ့ဟာပါ ။ ဂျူးမြစ်မဟုတ်ပါ)
၅။ ကြက်သွန်မြိတ် - ၁ ပင် (အစိမ်းရောင်အပိုင်းကိုပဲယူ
၆။ ငရုတ်ကောင်း - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
ပြုလုပ်နည်း
၁။ ပုဇွန်ကို အခွံခွာ ခေါင်းဖယ်ပြီးတော့ တောက်တောက်ဆင်းထားပါ။ ဂျူးမြိတ် နှင့် ကြက်သွန်မြိတ်ကို ပါးပါးလှီးထားပါ။
၂။ ဇလုံ တခုထဲတါင် ပါဝင်သောပစ္စည်းများအားလုံးက
၃။ စတီးချိုင့် (သို့ ) ကြွေပန်းကန်ပြားထဲတွင် နယ်ထားသော အသားများကို ဖိရ်ျ ထည့်ပါ။ ငါးဖယ်ကို ကျစ်ကျစ်ကလေးစားချင်ရင် အသားများအပေါ်တွင် ပလပ်စတစ် တခုကို ဖုံးရ်ျ ငရုတ်ဆုံဖြင့် ၁ နာရီခန့် ဖိထားပါ။
၎။ ပြီးလျှင် ပလက်စတစ်နှင့် ငရုတ်ဆုံကိုဖယ်ရ်ျ ပေါင်းမည့်အိုးထဲတွင် ၁ နာရီခန့် ထည့်ပေါင်းပါ။အသား ကျက်လျှင် အအေးခံရ်ျ အတုံးလေးများလှီးပါ။ သုံးဆောင် နိုင်ပါပြီ။
Ei San's Homemade Inspiration
ငါးသံပုရာပေါင်း
ငါးသံပုရာပေါင်း
ပါဝင်သောပစ္စည်းများ
၁။ စလားဗီးယားငါး (သို့ ) ကကတစ်ငါး - ၁ ကောင်
၂။ ကြက်သားမှုန့် - ထမင်းစားဇွန်း ၁ ဇွန်း
၃။ ရေ - ၁ ခွက်
၎။ သံပုရာသီး -၁ လုံး
၅။ ငရုတ်သီး - ၃ တောင့် (သို့ )၅ တောင့်
၆။ ယိုးဒယားငံပြာရည် -ထမင်းစားဇွန်း ၁ ဇွန်း
၇။ သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၈။ ကြက်သွန်ဖြူ - ၂ တက်
၉။ ဂျင်း - လက်တ ဆစ်
ပြုလုပ်နည်း
၁။ ငါးကိုရေဆေးရ်ျ ရေစစ်ထားပြီး ပန်းကန်ပြားတခုထဲထည့်ထားပါ။
၂။ ဂျင်းကို ညက်အောင်ထောင်းပြီး ဂျင်းမှအ၇ည်ကို ငါးရဲ့ ၂ဖက်လုံးပေါ်ကို ညှစ်ချပါ။ (ဂျင်းဖတ်များမယူပါ။)
၃။ ကြက်သားမှုန့် ကို ရေ တခွက်ထဲတွင် ပျော်သွားအောင်ဖျော်ပါ။
၎။ ကြက်သားမှုန့် ဖျော်ထားသောအရည်ထဲမှ ထမင်းစားဇွန်း ၂ ဇွန်းကို ငါးပေါ်ဆမ်းပါ။ ပြီးနောက် ပေါင်းအိုးထဲတွင်ငါး ကို ၁၅ မိနစ်ခန့် ပေါင်းပါ။
၅။ ဒယ်အိုးတခုထဲတွင် ကျန်သောကြက်သားမှုန့်ေ၇ဖျော်ထားသော အ၇ည်ကို တည်ပါ။ ထို့ နောက် ကြက်သွန်ဖြူ နှင့် ငရုတ်သီးထည့်ပါ။
၆။ ငံပြာရည် နှင့် သကြားကို ထည့်ပါ။ သံပုရာသီးကို အလှဆင်ရန် သုံး ၀ိုင်းလှီးပြီး ကျန်တာကို အ၇ည်ညှစ်ယူပါ။ သံပုရာ၇ည်ကိုနည်းနည်းချင်းထ
၇။ ပြီးလျှင် အိုးထဲမှ အရည်ကို ငါးပေါ်ကိုလောင်းချလိုက်ပါ။ သုံးဆောင်နိုင်ပါပြီ။
(၁ခွက် =240 ml= ရိုးရိုးကော်ဖီခွက် ၁ခွက် = ထမင်းစားဇွန်း ၁၆ဇွန်း)
( ထမင်းစားဇွန်း = 1 tablespoon = 15 ml ၊ လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)
Ei San's Homemade Inspiration
မာလာငါးပေါင်းချက်နည်း
မာလာငါးပေါင်းချက်နည်း
ပါဝင်သောပစ္စည်းများ
၁။ ဆလားဗီးယား ငါး (သို့ ) ကြိုက်နှစ်သက်ရာငါး - ၁ ကောင်
၂။ မာလာငါး အနှစ် (Comment ပုံတွင်ပြထားသောအထုပ်မှ) - ထမင်းစားဇွန်း၂ ဇွန်း (သို့ ) အထုပ် ထဲမှ သုံးပုံတပုံ
၃။ မြေပဲ - ထမင်းစားဇွန်း ၂ ဇွန်း
၎။ လှော်ထားသောနှမ်း - ထမင်းစားဇွန်း ၁ ဇွန်း
၅။ ပါးပါးလှီးထားသော ကြက်သွန်မြိတ် - ထမင်းစားဇွန်း ၁ ဇွန်း ခွဲ (သို့ ) ကြိုက်နှစ်သက် သလောက်
၆။ ပါးပါးလှီးထားသော တရုတ်နံနံ - ထမင်းစားဇွန်း ၁ ဇွန်းခွဲ (သို့ ) ကြိုက်နှစ်သက်သလောက်
၇။ ဂျင်း- လက်တဆစ်
၈။ ဆီ - ထမင်းစားဇွန်း ၁ ဇွန်း
၉။ေ၇ - ထမင်းစားဇွန်း ၄ ဇွန်း
ပြုလုပ်နည်း
၁။ ဂျင်းကိုမညက်တညက်ထောင်းပါ။ သန့် စင်ထားသောငါးကို ပန်းကန်တခုထဲထည့်ရ်ျ ဂျင်း အ၇ည်ကို အပေါ်မှညှစ်ချပါ။ ငါးရဲ့ ၂ဖက်လုံးပေါ် ဂျင်းရည် ညှစ်ပါ။ထို့ နောက် ငါးကို ၁၅ မိနစ် (သို့ ) မိနစ် ၂၀ ခန့် ပေါင်းပါ။ ပန်းကန်ထဲတွင် ပေါင်းထားသော ငါးမှ ထွက်လာသောအ၇ည်များကို သွန်ပစ်ပါ။ (ထိုအ၇ည်များတွင် အညှီနံများပါသွားပါလိမ့်မည်
၂။ မာလာငါးအနှစ်လုပ်၇န်အတွက် အိုးတခုထဲတွင် ဆီ၊ မာလာငါးအနှစ်၊ ရေ တို့ ကို တည်ပါ။အနှစ်များ ကျက်ပြီး အ၇မ်းပူလာလျှင် မီးဖိုမီးပိတ်ပီး မြေပဲ၊နှမ်း၊တရုတ်နံနံ၊ ကြက်သွန်မြိတ်တို့ ကို ထည့်ရ်ျ နှံ့ အောင်မွှေပါ။
၃။ ထို့ နောက် ပြုလုပ်ထားသော မာလာငါးအနှစ်ကို ပေါင်းထားသော ငါးပေါ်ဆမ်းပါ။
၅။ အလွန်အရသာရှိပြီး ပြုလုပ်ရလွယ်ကူတဲ့ မာလာငါးပေါင်းကို ထမင်းပူပူဖြင့်သုံးဆောင်နိ
Ei San's Homemade Inspiration
Thursday, 4 February 2016
သုံးရောင်ခြယ်ကြက်ဥပေါင်း ♡ Three Color Steam Egg
သုံးရောင်ခြယ်ကြက်ဥပေါင်း ♡ Three Color Steam Egg
ကြက်ဥပေါင်းလေးကိုဧည့်ဖိတ်တွေမှာဖြစ်ဖြစ်ကိုယ်အိမ်မှာဘဲဖြစ်ဖြစ်သမရိုးကျပုံစံမဟုတ်ဘဲတမျိုးဆန်းပြားလှပအောင်လုပ်စားကြည့်ရအောင်နော်။
လိုအပ်သောပစ္စည်း
**********
ကြက်ဥ - ၄လုံး
ဆေးဘဲဥ - ၂လုံး
ဆားဘဲဥအစိမ်း - ၂လုံး
ပျားရည် - စားပွဲတင်ဇွန်းတစ်ဇွန်း
ပြင်ဆင်ပြုလုပ်နည်း
**********
၁။ဦးစွာကြက်ဥပေါင်းရန်ရေနွေးပေါင်းအိုးကိုအဆင်သင့်တည်ထားပါ။ ၂။ကြက်ဥကိုအကာနှင့်အနှစ်သီးသန့်ခွဲပြီးခေါက်ထားပါ။
အမြုတ်မထအောင်ခေါက်ပါ။ ၃။ဆေးဘဲဥကိုအခွံခွာပြီးအတွင်းသားမာအောင်ရေဆူတွင် ခဏပြုတ်ပြီးအတုံးလေးများလှီးထားပါ။
၎။ဆားဘဲဥအစိမ်းကိုအကာနှင့်အနှစ်သီးသန့်ထားပါ။
၅။ပေါင်းမည်ပန်းကန်သို့ခွက်တွင်စက္ကူခင်းပြီးဆေးဘဲဥလှီး ထားသည်ကိုထည့်ပါ။
၆။ကြက်ဥအကာကိုပျားရည်နှင့်ဆားဘဲဥအကာတဝက်(အလကားမဖြစ်အောင်ရယ် ဆားထည့်စရာမလိုအောင်)ထည့်
ခေါက်ပြီးဆေးဘဲဥပေါ်မှထည့်ပြီးရေနွေးအိုးတွင်၁၅မိနစ်ခန့်
ပေါင်းပါ။
၇။၁၅မိနစ်ပေါင်းပြီးအပြင်ထုတ်ယူကာကြက်ဥအနှစ်ကိုခေါက်
ပြီးအပေါ်မှလောင်းထည့်ပါ။
၈။အပေါ်ဆုံးမှဆားဘဲဥအနှစ်ကိုထပ်ခြမ်းခြမ်းပြီးစီထည့်ကာ
၁၀မိနစ်ခန့်ထပ်ပေါင်းပါ။
၉။ဆယ်မိနစ်ပြည့်ပါကကျက်မကျက်ကြည့်ကာပေါင်းအိုးမှချကာလှပစွာလှီးဖြတ်တည်ခင်းသုံးဆောင်နိုင်ပါပြီ။
လိုအပ်သောပစ္စည်း
**********
ကြက်ဥ - ၄လုံး
ဆေးဘဲဥ - ၂လုံး
ဆားဘဲဥအစိမ်း - ၂လုံး
ပျားရည် - စားပွဲတင်ဇွန်းတစ်ဇွန်း
ပြင်ဆင်ပြုလုပ်နည်း
**********
၁။ဦးစွာကြက်ဥပေါင်းရန်ရေနွေးပေါင်းအိုးကိုအဆင်သင့်တည်ထားပါ။ ၂။ကြက်ဥကိုအကာနှင့်အနှစ်သီးသန့်ခွဲပြီးခေါက်ထားပါ။
အမြုတ်မထအောင်ခေါက်ပါ။ ၃။ဆေးဘဲဥကိုအခွံခွာပြီးအတွင်းသားမာအောင်ရေဆူတွင် ခဏပြုတ်ပြီးအတုံးလေးများလှီးထားပါ။
၎။ဆားဘဲဥအစိမ်းကိုအကာနှင့်အနှစ်သီးသန့်ထားပါ။
၅။ပေါင်းမည်ပန်းကန်သို့ခွက်တွင်စက္ကူခင်းပြီးဆေးဘဲဥလှီး ထားသည်ကိုထည့်ပါ။
၆။ကြက်ဥအကာကိုပျားရည်နှင့်ဆားဘဲဥအကာတဝက်(အလကားမဖြစ်အောင်ရယ် ဆားထည့်စရာမလိုအောင်)ထည့်
ခေါက်ပြီးဆေးဘဲဥပေါ်မှထည့်ပြီးရေနွေးအိုးတွင်၁၅မိနစ်ခန့်
ပေါင်းပါ။
၇။၁၅မိနစ်ပေါင်းပြီးအပြင်ထုတ်ယူကာကြက်ဥအနှစ်ကိုခေါက်
ပြီးအပေါ်မှလောင်းထည့်ပါ။
၈။အပေါ်ဆုံးမှဆားဘဲဥအနှစ်ကိုထပ်ခြမ်းခြမ်းပြီးစီထည့်ကာ
၁၀မိနစ်ခန့်ထပ်ပေါင်းပါ။
၉။ဆယ်မိနစ်ပြည့်ပါကကျက်မကျက်ကြည့်ကာပေါင်းအိုးမှချကာလှပစွာလှီးဖြတ်တည်ခင်းသုံးဆောင်နိုင်ပါပြီ။
Sofia Food Paradise
Monday, 25 January 2016
ဒင်းမ်ဆမ်းကြက်ခြေထောက်ပေါင်း ♡ Dim Sum Style Steamed Chicken Feet
ဒင်းမ်ဆမ်းကြက်ခြေထောက်ပေါင်း ♡ Dim Sum Style Steamed Chicken Feet
ဒင်းမ်ဆမ်းဆိုင်တွေမှာတည်ခင်းလေ့ရှိတဲ့ကြက်ခြေထောက်ပေါင်းလေးဖြစ်ပါတယ်။ဒင်းမ်ဆမ်းနှစ်သက်သူများအတွက်လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
******
ကြက်ခြေထောက် - အချောင်း ၂၀
ရှီတာခီမှိုခြောက် - လက်တစ်ဆုပ်
မြေပဲဆံ - လက်တစ်ဆုပ်
ကြက်သွန်မိတ်အရင်း - ၃ပင်
ကြက်သွန်ဖြူ - ၃မြောင်း
ဂျင်း - လက်တစ်ဆစ်
နာနတ်ပွင့် - ၃ပွင့်
ငရုပ်သီး- ၃တောင့်
ပဲငံပြာရည် အနှောက် - ၂ဇွန်းစားပွဲဇွန်း
ဟင်းခပ်မှုန့် - ၂ဇွန်း
ခရုဆီ - နှစ်ဇွန်း
ဆား - အနည်းငယ်
ဆီ - ကြော်ရန်
ကြက်သွန်မိတ် -အနည်းငယ်
ရှာလကာရည် -၃ဇွန်း ရေနွေဖျောရန်
ပြင်ဆင်ပြုလုပ်နည်း
**********
(၁)ကြက်ခြေထောက်ကိုရေဆေးသန့်စင်ပြီးရေစစ်ထားပါ။ ခြေသည်းများနှင့်ခြေထောက်အရင်းပိုင်းကိုဖြတ်ထားပါ။
(၂)မီးဖိုပေါ်တွင်ရေနွေးတအိုးကိုရှာလကာရည်ထည့်ပြီးတည်ထားပါ။
(၃)ဆူပွက်ပါကရေစစ်ထားသောကြက်ခြေထောက်ကိုထည့်ပြီး ၃မိနစ်ဖျောကာဆယ်ယူရေအေးလောင်းကာရေစစ်ထားပါ။
(၄)ရေစစ်သွားပါကပဲငံပြာရည်အမဲတစ်ဇွန်းထည့်နယ်ကာနာရီဝက်ခန့်နှပ်ထားပါ။
(၅)အိုးတခုတွင်ဆီများများကိုအပူပေးပြီးနပ်ထားသောကြက်ကိုဆီပူတွင်နီညိုရောင်ရသည်ထိကြော်ပြီးဆယ်ယူကာရေခဲရေစိမ်ပေးပါ။အနည်းဆုံးလေးနာရီမှတညစိမ်ပေးပါ။တညစိမ်ပေးခြင်းဖြင့်နူးညံ့တဲ့ကြက်ခြေထောက်အနေကိုရမှာဖြစ်ပါတယ်။
(၆)ကြက်ခြေထောက်ပေါင်းရန်အတွက်ရှီတာခီမှိုမြေပဲတို့ကိုရေစိမ်ထားပါ။ကြက်သွန်ဖြူကြက်သွန်မိတ်အရင်းဂျင်းငရုပ်သီးတို့ကိုသေးသေးစိတ်ထားပါ။
(၇)ရေစိမ်ထားသောကြက်ခြေထောက်ရလျှင်ဆယ်ယူရေစစ်ထားပြီးပေါင်းရန်အတွက်ဘမ်းတွင်ထည့်ပါ။ဆော့အတွက်ပါဝင်ပစ္စည်းများမှိုမြေပဲကြက်သွန်မိတ်အရင်းဂျင်းကြက်သွန်ဖြူသေးသေးစိတ်ထားသည်တို့ကိုထည့်ပါ။
(၈)ဟင်းခပ်မှုန့်ခရုဆီပဲငံပြာရည်နှမ်းဆီမွေးငရုပ်ကောင်းဆားနာနတ်ပွင့်တို့ကိုထည့်ပြီးသမအောင်မွေပေးပါ။
(၉)အသင့်ပြုလုပ်ထားသောရေနွေးပေါင်းအိုးတွင် မိနစ်၃၀မှ၄၅မိနစ်ခန့်ပေါင်းပါ။
(၁၀)ကြက်ခြေထောက်နူးအိပါကပေါင်းအိုးမှထုတ်ယူကာအိုးတခုတွင်ထည့်ပြီးကြက်ခြေထောက်မှထွက်လာသောဆော့စ်များကိုအနည်းငယ်ပျစ်ပြီးခမ်းအောင်ပြုလုပ်ပြီးပန်းကန်တွင်တည်ခင်းကာနှမ်းနှင့်ကြက်သွန်မိတ်ဖြူးပြီးသုံးဆောင်နိုင်ပါပြီ။
Sofia Food Paradise & တရုပ်အစားအစာများ
ဖက်ထုပ်ကြော် ♡ Chinese Dumpling
ဖက်ထုပ်ကြော် ♡ Chinese Dumpling
ဖက်ထုပ်ကြော်ဖက်ထုပ်ပြုတ်ဆိုတာအားလုံးနဲ့ရင်းနှီးပြီးသားအစားအစာတခုပါ။Dimsumတွေမှာလည်းထည့်ပေးလေ့ရှိပါတယ်။အဓိကတချို့ဒေသတွေမှာဖက်ထုပ်ဖက်ဝယ်မရလို့လုပ်နည်းမေးထားသူများအတွက်ရည်ရွယ်ပြီးအားလပ်ရက်မှာမိသားစုတူတူလုပ်စားနိုင်ဖို့လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ဖက်ထုပ်ဖက်ပြုလုပ်ရန်ပါဝင်ပစ္စည်း
************************
(အချပ် -၄၀)
ဂျုံမှုန့် - ၂၀၀ဂရမ်
ဆား - အနည်းငယ်
ရေ - ၁၁၀ml
ကော်မှုန့် - ၃ဇွန်း
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ဇလုံတခုတွင်ဂျုံနှင့်ဆားထည့်ပြီးသမအောင်မွေပါ။ရေကိုနည်းနည်းဆီထည့်မွေပါ။
(၂)လုံးလာပါကလက်ဖြင့်ဆယ်မိနစ်ခန့်ချောမွတ်လာသည်ထိနယ်ပေးကာပလပ်စတစ်ဖြင့်တနာရီခန့်အုပ်ပြီးနှပ်ထားပါ။
(၃)နှပ်ပြီးပါကဂျုံလုံးကိုလေးပုံအညီအမျှခွဲကာဖုံးအုပ်ထားပါ။
(၄)တပုံကိုခပ်ရှည်ရှည်လိမ့်ပြီးဆယ်ပိုင်းညီတူမျှတူပိုင်းဖြတ်ပါ။
(၅)တစ်ပိုင်းဆီကိုကော်မှုန့်ဖြူးပြီးပြန့်နေအောင်လိုချင်သောအနေထားထိဖြန့်ပြီးအဝိုင်းပြုလုပ်လိုပါကပုံစံခွက်ဖြင့်ဖြတ်ယူပါ။
(၆)ပြီးလျှင်ကော်မှုန့်ဖြူးပြီးအားလုံးကိုထပ်ထားကာလေလုံအောင်ဖုံးထားပြီးဖက်ထုပ်ပြုလုပ်ရန်အသင့်ဖြစ်ပါပြီ။လေးထောင့်ပြုလုပ်လိုပါကအဝိုင်းကြီးဖြန့်ကာကော်မှုန့်ဖြူးပြီးခေါက်ပေးကာအထပ်လိုက်ဓားဖြင့်လှီးဖြတ်နိုင်ပါတယ်။
**ဤအချိုးဖြင့်ပင်အိမ်လုပ်ဂျုံခေါက်ဆွဲပြုလုပ်နိုင်ပါတယ်။
ဖက်ထုပ်အစာပြုလုပ်ရန်
*****************
ကြက်သား -၃၀၀ဂရမ်
ပုဇွန် -၁၀၀ဂရမ်
မြေဇာဥ - ၃လုံး
မုန်လာဥနီ -အနည်းငယ်
ကြက်သွန်မိတ် - ၃ပင်
သို့ (ကျိုချိုက်)
ဆား - လ္ဘက်ဇွန်းတဝက်
ဟင်းခပ်မှုန့် -တစ်ဇွန်း စားပွဲဇွန်း
ခရုဆီ -နှစ်ဇွန်း
နှမ်းဆီမွေး - တစ်ဇွန်း
ငရုပ်ကောင်း - အနည်းငယ်
ကော်မှုန့် /ပြောင်းဖူးမှုန့် - တစ်ဇွန်း
ကြက်ဥ - ၃ဇွန်း
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ပန်းကန်တခုတွင်ကြက်သားပုဇွန်တို့ကိုသေးသေးစိတ်ထည့်ပါ။မြေဇာဥမုန်လာဥကြက်သွန်မိတ်တို့ကိုသေးသေးစိတ်ထည့်ပါ။
(၂)ပါဝင်သောဟင်းစပ်ပစ္စည်းများအားလုံးထည့်ပြီးသမအောင်မွေပေးပါ။
(၃)အားလုံးအသင့်ဖြစ်ပါကပြုလုပ်ထားသောဖက်ပေါ်တွင်အစာတစ်ဇွန်းဆီထည့်ပြီးအနားသားများရေစွတ်ကာလိုချင်သောပုံစံထုပ်ပေးပါပြီးဆီပူတွင်ချကြော်ခြင်းအိုးကင်းကပ်ကြော်ခြင်းပြုတ်ခြင်းတို့ကိုနှစ်သက်သလိုပြင်ဆင်ပြီးအချဉ်ရည်ဖြင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။
Sofia Food Paradise & တရုပ်အစားအစာများ
ဒင်းဆမ်းအသားပေါင်း ♡ Chicken & Prawn Shu Mai (Siu Mai)Steamed Dim Sum Dumpling
ဒင်းဆမ်းအသားပေါင်း ♡ Chicken & Prawn Shu Mai (Siu Mai)Steamed Dim Sum Dumpling
ဒင်းဆမ်းအသားပေါင်းလေးပါ။ဒင်းဆမ်းဆိုင်တွေမှာတော့မပါမဖြစ်လူကြိုက်များတဲ့အသားပေါင်းလေးပါ။နှစ်သက်၇ာအသားကိုစင်းပြီးပုဇွန်နှင့်မှိုတို့ဖြင့်ေ၇ာစပ်ပြီးဖက်ထုပ်ဖက်ဖြင့်ထုပ်ပြီးပေါင်းထားတဲ့အိမ်မှာလုပ်စားရလွယ်တဲ့တ၇ုပ်ဒင်းဆမ်းတမျိုးဖြစ်ပါတယ်။
ပါဝင်ပစ္စည်း
******
ဖတ်ထုပ်ရွက် - ၁၅ရွက်
ကြက်သား+ ကြက်ဆီ - ၃၀၀ ဂရမ်
ပုဇွန် - ၁၀၀ ဂ၇မ်
ဆား - လ္ဘက်ဇွန်း တစ်ဇွန်း
သကြား- ဇွန်းတဝက်
ငရုပ်ကောင်းဖြူမှုန့် - တစ်ဇွန်း
ပြောင်းဖူးမှုန့် - တစ်ဇွန်း
မှိုခြောက် အမဲ - နှစ်ပွင့် ရှီတာခီ
ဂျင်း - သေးသေးစိတ် တစ်ဇွန်း
နှမ်းဆီမွေး - ၂ဇွန်း
ဟင်းချက်ဆီ သို့ သံလွင်ဆီ - တစ်ဇွန်း
မုန်လာဥနီ - နုတ်နုတ်စင်း ၃ဇွန်း
ပြင်ဆင်ပြုလုပ်နည်း
***********
(၁)ပုဇွန်အသားကိုကြိတ်စက်ထဲထည့်ပြီးခပ်ကြမ်းကြမ်းကြိတ်ပြီးဖယ်ထားပါ။ပန်းကန်တခုတွင်ထည့်ပါ။
(၂)ကြက်သားနှင့်ကြက်ဆီအေ၇ာကိုထည့်ကြိတ်ပြီးပုဇွန်ကြိတ်သား ထဲထည့်ပါ။
(၃)ဆား၊သကြား၊ပြောင်းမှုန့်၊နှမ်းဆီ၊ငရုပ်ကောင်းမှုန့်၊သံလွင်ဆီ၊ဂျင်း၊မှိုခြောက်ကိုရေစိမ်ပြီးေ၇ညစ်ကာနုတ်နုတ်စင်း၊တို့ကိုထည့်ပြီးယောင်းမသို့မဟုတ်တူဖြင့်စေးလာအောင်မွေပေးကာအဖုံးအုပ်ပြီးရေခဲသေတ္တာတွင်မိနစ်သုံးဆယ်ခန့်နှပ်ထားပါ။တညကျိုနပ်ထား၍လည်းရပါတယ်။(ဟင်းချက်ဝိုင်အသုံးပြုပါကအနည်းငယ်ထည့်နိုင်ပါတယ်)
(၄)ဖက်ထုပ်ဖက်ကိုလက်ပေါ်တင်ပြီး(လက်ညိုးလက်မ)ကတော့ ပုံစံအချိုင့်ပြုလုပ်ပြီးနှပ်ထားသောအသားကိုထည့်ပါ။အိုးပုံစံလေးရအောင်ပြုလုပ်ပေးကာပေါင်းမည့်အိုးတွင်ဆီစိမ်စက္ကူသို့မဟုတ်ငှက်ပျောဖက်ခင်းကာစီထည့်ပါ။
(၅)တခုနှင့်တခုနေ၇ာအနည်းငယ်ခြားထားပါ။အားလုံးထုပ်ပြီးပါကအသားပေါင်းအပေါ်အလယ်တွင်မုန်လာဥနီနုတ်နုတ်စင်းထားသည်ကိုတင်ပေးပါ။
(၆)ပေါင်းအိုးတွင်ရေတစ်လက်မခန့်ထည့်ပြီးတည်ပါ။ဆူပွက်ပါကအသင့်ပြုလုပ်ပြီးသားဘမ်းကိုတင်ပြီး၇မိနစ်မှ၁၀မိနစ်ခန့်ပေါင်းပြီးထုတ်ယူကာပူပူနွေးနွေးတည်ခင်းသုံးဆောင်နိုင်ပါပြီ။ **ရိုးရာဒင်းဆမ်းတွင်ဆော့မပါ၍နှစ်သက်ရာဆော့စ် သို့မဟုတ် ပဲငံပြာရည်၊ဆီမွေးနှင့်ကြက်သွန်မိတ်တို့ကိုေ၇ာပေးပြီးတွဲဖက်တည်ခင်းနိုင်ပါတယ်။
Sofia Food Paradise & တရုပ်အစားအစာများ
ကြက်ဥဖတ်ထုပ် & Egg Wonton
ကြက်ဥဖတ်ထုပ် & Egg Wonton
ဖတ်ထုပ်ဖက်မပါဘဲကြက်ဥနဲ့ဖတ်ထုပ်ပြုတ်ဖတ်ထုပ်ကြော်လေးလုပ်စားရအောင်နော်။ပြုလုပ်ရတာနည်းနည်းအနုစိတ်ပေမဲ့လုပ်ထွက်လာတော့ပျော်စရာကောင်းပါတယ် ။
လိုအပ်သောပစ္စည်း
**********
ကြက်ဥ - သုံးလုံး
ဆား - အနည်းငယ်
ကြက်ဥကိုဆားအနည်းငယ်ထည့်ပြီးကြေအောင်ခေါက်ထားပါ
အစာသွပ်ရန်လိုအပ်သောပစ္စည်း
*****************
နှစ်သက်ရာအသားစဉ်းထားတာ - တစ်ပန်းကန်
ပဲငံပြာရည် - တဇွန်း
ခရုဆီ - တစ်ဇွန်း
ှနှမ်းဆီမွေး - အနည်းငယ်
ငရုပ်ကောင်း- အနည်းငယ်
ပါဝင်ပစ္စည်းအားလုံးကိုထည့်ပြီးဆီအနည်းငယ်ဖြင့်ကြော်ပေးပါ။ အစိမ်းထည့်လိုကထည့်နိုင်သည်။ကြက်ဥဖတ်ထုပ်ကိုသေခြာပြန်ပြုတ်ရပါမယ်။
ကြက်ဥဖတ်ထုပ်လုပ်နည်း
**************
(၁)အိုးမကပ်သောဒယ်တခုကိုအပူပေးပြီးဆီအနည်းငယ်ထည့်ကာနှံ့အောင်လူးပေးပါ။ကြက်ဥထည့်လိုက်သည်နှင့်ကျက်နိုင်သည့်အနေအထားပူရပါမယ်။အိုးမပူပါကကြက်ဥအရည်ထည့်စဉ်အဝိုင်းအနေထားရရန်ခက်ပါတယ်။
(၂)ခေါက်ထားသောကြက်ဥကိုပုလင်းဖုံးတဖုံးစာခန့်ခပ်ပြီးအိုးထည်းသို့သာသာလေးအဝိုင်းပုံစံရအောင်ထည့်ပါ။
(၃)မီးကိုအတိုးလျော့လုပ်ပေးရပါမယ်။ (၄)ကြက်ဥအပေါ်မျက်နှာပြင်မခြောက်ခင် ကြက်သားကြော်ကိုဇွန်းသေးသေးဖြင့်ခပ်ထည့်ပြီးကြက်ဥအပြားလေးလခြမ်းပုံဖြစ်အောင်ကိုခေါက်ပေးပါ။ ကြက်ဥအတွင်းသားများကပ်သွားပါလိမ့်မယ်။ (၅)ကပ်သွားပါကကြက်ဥဖတ်ထုပ်အနားလေးကိုသာသာဖိပေးပြီး ဟိုဘက်ဒီဘက်လှန်ကြော်ပါ။ ကြက်ဥအကျက်လွန်လျှင်မကပ်ပါ။ မကပ်ပါက ကြက်ဥအရည်လေးဖြင့်တို့ပြီးကပ်ပေးနိုင်ပါတယ်။ (၆)ကြော်ပြီသားဖတ်ထုပ်လေးများကိုပန်းကန်တချပ်တွင်ထည့်ထားပါ။ဖက်ထုပ်ကြော်အဖြစ်တည်ခင်းရန်နှစ်သက်ရာဆော့စ်ဖြင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။
ကြက်ဥသုံးလုံးကိုဖတ်ထုပ်အခုနှစ်ဆယ်ပြုလုပ်နိုင်ပါတယ်။
ဖက်ထုပ်ပြုတ်ပြုလုပ်နည်း
******************
ဟင်းချိုကိုမိမိနှစ်သက်ရာပုံစံချက်နိုင်ပါတယ်။ဟင်းချိုအတွက်ကြက်ပြုတ်ရည်တည်ထားပါ။ဆူပွက်ပါက ပဲကြာဇံနဲ့ပဲရွက်ထည့်ပြီးကြက်ဥဖတ်ထုပ်လေးထည့်ပါ။ အရသာ ငံပြာရည် ခရုဆီ၊ ဆီမွေး၊ ကြက်သွန်ဖြူဆီ ချက်၊ ငရုပ်ကောင်းထည့်ပြီးဆူပွက်ပါကတည်ခင်းသုံးဆောင်နိုင်ပါပြီ။
Sofia Food Paradise
မြေအိုးကြက်ဆီထမင်း & Claypot Chicken Rice
မြေအိုးကြက်ဆီထမင်း & Claypot Chicken Rice
စင်္ကာပူမလေးရှားမှာနာမည်ကြီးလူကြိုက်များတဲ့မြေအိုးကြက်ဆီထမင်းဖြစ်ပါတယ်။သူရဲ့ထူးခြားမှုကထမင်းကိုမြေအိုးနဲ့ချက်ပြီးအရသာနှပ်ထားတဲ့ကြက်သားတို့အားလုံးကိုရောချက်ထားတဲ့သင်းပျံမွေးကြိုင်တဲ့မြေအိုးထမင်းလေးဘဲဖြစ်ပါတယ်။ညစာအဖြစ်အစားများကြတဲ့အတွက်ဆိုင်တွေမှာတော့မြေအိုးပေါင်းများစွာနဲ့အသင့်ချက်ထားပြီးလက်မလည်အောင်ရောင်းကြရပါတယ်။မြေအိုးနဲ့မချက်ဘဲထမင်းပေါင်းအိုးနဲ့လည်းအရသာတူချက်နိုင်သလိုလူကြိုက်များပြီးအရသာထူးခြားချက်ရလွယ်ကူတဲ့မြေအိုးထမင်းချက်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
*********
ဆန် - ၃ခွက် ဆန်ချိန်ခွက်
ကြက်ပြုတ်ရည် - ၄ခွက်ခွဲ ဆန်ချိန်ခွက်
ကြက်သား - ၃၀၀ဂရမ်
ဂျင်း - လ္ဘက်ဇွန်းတဝက်
ပဲငံပြာရည် အကြည် - တစ်ဇွန်း စားပွဲဇွန်း
ပဲငံပြာရည်အမဲ - တစ်ဇွန်း
နှမ်းဆီမွေး -တစ်ဇွန်း
ပြောင်းဖူးမှုန့် /ကော်မှုန့် -တစ်ဇွန်း
ခရုဆီ -တစ်ဇွန်း
ဆား - တစ်ဇွန်း
ငရုပ်ကောင်း - အနည်းငယ်
ဆီ - ၃ဇွန်း
ကြက်သွန်နီကြော် - ဖြူးရန်
ကြက်သွန်မိတ်/နံနံပင်
ငရုတ်သီး -တွဲဖက်စားရန်
❀❀❀ ပုဇွန်ခြောက်သို့မဟုတ်ငါးခြောက်မှိုခြောက်ထည့်လိုပါကဆီဖြင့်သီးသန့်ကြော်ထားပြီးထည့်နိုင်ပါတယ်။
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ကြက်သားကိုအတုံးသေးသေးတုံးပြီးပန်းကန်တခုတွင်ဆားငရုပ်ကောင်းဂျင်းပဲငံပြာရည်အကြည်အမဲခရုဆီနှမ်းဆီမွေးကော်မှုန့်တို့ကိုထည့်ပြီး၁၅မိနစ်ခန့်နှပ်ထားပါ။
(၂)ဆန်ကိုရေဆေးပြီး၁၅မိနစ်ခန့်ရေစိမ်ထားပါ။
(၃)မြေအိုးသို့မဟုတ်ပေါင်းအိုးတွင်ကြက်ပြုတ်ရည်ထည့်ပါ။ဆန်ကိုရေစစ်ပြီးထည့်ပြီးတည်ပါ။
(၄)မြေအိုးဖြင့်ချက်ပါကဆူပွက်ပါကမီးလျော့ထားပါ။ရေခန်းခါနည်းတွင်နှပ်ထားသောကြက်သားများကိုအပေါ်မှဖြန့်တင်ပါ။ဆီဆမ်းပါ။(မှိုခြောက်ပုဇွန်ခြောက်ကြက်အူချောင်းထည့်လိုပါကဆီသပ်ထားပြီးအပေါ်မှတင်ပေးပါ။)
(၅)ပြီးလျှင်အဖုံးလုံအောင်အုပ်ပြီးမီးအေးအေးဖြင့်ထမင်းနှပ်ပြီးကြက်သားကျက်အောင်၁၅မိနစ်ခန့်ထားပါ။အဖုံးမဖွင့်ပါနှင့်။
(၆)ထမင်းနှပ်ပါကကြက်သားအခြားအစာများနှင့်ထမင်းကိုသမအောင်မွေပေးပြီးပူပူနွေးနွေးမွေးကြိုင်နေသည့်မြေအိုးထမင်းကိုကြက်သွန်နီကြော်နံနံပင်ကြက်သွန်မိတ်ငရုပ်သီးတို့ဖြင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။
Sofia Food Paradise
Subscribe to:
Posts (Atom)