မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ
Showing posts with label မုန့်လုပ်နည်းများ. Show all posts
Showing posts with label မုန့်လုပ်နည်းများ. Show all posts

Sunday 8 May 2016

ပုသိမ် ဟာလ၀ါ
















ပုသိမ် ဟာလ၀ါ (အလွယ်နည်း) (လက်ညောင်းတာ တ၀က်ကျော်ကျော်လောက်သက်သာတဲ့ နည်း)

အိစံက အ၇င်က မန္ကလေးမှာနေတော့ ပုသိမ်ဟာလ၀ါကို ကြိုက်ပေမယ့် လက်ဆောင်ပေးမယ့်သူ ရှိမှတို့ ချောင်းသာသွားမှတို့ စားရတယ်။ ချောင်းသာသွားတိုင်းလဲ ပုသိမ်ဟာလ၀ါတွေ အများကြီး ၀ယ်ပြီးစားပလိုက်တယ်။ အခုဒီကိုေ၇ာက်တော့ ပုသိမ်ဟာလ၀ါစားချင်တော့ လုပ်နည်းမေးပြီး လုပ်တာ လက်ကို အ၇မ်းညောင်းကော။ ဒီနည်းလေးက တော့ လက်ညောင်းတော်တော် သက်သာပြီး ခနခန လုပ်စားဖြစ်တဲ့ နည်းလေးပါ။ ထမင်းပေါင်းအိုးနဲ့ ၂ခါ ချက်ပြီးမှ ဒယ်အိုးပေါ်မွှေရတာမို့ လက်ညောင်းတာ တော်တော် သက်သာတာပါ။ လုပ်စားကြည့်နော်။

ပါဝင်သောပစ္စည်းများ (ဗန်း အသေး ၁ ဗန်းစာ)
၁။ ကောက်ညှင်းမှုန့် - ၃ ခွက်
၂။ ရေ - ၄ ခွက်
၃။ အုံးနို့ - ၁ ဗူး (400 ml)
၎။ နွားနို့ - အုံးနို့ နှင့် ဆတူ (အုံးနို့ ထည့်ပြီး အဲ့ဒီသံဗူးနဲ့နွားနို့ ကို ချိန်ထည့်ပါ။)
၅။ ဆား - လက်ဖက်ရည်ဇွန်း တ ၀က်
၆။ သကြား - ၁ ခွက်
၇။ ညောင်စေးကျအောင် ကျိုထားသော ကြံသကာရည် - ၁ ခွက်
၈။ ဆီ - ခွက် တ ၀က် (သို့ ) ထမင်းစားဇွန်း ၈ ဇွန်း
၉။ အရည်ပျော်နေသော ထောပတ် - ခွက်လေးပုံ သုံးပုံ (သို့ ) ထမင်းစားဇွန်း ၁၂ ဇွန်း
၁၀။ ဘိန်းစေ့ - ခွက် လေးပုံ တ ပုံ (သို့ ) ထမင်းစားဇွန်း လေးဇွန်း

ပြုလုပ်နည်း
၁။ ထမင်းပေါင်းအိုးထဲကို ကောက်ညှင်းမှုန့် ၊ရေ နှင့် ဆားကို ထည့်ရ်ျ ကောက်ညှင်းမှုန့် ကို အရည်ဖျော်ပါ။ ထို့ နောက် ထမင်းချက်သလို ချက်ပါ။
၂။ ကျက်လျှင် ထမင်းပေါင်းအိုးထဲသို့ အုံးနို့ ၊နွားနို့ ၊ ကြံသကာရည်၊ဆီ၊ ထောပတ်၊သကြားတို့ ကို ထည့်ရ်ျ သမအောင်မွှေ ပြီး နောက်တခေါက် ထပ်ချက်ပါ။
၃။ ဒုတိယတခါကျက်လျှင် မကပ်သော ဒယ်အိုးထဲသို့ ပြောင်းရ်ျ မီးဖိုပေါ် တင်ပါ။ ဘိန်းစေ့ထည့်ပြီး ဆီပြန်လာသည်အထိ မွှေပါ။ (၁၅ မိနစ်ခန့် မွှေ၇ပါတယ်။)
၎။ ဆီပြန်လာလျှင် အအေးခံပြီး သုံးဆောင်နိုင်ပါပြီ။

( ၁ ခွက် = 240ml = ၇ိုး၇ိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း)
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)


Ei San's Homemade Inspiration မြန်မာ့ မုန့် ပဲသရေစာ နှင့် အချိုပွဲ


ထိုးမုန့်  (အလွယ်လုပ်နည်း)
















ထိုးမုန့်  (အလွယ်လုပ်နည်း)

ထိုးမုန့် ကို အ၇င်က လုပ်တာ လက်အ၇မ်းညောင်းတော့ အလွယ်နည်းလုပ်ကြည့်မယ်ဆိုပြီး စမ်းလုပ်ကြည့်တယ်။ အ၇သာကလဲ နဂိုအတိုင်း တူပြီးလွယ်ကူတာကြောင့် ဒီနည်းလေးနဲ့ လုပ်ရင် မြန်ပြီး စားလို့ လဲကောင်းပါတယ်။ လုပ်စားကြည့်နော်။ တချို့ ကသကြားအညို ကိုသုံးပါတယ်။ အိစံကတော့ သကြားအဖြူပဲသုံးတယ် အေ၇ာင်ညိုနေတာက မြေပဲကနေညိုညိုလေးဖြစ်သွားတာပါ။ မြေပဲ မထည့်ပဲ သီဟိုဉ်စေ့ ကိုပဲသုံးရင်တော့ အဖြူေ၇ာင်လေးဖြစ်နေပါလိမ့်မယ်။

ပါဝင်သောပစ္စည်းများ
၁။ ကောက်ညှင်းမှုန့် - ၄ ခွက်
၂။ သကြား - ၂ ခွက်ခွဲ
၃။ ရေ - ၄ ခွက်
၎။ ထောပတ် (အရည်ပျော်နေသော)- ၁ ခွက်
၅။ ဆီ - ထမင်းစားဇွန်း ၄ ဇွန်း
၆။ ထောင်းထားသောမြေပဲ - ထမင်းစားဇွန်း ၄ ဇွန်း
၇။အသေးလေးတွေတုံးထားသော ဖ၇ုံယို -ထမင်းစားဇွန်း ၄ ဇွန်း
၈။ ခြမ်းထားသော သီဟိုဉ်စေ့ - ထမင်းစားဇွန်း ၄ ဇွန်း
၉ ။ ပါးပါးလှီးထားသော အုံးသီးဖတ် - ၁ ခွက်
၁၀။ ဆား -လက်ဖက်ရည်ဇွန်း လေးပုံ တပုံ
၁၁။ ကြော်ထားသော အုံးသီးဖတ် - ၁ ခွက် ( အပေါ်က အုံးသီးကြော်ဖြူးရန်အတွက်)

ပြုလုပ်နည်း
၁။ ထိုးမုန့် မွှေရန် ယောင်းမ ၂ ချောင်းကို ဆီစိမ်ထားပါ။ (မွှေ၇င် သိပ်မကပ်အောင်လို့ ပါ။)
၂။ ကောက်ညှင်းမှုန့် နဲ့ေ၇ ကို ဖျော်ပါ။ အလုံးလေးများ မကျန်တဲ့ အထိ ခလောက်ပါ။ ပြီးလျှင် ဆား၊ သကြား၊ ဆီ၊ ထောပတ် ထမင်းစားဇွန်း လေးဇွန်း၊ မြေပဲ၊ ပါးပါးလှီးထားသောအုံးသီးဖတ်တို့  ကိုထည့်ရ်ျ သကြားများ အ၇ည်ပျော်သည်အထိ ခလောက်ပါ။
၃။ ဖျော်ထားသော ကောက်ညှင်းမှုန့် ၇ည်ကို ထမင်းပေါင်းအိုးထဲ ထည့်ရ်ျ ထမင်းချက်သလို ချက်ပါ။ ပထမတခေါက် ကျက်လျှင် အ၇ည်များကျန်နေပါသည်။ ပေါင်းအိုးရဲ့ အောက်ခြေကို ထမင်းကောဇွန်း ဖြင့် ကပ်နေသော အ၇ာများကို အသာလေးခွာပြီး နောက်တခေါက် ပြန်ချက်ပါ။ ကျက်လျှင် ၁ နာ၇ီခန့် နှပ်ထားပါ။ ပုံပါအတိုင်း ကောက်ညှင်းများ လုံးသွားပါလိမ့်မည်။
၎။ ထိုးမုန့် လုပ်ရန် အတွက် ဒယ်အိုးကို မီးဖိုပေါ်တင်ပြီး ထမင်းပေါင်းအိုးထဲ မှကောက်ညှင်းလုံးကို ထည့်ပါ။ ထို့ နောက်ဖရုံယို ကိုထည့်၊ ကျန်နေသောထောပတ်ထဲမှ သုံးပုံ တပုံ (ထမင်းစားဇွန်း ၄ ဇွန်း) ကိုထည့်ရ်ျမွှေပါ။ (ယောင်းမ၂ ချောင်းကို အသုံးပြုပြီး မွှေပါ။) အ၇မ်းကပ်လာလျှင် နောက်ထပ် ထောပတ် ထမင်းစားဇွန်း ၄ ဇွန်းကို ထည့် မွှေပါ။ မွှေ၇င်းဖြင့် ထပ်ကပ်လာလျှင် ကျန်နေသော ထောပတ် အကုန်ထည့်ပြီး မွှေပါ။
၅။ အဖြူပစ်ပစ် အေ၇ာင်မရှိတော့ပဲ ကြည်လာသောအေ၇ာင်ပြောင်းလာလျှင် မီးဖိုပေါ်မှ ချရ်ျ ဆီသုတ်ထားသော ဘန်းထဲထည့်အအေးခံပါ။
၆။ အေးလျှင် ကြိုက်နှစ်သက်၇ာ အ၇ွယ်အစားတုံးရ်ျ အပေါ်က အုံးသီးကြော်ဖတ် ဖြူးပြီး သုံးဆောင်နိုင်ပါသည်။

(၁ခွက် =240 ml = ရိုးရိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း)
( ထမင်းစားဇွန်း ၁ ဇွန်း = 1 tablespoon= 15ml)
(လက်ဖက်ရည်ဇွန်း ၁ ဇွန်း = 1 teaspoon= 5 ml)


Ei San's Homemade Inspiration မြန်မာ့ မုန့် ပဲသရေစာ နှင့် အချိုပွဲ


မုန့် ရေပါး (သို့ ) ရေမုန့် (သို့ ) မုန့် ပစ်သလက်အပါး
















မုန့် ရေပါး (သို့ ) ရေမုန့် (သို့ ) မုန့် ပစ်သလက်အပါး

မုန့်ေ၇ပါးကို နေရာဒေသအလိုက် အမျိုးမျိုးခေါ်ကြပါတယ်။ အိစံကတော့ ခေါ်နည်းသုံးမျိုးပဲသိတယ်။ အခြားခေါ်နည်းတွေရှိရင်လဲပြောပြကြနော်။ မုန့် ရေပါးကို ဘုရားပွဲတွေမှာ အမြဲဝယ်စားဖြစ်တယ်။ ဆီတော့များပေမယ့် အ၇မ်းစားကောင်းတယ်။ အိစံအိမ်မှာ လုပ်စားတာကတော့ ဆန်မှုန့် တမျိုးထဲကိုသုံးထားတာပါ။ တချို့ ကတော့ ပဲမှုန့် ထည့်ကြတယ်။ ပဲမှုန့် ထည့်ပြီးစမ်းလုပ်ကြည့်တယ် ဘာမှသိပ်မထူးခြားတာကြောင့် ဆန်မှုန့် တမျိုးထဲကိုပဲ သုံးပြီးလုပ်စားတော့တယ်။ဈေးသည်တွေကတော့ သံဒယ်အိုးကို သုံးလို့ မီးပြင်းပြင်းနဲ့ လုပ်လို့ ရပေမယ့် အိမ်မှာ မကပ်တဲ့အိုးကို သုံးမည်ဆိုလျှင် မီးကို medium လောက်နဲ့ ပဲလုပ်လို့ ရပါတယ်။ မီးမပြင်းမှ ကြွပ်ကြွပ်ရွရွလေး ကို ရမှာပါ။ တချို့ က မုန့်ရေပါးထဲကို ဂေါ်ဖီထုပ်တို့ ပဲပင်ပေါက်တို့ ထည့်စားကြပါတယ်။ အဲတာတွေ ထည့်ရင်တော့ ဒယ်အိုးကို အဖုံးခနအုပ်၇ပါတယ်။

ပါဝင်သောပစ္စည်းများ (၁၀ ချပ်စာအတွက်)
၁။ ဆန်မှုန့် - ၁ ခွက်
၂။ ရေ - ၃ ခွက်
၃။ ဆောဒါမှုန့် (baking soda) -လက်ဖက်ရည်ဇွန်း လေးပုံတပုံ
၎။ ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
၅။ ပဲပြုတ် - လက်တဆုပ်စာ
၆။ ပါးပါးလှီးထားသော နံနံပင် - အနည်းငယ်
၇။ ခ၇မ်းချဉ်သီး - ၂ လုံး (ပါးပါးလှီးထားပါ။)
၈။ ပါးပါးလှီးထားသော ငရုတ်သီး - အနည်းငယ်
၉ ။ မဆလာ နှင့် ဆား (မုန့် အပေါ်မှဖြူး ၇န်အတွက်)
၁၀။ ဆီ
၁၁။ ကြက်ဥ (မထည့်လဲရ)

ပြုလုပ်နည်း
၁။ ဆန်မှုန့် ၊ရေ၊ ဆောဒါမှုန့် နှင့် ဆားတို့ကို ဇလုံတခုထဲတွင် ဖျော်ထားပါ။ ဆောဒါမှုန့် မရှိလျှင် မုန့် အ၇ည်ကို အနည်းဆုံး ၄ နာရီခန့် နှပ်ထားပါ။ အိစံကတော့ ဆောဒါ ထည့်ပြီးလဲ နှပ်ထားတတ်ပါတယ်။ ပိုကြွပ်ပါတယ်။ မနှပ်ထားပဲ ပြုလုပ်လို့ လဲရပါတယ်။
၂။ မုန့် ပြုလုပ်မည့် မကပ်တဲ့ အိုးကို မီးဖိုပေါ်မှာ အပူပေးပါ။ medium heat နဲ့ ပဲ အပူပေးပါ။ ပူလာလျှင် ဆီကို ထမင်းစားဇွန်း တ၀က်ခန့် ထည့်ရ်ျ အိုးကို ကိုင်ပြီး ဆီများ အိုးအနှံ့ ဖြစ်အောင် ဖြန့် ပါ။
၃။ ဆီပူလာလျှင် မုန့် ၇ည် အနှစ်ကို ယောက်ချိုဇွန်း နဲ့ မခပ်ခင် အ၇င်ပြန်မွှေပါ။ ထို့ နောက် ယောက်ချိုဇွန်း တ၀က်ကြော်ကြော်ကို ခပ်ပြီး ဒယ်အိုးရဲ့ အလယ်မှ ထည့်ပါ။ မုန့် ရည်ထည့်နေစဉ်တွင် လက်တဖက်က ဒယ်အိုးကို ကိုင်ထားပါ။ တဖက်က မုန့် ၇ည်ကိုထည့်နေတုံး တဖက်က ဒယ်အိုးကိုကိုင်ပြီး စက်ဝိုင်းဝိုင်းသလို အိုးကိုလှုပ်ပေးပါ။ မုန့် ရည်အနှစ်တွေ ဒယ်အိုးအနှံ့ ပြန့် သွားအောင်လို့ ပါ။ (ယောက်ချိုဇွန်း ထဲကမုန့် ရည်အနှစ်တွေ အကုန်ထည့်စရာမလိုပါ။) မုန့် ရည်မေ၇ာက်သော ပေါက်နေသောနေ၇ာကိုမုန့် ၇ည်အနည်းငယ်ဖြည့်ပါ။
၎။ ထို့ နောက် မုန့် ပေါ်ကို ဆီပုတ်ပေးပါ။ (အ၀တ်ပါးကိုတူမှာပတ်ပြီး ဆီစွတ်ပါ။) ဆီပုတ်စရာအလွယ် တကူမရှိလျှင် မုန့် ၇ဲ့ ဘေးသားပတ်ပတ်လည်ကို ဆီ ထမင်းစားဇွန်း ၁ ဇွန်း ခန့် ဝိုက်ပြီးထည့်ပါ။
၅။ ကြက်ဥ နဲ့ ပြုလုပ်မည်ဆိုလျှင် ကြက်ဥ ၁ လုံးလုံးထည့်လျှင် မကောင်းပါ။ ပျော့သွားတတ်သည်။ ခလောက်ထားသော ကြက်ဥ ၁ လုံးမှ တ ၀က်ကို ထည့်မှ ပိုစားကောင်းပါတယ်။ မုန့် ရည်အနှစ်ကို ၁ မိနစ်ခန့် မီးဖိုပေါ်မှာ ထားပြီးမှ ခလောက်ထားသော ကြက်ဥ တ၀က်ကို ထည့်ပါ။
၆။ ထို့ နောက် ပဲပြုတ်၊ ခရမ်းချဉ်သီး၊ နံနံပင် နှင့် ငရုတ်သီးတို့ ကို ထည့်ပါ။ အပေါ်မှ ဆားအနည်းငယ်နှင့် မဆလာ အနည်းငယ်ကို ဖြူးပေးပါ။
၇။ မုန့် ရဲ့ ဘေးသားများ နီပြီး ကြွပ်လာလျှင် မုန့် ကိုခေါက်ရ်ျ မီးဖိုပေါ်မှချပါ။
၈။ အလွန်စားကောင်းပြီး ကြွပ်ရွနေတဲ့ မုန့် ရေပါးကို သုံးဆောင်နိုင်ပါပြီ။

(၁ ခွက် =240 ml= ရိုးရိုးကော်ဖီခွက် တခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း) (ထမင်းစားဇွန်း = 1 tablespoon = 15 ml) ( လက်ဖက်ရည်ဇွန်း = 1 teaspoon = 5ml)


Ei San's Homemade Inspiration မြန်မာ့ မုန့် ပဲသရေစာ နှင့် အချိုပွဲ


မုန့် ဆီကြော် ကြွပ်ကြွပ်လေး
















မုန့် ဆီကြော် ကြွပ်ကြွပ်လေး

အိစံ ငယ်ငယ်ကတည်းက အ၇မ်းကြိုက်တဲ့ မုန့် ဆီကြော်ကြွပ်ကြွပ်လေးပါ။ မုန့် ဆီကြော်ကို တချို့ က ပျော့ပျော့လေး ကြိုက်ကြတယ်။ အိစံကတော့ ကြွပ်ကြွပ်လေးကို ပိုကြိုက်လို့ မီးအေးအေးနဲ့ကြွပ်အောင် ကြော်ထားပါတယ်။ အိမ်မှာ ငယ်ငယ်ကတည်းက လာကြော်ပေးနေတဲ့ အန်တီကြီးတယောက် သင်ပေးထားတဲ့နည်းပါ။

ပါဝင်သောပစ္စည်းများ
၁။ ကောက်ညှင်းမှုန့် - ၁ ခွက် (သို့ ) ထမင်းစားဇွန်း ၁၆ ဇွန်း
၂။ ဆန်မှုန့် - ခွက်လေးပုံတပုံ (သို့ ) ထမင်းစားဇွန်း ၄ ဇွန်း
၃။ ဆောဒါ (baking soda) - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
၎။ ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
၅။ ညောင်စေးကျအောင်ကြိုထားသော ထန်းညက်၇ည် - ထမင်းစားဇွန်း ၄ ဇွန်း
၆။ ရေ - ခွက်လေးပုံ သုံးပုံ (သို့ ) ထမင်းစားဇွန်း ၁၂ ဇွန်း
၇။ နှမ်း - ထမင်းစားဇွန်း တ ၀က်
၈။ ထောင်းထားသော မြေပဲ - ထမင်းစားဇွန်း ၁ ဇွန်း
၉။ ပါးပါးလှီးထားသော အုံးသီးဖတ်
၁၀။ ကြော်ရန် ဆီ

ပြုလုပ်နည်း
၁။ ကောက်ညှင်းမှုန့် ၊ဆန်မှုန့် ၊ ဆောဒါ၊ဆား၊ ရေတို့ ကိုေ၇ာရ်ျ သမအောင် မွှေပါ။ ထို့ နောက် ထန်းညက်၇ည်ကို ထည့်ရ်ျ သမအောင်မွှေပါ။ မှုန့် အနှစ်ကို တည နှပ်ထားပါ။ (တချို့ လဲ မနှပ်ပဲကြော်ကြပါတယ်။)
၂။ ကြော်ခါနီးတွင် မှုန့် နှစ်ထဲကို နှမ်းနဲ့ မြေပဲထောင်းထည့်ရ်ျ သမအောင်မွှေပါ။
၃။ မုန့် ဆီကြော်ရန် အတွက် ဒယ်အိုးကို အပူပေးရ်ျ ဆီပူလာလျှင် ယောင်းမဖြင့် မုန့် နှစ်ကို မွှေရ်ျ ခပ်ပါ။ ပြီးနောက်ဒယ်အိုးထဲကိုမိမိလိုချင်သည့်အ၇ွယ်အစား ကိုလောင်းထည့်ပါ။ အပေါ်ကနေ အုံးသီးဖတ် ဖြူးပါ။ မီးအေးအေးဖြင့်ကြော်ပါ။
၎။ အကြွပ်ကြိုက်လျှင် ကြာကြာကြော်ပါ။ အပျော့ကြိုက်ရင် ခနလောက်ကြော်ပြီးလျှင် ဆီစစ်ထားပါ။
၅။ မုန့် ဆီကြော် ကြွပ်ကြွပ်လေးကို သုံးဆောင်နိုင်ပါပြီ။

(၁ ခွက် = 240ml = ရိုးရိုးကော်ဖီခွက် ၁ ခွက်) (ထမင်းစားဇွန်း = 1 tablespoon = 15ml) (လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

Ei San's Homemade Inspiration မြန်မာ့ မုန့် ပဲသရေစာ နှင့် အချိုပွဲ


ထန်းလျက်ကြော် (မြန်မာချောကလက်)
















ထန်းလျက်ကြော် (မြန်မာချောကလက်)

မြန်မာရိုးရာ ထန်းလျက် ကလေးကို ချောကလက်လို လုပ်ပြီး ဧည့်သည် ကိုဧည့်ခံလို့ လဲ ကောင်းပါတယ်။ ကိုယ်တိုင်အိမ်မှာစားလို့ လဲ အရမ်းကောင်းတဲ့ ထန်းလျက်ကြော်ပါ။ အိစံငယ်ငယ်ကတည်းက အရမ်းကြိုက်လို့ ဒီတခါ မြန်မာပြည်ပြန်တော့ ငယ်ငယ်တည်းက ကျွေးတဲ့ အန်တီတယောက်ဆီက နေ သင်လာခဲ့ ပါတယ်။ လုပ်နည်းသိတော့လဲ အရမ်းကိုလွယ်ကူပါတယ်။

ပါဝင်သောပစ္စည်းများ
၁။ ထန်းလျက် ခဲ အညို (အသေး) - ၁၀ သား (ထန်းလျက်ခဲ အတုံးကြီးများကို သုံးလျှင် သဲပါတတ်ပါသည်။)
၂။ ဆီ - ထမင်းစားဇွန်း ၁ ဇွန်း

ပြုလုပ်နည်း
၁။ မကပ်သောဒယ်အိုးကို အသုံးပြုလျှင် ပိုကောင်းပါသည်။ မွေ မည့် ယောင်းမကို ဆီသုပ်ထားပါ။
၂။ ထန်းလျက်ခဲ များကို ငရုတ် ကျည်ပွေ့ ဖြင့် ထုထားပါ။ ကြေနေအောင် ထုစရာမလို ပါ။
၃။ လင်ဗန်း တခုကို ဆီသုတ်ထားပါ။
၎။ ဒယ်အိုးကို အသေးပဲ အသုံးပြုပါ။ ဒယ်အိုးကို မီးအေးအေးဖြင့် မီးဖို ပေါ်တင်ရ်ျ ဆီထည့်ပါ။ ဆီ ကျက်လျှင် ထုထားသော ထန်းလျက် ခဲများကို ထည့်ပါ။ ထန်းလျက် ခဲများ အရည်ပျော် လျှင် အိုးပေါ်မှ ချပါ။ ( မီးပြင်းလျှင် တူးသွားတတ်သည်။)
၅။ ထို့ နောက် ထန်းလျက် အရည်များကို ဆီသုတ်ထားသော လင်ဗန်းပေါ်သို့ လောင်းပါ။ အအေးခံ ရ်ျ ကြိုက်နှစ်သက်သော အရွယ်လှီးရ်ျ သုံးဆောင် နိုင်ပါပြီ။


Ei San's Homemade Inspiration မြန်မာ့ မုန့် ပဲသရေစာ နှင့် အချိုပွဲ


လက်ဖက်ကော်ပြန့် စိမ်း
















လက်ဖက်ကော်ပြန့် စိမ်း

အခြားနိင်ငံက လူတွေကအိစံကို ဘယ်နိုင်ငံကလဲလို့ မေးရင် မြန်မာလို ဖြေလိုက်တဲ့ အခါ သူတို့ ဘာပြန်ပြောကြလဲဆိုတော့ ...အော် နင်တို့ မြန်မာအစားအစာလေ မုန့် ဟင်းခါး နဲ့ လက်ဖက်(tea leaf salad) အ၇မ်းကောင်းတယ်ဆိုပြီးပြောကြတယ်။ လက်ဖက်သုပ်ကို သူတို့ အရမ်းကြိုက်ပါတယ်။ လက်ဖက်သုပ်စားပြီး သူတို့ ပြောတာတခုရှိတယ် (Heaven in the mouth) တဲ့ ပါးစပ်ထဲမှာ နတ်ပြည်ရောက်သွားသလိုပဲပေါ့နော်။ သူတို့ က ပဲလှော်ကြော်အစုံနဲ့ လက်ဖက်အရသာကို အရမ်းကြိုက်ပါတယ်။ ဒါပေမယ့် သူတို့ ကြိုက်တဲ့ လက်ဖက်သုပ်ပုံစံက ဖွဖွလေးသုပ်တာကိုပို ကြိုက်တယ်။ တချို့ မြန်မာဆိုင်တွေက လက်ဖက်ကို ဆလပ်ရွက်နဲ့ သုပ်တယ်။ အခုကတော့ သူတို့ တွေလဲ ကြိုက် မြန်မာတွေလဲကြိုက်တဲ့ လက်ဖက်ကို ကော်ပြန့် စိမ်းလေးနဲ့ လိပ်ကြည့်ထားတာပါ။ အကုန်လုံးကြိုက်လိမ့်မယ်ထင်ပါတယ်။ လုပ်စားကြည့်နော်။

ပါဝင်သောပစ္စည်းများ
၁။ လက်ဖက်ချဉ်ငံစပ်
၂။ ပုဇွန်ခြောက်ထောင်း
၃။ ခရမ်းချဉ်သီးအချဉ်သီး (ပါးပါးလှီး)
၎။ ဂေါ်ဖီထုပ် (ပါးပါးလှီး)
၅။ ဆလပ်ရွက်
၆။ ငရုတ်သီးစိမ်း (ပါးပါးလှီး)
၇။ ပဲလှော်ကြော်အစုံ

ပြုလုပ်နည်း
၁။ ကော်ပြန့် စိမ်းအရွက်ကိုပျော့ အောင် ရေနွေးနွေးထဲမှာ စိမ်ပါ။ (ရေနွေးနွေးကို ပြုလုပ်ပုံမှာ ရေအေး ၂ခွက်၊ ရေနွေး ၁ ခွက် ရောပါ။)
၂။ ပျော့ လာသော ကော်ပြန့် စိမ်းအရွက်ကို ခင်း ၊ အဲဒီ အပေါ်မှာ ဆလပ်ရွက်ကိုတင် ပြီးရင် ပုဇွန်ခြောက်မှုန့် ကိုဖြူး ၊ ဂေါ်ဖီထုပ်၊ လက်ဖက်၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း၊ ပဲလှော်ကြော် တို့ ကို ထည့်ရ်ျလိပ်ပါ။

(အလှဆင်ချင်လျှင် ခ၇မ်းချဉ်သီးကို အပြင်ကို ထားပြီးလိပ်လို့ လဲရပါတယ်။ လက်ဖက်ကို ဂေါ်ဖီထုပ်၊ ခရမ်းချဉ်သီး ပုဇွန်ခြောက်တို့ နဲ့ သုပ်ပြီး ထည့်လိပ်လို့ ရပါတယ်။ ချက်ချင်းစားမယ်ဆိုရင် သုပ်ပြီးမှလိပ်တာပိုကောင်းပါတယ်။)



Ei San's Homemade Inspiration မြန်မာ့ မုန့် ပဲသရေစာ နှင့် အချိုပွဲ


အုန်းပေါင်းငှက်ပျောသီးကြော်


















အုန်းပေါင်းငှက်ပျောသီးကြော

လုပ်နည်းကတော့လွယ်ပါတယ် ထမင်းပေါင်းအိုးနဲ့ လုပ်စားလို့ ၇တယ်
ပါဝင်ပစ္စည်း
ကောက်ညှင်းဆန် ၂ခွက် (ထမင်းပေါင်းအိုးထဲကချိန်တဲ့ ခွက်နဲ့ )
ဆား လက်ဖက်ရည်ဇွန်း လေးပုံတပုံ
ခြစ်ပြီးသားအုံးသီးဖတ် ၁ ခွက်
ပြုလုပ်နည်း
ကောက်ညှင်းဆန် နှင့် ဆား ကို ရေဆေးပြီး ညကတည်းက ရေအမှတ် ၂ အောက်နည်းနည်းလျော့ပြီး စိမ်ထားပါ။ မနက်ကျ၇င် ထမင်းချက်တဲ့ ခလုပ်ကိုနှိပ်ပြီး တည်လိုက်ပါ။ ကောက်ညှင်းကျက်ကျက်ချင်းပဲ ခြစ်ပြီးသားအုန်းသီးဖတ် ခွက် သုံးပုံတပုံကို ကောက်ညှင်းထဲေ၇ာရ်ျ အိုးကို ပြန်ပိတ်ပြီး နှပ်ထားပါ။ (အုန်းသီးဖတ်မစားတဲ့ သူတွေ အတွက်ဆိုရင် ကောက်ညှင်းပေါ်မှာ အုံးသီးဖတ် ကို တင်ပြီး နှပ်ထားပါ။ )စားခါနီး မှ အုန်းပေါင်းပေါ်မှာ ကျန်တဲ့ အုန်းသီးဖတ်ကို တင်ပါ။ အ၇မ်းမွှေးတဲ့ အုန်းပေါင်း ပါ။ ငှက်ပျောသီး က ကြော်ခါနီးအထိ မပျော့သေးရင် အခွံမခွာခင် နည်းနည်း လှိမ့်လိုက်ပြီး ကြော်ပါ။


Ei San's Homemade Inspiration မြန်မာ့ မုန့် ပဲသရေစာ နှင့် အချိုပွဲ


မန္တလေး ငှက်ပျောပေါင်း



















မန္တလေး ငှက်ပျောပေါင်း

မန္တလေးက ခေါင်းရွက်နွားနို့ သည် တွေဆီမှာအိစံတို့ ကြိုက်လွန်းလို့ ခဏခဏ ၀ယ်စားနေကြရတဲ့ ငှက်ပျောပေါင်းပါ။ မန္တလေး ငှက်ပျောပေါင်းက ရန်ကုန်ငှက်ပျောပေါင်းလို အုံးနို့ နဲ့ မဟုတ်ပါဘူး။ နွားနို့ နှင့်လုပ်တာပါ။ လုပ်ရတာလဲ အ၇မ်းကိုလွယ်ကူပါတယ်။

ပါဝင်သောပစ္စည်းများ
၁။ ထန်းညက်အညို - ၁၀ ကျက်သား
၂။ ကျက်ပြီးသားနွားနို့ - ၁ လီတာ
၃။ ငှက်ပျောသီး - ၁၀ လုံး
၎။ ဆား - အနည်းငယ်
၅။ အုံးသီးဖတ်- ၁ ခွက်
၆။ ရေ - ၃ လီတာ

ပြုလုပ်နည်း
၁။ ငှက်ပျောပေါင်းပြုလုပ်မည့် ရေ ၅လီတာလောက်ဆံ့တဲ့ အိုးထဲမှာ ရေ၊ ထန်းညက်၊ ဆားအနည်းငယ်ကို တည်ပါ။ ထန်းညက် နှင့် ဆားအ၇ည်ပျော်သွား၇င် တဖက်က အိုးခံပြီး ရေစစ်နှင့် စစ်ပါ။ ထန်းညက် ထဲမှအမှိုက်များ ပါရင် စစ်သွားအောင်လို့ ပါ။
၂။ စစ်ပြီးသော ထန်းညက်ရည်ထဲတွင် ငှက်ပျောသီးများထည့်ပြီး နာရီဝက်ခန့် မီးအေးအေးဖြင့် တည်ထားပါ။အ၇ည် အ၇မ်းပစ်သွား၇င်ေ၇အနည်းငယ်ထပ်ထည့်ပါ။ ငှက်ပျောသီးများပျော့ပြီး အချိုရည်များဝင်သွားပါလိမ့်မည်။
၃။ အဲနောက် နွားနို့ ကိုထည့်ရ်ျ မီးအေးအေးနှင့်ပဲတည်ပါ။ နွားနို့ ကိုထည့်ပြီးချိန်တွင် နွားနို့ ပွက်လာရင် ဝေကျတက်လို့ ဂရုတစိုက်မွှေပေးပါ။ မလိုင်အဖတ်လေးတွေရလာပါလိမ့်မည်။ လိုချင်တဲ့ အချိုရည် အနေအထားနဲ့ မလိုင်ဖတ်များများရလာချိန်တွင် မီးဖိုပေါ်မှချပါ။
၎။ ငှက်ပျောပေါင်းလေးကိုထည့် အုံးသီးဖတ်ကို အပေါ်က ဖြူး အချိုထက်ကြိုက်ရင် သကြားပါဖြူးပြီး စားနိုင်ပါပြီ။

Ei San's Homemade Inspiration မြန်မာ့ မုန့် ပဲသရေစာ နှင့် အချိုပွဲ


သီးမွှေးနှင့်လုပ်တဲ့ မန္တလေးငှက်ပျောပေါင်း
















သီးမွှေးနှင့်လုပ်တဲ့ မန္တလေးငှက်ပျောပေါင်း


ဖီးကြမ်းငှက်ပျောသီးကိုအလွယ်တကူဝယ်လို့ မရတဲ့ နေရာကလူတွေအတွက်စမ်းလုပ်ကြည့်ထားတာပါ။ ညီမလေးတယောက်နဲ့ သူငယ်ချင်းတယောက်က သူတို့ နေတဲ့ နေရာမှာ ဖီးကြမ်းမရှိဘူး သီးမွှေးနဲ့ ကောဆိုလို့ လုပ်ကြည့်လိုက်တာ။ သီးမွှေးနဲ့ ပေါင်းတာ က ပိုမွှေးပြီး ပိုချိုတယ်။စားလို့ ကောင်းတယ်။ လုပ်နည်းကတော့တူတူပါပဲ။ သီးမွှေးကပိုချိုတော့ ထန်းလျက်ကိုလျော့ထည့်ထားပါတယ်။ ပြန်တော့ရေးပေးလိုက်မယ်နော်။

ပါဝင်သောပစ္စည်းများ
၁။ ထန်းညက်အညို - ၅ ကျက်သား
၂။ ကျက်ပြီးသားနွားနို့ - ၁ လီတာ
၃။ သီးမွှေး ငှက်ပျောသီး - ၁၀ လုံး
၎။ ဆား - အနည်းငယ်
၅။ အုံးသီးဖတ်- ၁ ခွက်
၆။ ရေ - ၃ လီတာ

ပြုလုပ်နည်း
၁။ ငှက်ပျောပေါင်းပြုလုပ်မည့် ရေ ၅လီတာလောက်ဆံ့တဲ့ အိုးထဲမှာ ရေ၊ ထန်းညက်၊ ဆားအနည်းငယ်ကို တည်ပါ။ ထန်းညက် နှင့် ဆားအ၇ည်ပျော်သွား၇င် တဖက်က အိုးခံပြီး ရေစစ်နှင့် စစ်ပါ။ ထန်းညက် ထဲမှအမှိုက်များ ပါရင် စစ်သွားအောင်လို့ ပါ။
၂။ စစ်ပြီးသော ထန်းညက်ရည်ထဲတွင် ငှက်ပျောသီးများထည့်ပြီး နာရီဝက်ခန့် မီးအေးအေးဖြင့် တည်ထားပါ။အ၇ည် အ၇မ်းပစ်သွား၇င်ေ၇အနည်းငယ်ထပ်ထည့်ပါ။ ငှက်ပျောသီးများပျော့ပြီး အချိုရည်များဝင်သွားပါလိမ့်မည်။
၃။ အဲနောက် နွားနို့ ကိုထည့်ရ်ျ မီးအေးအေးနှင့်ပဲတည်ပါ။ နွားနို့ ကိုထည့်ပြီးချိန်တွင် နွားနို့ ပွက်လာရင် ဝေကျတက်လို့ ဂရုတစိုက်မွှေပေးပါ။ မလိုင်အဖတ်လေးတွေရလာပါလိမ့်မည်။ လိုချင်တဲ့ အချိုရည် အနေအထားနဲ့ မလိုင်ဖတ်များများရလာချိန်တွင် မီးဖိုပေါ်မှချပါ။
၎။ ငှက်ပျောပေါင်းလေးကိုထည့် အုံးသီးဖတ်ကို အပေါ်က ဖြူး အချိုထက်ကြိုက်ရင် သကြားပါဖြူးပြီး စားနိုင်ပါပြီ။


Ei San's Homemade Inspiration မြန်မာ့ မုန့် ပဲသရေစာ နှင့် အချိုပွဲ


မုန့် လက်ကောက်ကြော်
















မုန့် လက်ကောက်ကြော်

ပါဝင်သောပစ္စည်းများ
၁။ ကောက်ညှင်းမှုန့် - ၄ ခွက် 
၂။ ဆန် မှုန့် - ၁ ခွက် 
(အိမ်မှာ ပွဲလုပ်တိုင်း လာလာကူပေးတဲ့ အန်တီကြီးက ငယ်ငယ်လေးကတည်းက သင်ပေးထားတဲ့ နည်းပါ ။ကောက်ညှင်းလေးပုံ ဆန်မှုန့် ၁ပုံဆိုပြီးသင်ပေးထားပါတယ်။ ကောက်ညှင်းနှင့် ပတ်သတ်တဲ့ မုန့် တော်တော်များများ အဲဒီနည်းနဲ့ လုပ်ပါတယ်။)
၃။ ဆား - လက်ဖက်ရည်ဇွန်း တ ၀က်
၎။ ဆိုဒါ (အပွမှုန့် ) - လက်ဖက်ရည် ဇွန်း လေးပုံတပုံ
၅။ ထန်းညက် - ၁၅ ကျပ်သား (သို့ ) ၂ ခွက်
၆။ ရေ - ၂ခွက် နှင့် ခွက် လေးပုံတပုံ
၇။ ကြော်ရန်ဆီ

ပြုလုပ်နည်း
၁။ ကောက်ညှင်းမှုန့် ၊ ဆန်မှုန့် ၊ဆား ၊ ဆိုဒါတို့ ကိုရောပါ။ ပြီးလျှင် ရေ ၂ ခွက်ကို အရင်ထည့်ပြီး နယ်ပါ။ အလုံးလုံးလို့ ၇တဲ့ အနေအထားဆိုရင် ကျန်ရေ လေးပုံတပုံကို မထည့်ပါနှင့် ။ မရသေးရင် ရေလေးပုံတပုံကို ဖြေးဖြေးချင်းထည့်နယ်ပါ။ ထို့ နောက် ရေခဲ သေတ္တာထဲတွင် ၄ နာရီခန့် နှပ်ထားပါ။(ေ၇ခဲသေတ္တာထဲမနှပ်ထားရင်ဆီပေါက်တတ်ပါသည်။)
၂။ ထန်းလျက် ကို ဆားအနည်းငယ်ထည့်၊ ရေထည့်ပြီး ထန်းလျက် အရည်ပျော်အောင်တည်ပါ။ အရည်ပျော်လျှင် ရေစစ်နှင့် အမှိုက်များ စင်သွားအောင် စစ်ပါ။ စစ်ထားသော ထန်းလျက်ရည်များကို ကြွက်မြှီးတန်းအောင်အထိတည်ပြီး မီးဖိုပေါ်မှချပါ။
၃။ ကြော်ရန်ဆီကို အပူပေးပါ။(ဒယ်အိုးကို ဇောက်နက်သောဒယ်အိုးကိုသုံးပါ။) နှပ်ထားသော မုန့် နှစ်များကို မုန့် လက်ကောက်လုပ်ရန် အလုံး လုံးပြီး ရှည်ရှည်လေးတွေရအောင်လက်နှင့်လှိမ့်ပြီး ထိပ်၂ ခုကိုဆက်ပြီး ဆီထဲထည့်ကြော်ပါ။ မုန့် လက်ကောက်များကို ဆီထဲ မြု ပ်အောင်ထည့်ပါ။ (ဆီအပေါ်ပေါ်နေရင်လဲ ဆီပေါက်တတ်ပါသည်။)
၎။ မုန့် လက်ကောက်များ ကြွပ်လာလျှင် ဆီအိုးထဲမှဆယ်ရ်ျ ဆီစစ်ထားပါ။ ထန်းလျက်ရည် ဖြင့်သုံးဆောင်နိုင်ပါပြီ။

( ၁ ခွက် = 240 ml = ရိုးရိုးကော်ဖီခွက် ၁ ခွက်) ( လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)


Ei San's Homemade Inspiration မြန်မာ့ မုန့် ပဲသရေစာ နှင့် အချိုပွဲ


စတော်ဘယ်ရီ ဆနွင်းမကင်း
















စတော်ဘယ်ရီ ဆနွင်းမကင်း

အသစ်အဆန်းလေးနဲ့ အချိုပွဲလေးစားချင်သူများအတွက် စတော်ဘယ်ရီဆနွင်းမကင်းပါ။ စတော်ဘယ်ရီ အနံမွှေးမွှေးလေးနဲ့ အရမ်းကိုစားကောင်းတဲ့ အချိုပွဲလေးပါ။

ပါဝင်သောပစ္စည်းများ
၁။ စတော်ဘယ်ရီ - ၂၅ ကျပ်သား (သို့ ) ၁ ပေါင်(စတော်ဘယ်ရီ ခြင်းကြီးတခြင်းစာ)
၂။ နို့ စိမ်း - ခွက် တ ၀က် (ထမင်းစားဇွန်း ၈ ဇွန်း)
၃။ နို့ ဆီ - ခွက် တ၀က် (ထမင်းစားဇွန်း ၈ ဇွန်း)
၎။ သကြား - ခွက် လေးပုံသုံးပုံ (ထမင်းစားဇွန်း ၁၂ ဇွန်း)
၅။ ရွှေကြည်- ခွက် တ၀က် ( ထမင်းစားဇွန်း ၈ ဇွန်း)
၆။ ဂျုံမှု န့် - ခွက် တ၀က် (ထမင်းစားဇွန်း ၈ ဇွန်း)
၇။ အုံးသီးဖတ် - ခွက် တ ၀က် (ထမင်းစားဇွန်း ၈ ဇွန်း)
၈။ ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
၉။ ထောပတ် - ထမင်းစားဇွန်း ၄ ဇွန်း(ထောပတ်က ခဲနေတာ ကိုသုံးလျှင် ပိုကောင်းပါသည်။ အရည်ပျော်နေလျင် အရည်ကျဲကျဲဖြစ်တတ်ပါသည်။ မခဲလျှင် ရေခဲသေတ္တာထဲ ခနထည့်ထားပြီးမှ သုံးလျှင် ပိုကောင်းပါသည်။)
၁၀။ စားသောဆိုးဆေး အနီေ၇ာင်- ၂ စက်
၁၁။ ဘိန်းစေ့ - အနည်းငယ်

ပြုလုပ်နည်း
၁။ စတော်ဘယ်ရီကို ရေဆေးပြီး အညှာချွေထားပါ။ oven ကို ၃၅၀ ' F (175'C) မှာအပူပေးထားပါ။
၂။ စတော်ဘယ်ရီကို လက်နှင့်ခြေပါ။ နို့ ဆီ၊ နို့ စိမ်း၊ သကြား၊ ဆား ၊ ထောပတ်၊ စားသောဆိုးဆေး အနီေ၇ာင်တို့ ကို blender ထဲထည့်ပြီး မွှေပါ။ (အိမ်မှာ လက်နှင့်ခြေတာကော စက်နှင့်ခြေတာကော ၂ မျိုးလုပ်ကြည့်တာ လက်နှင့်ခြေတာက ပိုကောင်းပါသည်။)
၃။ ထို့ နောက် ဇလုံတခုထဲသို့ ထည့်ရ်ျ ဂျုံမှုန့် ၊ ရွှေကြည်တို့ ဖြင့်သမအောင်မွှေပါ။
၎။ မုန့် ဖုတ်မည့် ဗန်းကို ထောပတ်(သို့ )ဆီသုတ်ပြီး မုန့် အနှစ်များကို ထည့်ပါ။ အပေါ် မှ ဘိန်းစေ့ များ နှံ့ အောင်ဖြူးပြီး အပူချိန် ၃၅၀ 'F (175'C) မှာ ၄၅မိနစ် ဖုတ်ပါ။
၅။ အအေးခံရ်ျ ကြိုက်သော အရွယ်ဖြတ်ပြီး သုံးဆောင်နိုင်ပါပြီ။

(၁ ခွက် = 240 ml = ရိုးရိုးကော်ဖီခွက် တခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း)
(ထမင်းစားဇွန်း = 1 tablespoon = 15 ml) ( လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)


Ei San's Homemade Inspiration မြန်မာ့ မုန့် ပဲသရေစာ နှင့် အချိုပွဲ


ငှက်ပျောဆနွင်းမကင်း
















ငှက်ပျောဆနွင်းမကင်း

ဆနွင်းမကင်းတွေထဲမှာတော့ ငှက်ပျောဆနွင်းမကင်းကို အကြိုက်ဆုံးပါပဲ။ အဲတာကြောင့် နည်းအမျိုးမျိုး နဲ့ စမ်းလုပ်ကြည့်ခဲ့ တယ်။ ဒီနည်းကတော့ အကောင်းဆုံးနဲ့ လူကြိုက်အများဆုံးပါပဲ။ ဒီနည်း နဲ့ လုပ်ပြီး ၄ နှစ်ဆက်တိုက် နိဗ္မာန် ဈေး မှာရောင်းတာ အရမ်းေ၇ာင်းကောင်းလို့ အများကြီးလှူ ဖြစ်ခဲ့ပါတယ်။ အဲတာကြောင့် သူများတွေ လဲသိအောင်လို့ မျှဝေပေးတာပဲ။ အိစံ နဲ့ ခင်တဲ့သူတွေကိုတော့ တော်တော်များများ ပြောပြခဲ့ဘူးပြီးသားပါ။

ပါဝင်သောပစ္စည်းများ (ဘန်းအကြီး ၁ ဘန်းစာ)
၁။ သီးမွှေး ငှက်ပျောသီးမှည့်မှည့် - ၈ လုံး (သို့ ) သေးရင် ၉ လုံး
၂။ အုံးသီးဖတ် - ၁ ခွက်
၃။ ရွှေကြည် - ၁ ခွက်
၎။ ဂျုံ မှုန့် - ၁ ခွက် နှင့် ခွက်လေးပုံ တပုံ
၅။ သကြား - ၁ ခွက် ခွဲ
၆။ ဆား -လက်ဖက်ရည်ဇွန်း တ ၀က်
ရ။ အုံးနို့ - ၄၀၀ ml
၈။ ထောပတ် - ထမင်းစားဇွန် ၈ ဇွန်း (သို့ ) ခွက် တ ၀က်
၉။ ဘိန်းစေ့ - အနည်းငယ်
၁၀။ စားသောဆိုးဆေး အနီေ၇ာင် - ၄ စက် (သို့) ၅ စက် (လျော့ထည့်လို့ လဲရပါတယ်။မထည့်လို့ လဲရပါတယ်။)

ပြုလုပ်နည်း
၁။ ငှက်ပျောသီးကို လက်ဖြင့် ခြေပါ။ (အရမ်းကျေရန်မလိုပါ။)
၂။ blender ထဲသို့ အုံးသီးဖတ်၊ ထောပတ် နှင့် အုံးနို့ ကို ထည့်ရ်ျ မွှေပါ။ (ထောပတ်က ခဲနေတာ ကိုသုံးလျှင် ပိုကောင်းပါသည်။ အရည်ပျော်နေလျင် အရည်ကျဲကျဲဖြစ်တတ်ပါသည်။ မခဲလျှင် ရေခဲသေတ္တာထဲ ခနထည့်ထားပြီးမှ သုံးလျှင် ပိုကောင်းပါသည်။)
၃။ ဇလုံ တခုထဲတွင် ငှက်ပျောသီး ၊ ခြေထားသောအုံးသီးဖတ် အနှစ်၊ သကြား၊ ဆား၊ ရွှေကြည်၊ ဂျုံမှုန့် ၊ ဆိုးဆေး အနီေ၇ာင်တို့ ကိုရောရ်ျ သမအောင်မွှေပါ။
၎။ မုန့် ဖုတ်မည့် ဗန်းထဲကို ဆီ (သို့ ) ထောပတ်သုတ်ထားပါ။ ထို ဗန်းထဲသို့ မုန့် အနှစ်များကို ထည့်ပြီး အပေါ်မှ ဘိန်းစေ့ များကို ဖြူးပေးပါ။
၅။ ၃၅၀'F (175'C) မှာ အပူပေးထားသော oven ထဲတွင် ၁ နာရီ ထည့်ဖုတ်ပါ။ ပြီးရင် အအေးခံရ်ျ ကြိုက်နှစ်သက်ရာ အရွယ် ဖြတ်ရ်ျ သုံးဆောင်နိုင်ပါသည်။

( ၁ခွက် = 240 ml = ရိုးရိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း) ( ထမင်းစားဇွန်း = 1 tablespoon= 15 ml ) ( လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)


Ei San's Homemade Inspiration မြန်မာ့ မုန့် ပဲသရေစာ နှင့် အချိုပွဲ


ကော်ဖီနို့ စိမ်းသာဂူပြင်














ကော်ဖီနို့ စိမ်းသာဂူပြင် (ဘန်းအသေး ၁ခုစာအတွက်)

ကော်ဖီ ကြိုက်သူများအတွက် ကော အုံးနို့ ကြောက်သူများအတွက်ကော အလွန်ကောင်းတဲ့ ကော်ဖီနို့ စိမ်းသာဂူပြင်လေးပါ။ သာဂူပြင် အပေါ်လွှာ အရသာက ကူလ်ဖီးမလိုင် အရသာလို ပါပဲ။ အရမ်း စားကောင်းပါတယ်။

ပါဝင်သောပစ္စည်းများ
၁။ သာဂူစေ့ - ၁ ခွက် (အသေးဆုံး သာဂူစေ့)
၂။ သကြား - ၁ ခွက်
၃။ သကြားမပါသော Black coffee -၁ ခွက်
၎။ ရေ - ၃ ခွက် ခွဲ
၅။ နို့ ဆီ - ၁ ဗူး
၆။ နို့ စိမ်း - ၁ ဗူး ခွဲ
၇။ ဂျုံမှုန့် - ထမင်းစားဇွန်း ၃ ဇွန်း
၈။ ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ

ပြုလုပ်နည်း
၁။ သာဂူစေ့ကို ရေဆေးပြီးေ၇ပြန်စစ်ထားပါ။
၂။ အိုးအကြီးတခုထဲတွင် ရေ၊ ကော်ဖီ၊ ဆား ၊ သကြားတို့ ကို ပွက်လာသည်အထိ တည်ပါ။
၃။ ပွက်လာလျှင် မီးဖိုကို medium heat မှာထားရ်ျ သာဂူစေ့များထည့်အဆက်မပျက် မွှေပါ။
၎။ ၁၅ မိနစ် (သို့) မိနစ် ၂၀ အဖြူစံ သေးသေးလေးကျန်သော အချိန်တွင် မီးဖိုပေါ်မှ ချရ်ျ ဆီသုတ်ထားသော ဗန်းထဲထည့်ရ်ျ အအေးခံပါ။
၅။ သာဂူ အအေးခံထားချိန်တွင် အိုးကြီးကြီးတအိုးထဲတွင် နို့ စိမ်း ၊ နို့ ဆီ၊ ဂျုံမှုန့် တို့ ကိုထည့်ရ်ျ ဂျုံမှုန့် သမသွားသည်အထိ ခလောက်ပါ။ ( နို့ စိမ်းများဝေကျတတ်သောကြောင့် အိုးကြီးကြီးကို သုံးပါသည်။)
၆။ ပြီးလျှင် မီးအေးအေး တွင် တည်ပါ။ အဆက်မပျက် မွှေပေးပါ။ မိနစ် ၂၀ လောက်မွှေပြီးလျှင် နို့ ဆီလို အပစ်အနေအထား ရလျင် မီးဖိုပေါ်မှ ချရ်ျ အအေးခံထားသော သာဂူပေါ်သို့ ညီညီညာညာ ဖြန့် ထည့်ပါ။
ရ။ oven ကို အပူချိန် အမြင့်ဆုံးမှာ ၃ မိနစ်ခန့် ဘာမှ မထည့်ပဲ အပူပေးထားပါ။
၈။ ထို့ နောက် အမြင့်ဆုံးအပူချိန် ထားထားသော oven ထဲတွင် ၁၅ မိနစ် (သို့ ) မိနစ် ၂၀ ထည့် ဖုတ်ပါ။ (အပေါ်ယံ အလွှာ နည်းနည်းညို လာလျှင် ရပါပြီ။)
၉။ လုံးဝအေးသွားမှ သာဂူပြင်ကို လှီးပါ။ သုံးဆောင်နိုင်ပါပြီ။

( ၁ ခွက် = 240 ml = ရိုးရိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း) ( ထမင်းစားဇွန်း = 15 ml = 1 tablespoon) ( လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)



Ei San's Homemade Inspiration မြန်မာ့ မုန့် ပဲသရေစာ နှင့် အချိုပွဲ


ကန်စွန်းဥယို
















ကန်စွန်းဥယို

ဒီ ကန်စွန်းဥယို ကတော့ အိစံ အဘွားရဲ့ ညီမ (အဘွား အပျိုကြီး) အမြဲလုပ်နေကျလေးပါ။ အရမ်းမွှေး အရမ်းစားကောင်းလွန်းတဲ့ ကန်စွန်းဥယို မို့ အဘွား ဆီကနေ ရအောင်သင်ထားခဲ့ တာ။ ပါဝင်သောပစ္စည်းလဲ သိပ်မများသလို လုပ်နည်းကလဲ လွယ်ကူပါတယ်။

ပါဝင်သောပစ္စည်းများ
၁။ ကန်စွန်းဥ - ၁ ပိသာ
၂။ သကြား - ၂၅ ကျပ်သား (အချိုကြိုက်လျှင် ပိုထည့်ပါ။)
၃။ ဆား - လက်ဖက်ရည် ဇွန်း လေးပုံတပုံ
၎။ ထောပတ် - ၁၀ သား
၅။ ဆီ - ၁၀ သား
၆။ ခြစ်ပြီးသား အုံးသီးဖတ် - ၃ ခွက် (ရိုးရိုးကော်ဖီခွက်)
ရ။ စပျစ်သီးခြောက် - အနည်းငယ်
၈။ သီဟိုငှ်စေ့- အနည်းငယ် (ပုံထဲတွင် မပါပါ)

ပြုလုပ်နည်း
၁။ ကန်စွန်းဥ ကို ပျော့သည်အထိပြုတ်ထားပါ။
၂။ ပြုတ်ပြီးသား ကန်စွန်းဥများကို အအေးခံပြီး အနှစ်များရအောင် ဇကာဖြင့်တိုက်ပါ။
၃။ ယိုထိုးမည့် ဒယ်အိုးထဲတွင် ဆီ နှင့် ထောပတ်ကို ထည့်ရ်ျ အပူပေးပါ။ ပူလာလျှင် ကန်စွန်းဥထည့်ပါ။
၎။ ထို့ နောက် သကြား၊ ဆား၊ အုံးသီးဖတ်များထည့်ရ်ျ အဆက်မပျက် မွှေပါ။
၅။ မိနစ် ၃၀ ခန့် မွှေပြီးနောက် အညိုေ၇ာင်သန်းလာပြီး မွှေးရ်ျ ဆီပြန်လာပါလိမ့်မည်။
၆။ ဆီပြန်လာလျှင် စပျစ်သီးခြောက်နှင့် သီဟိုငှ်စေ့ ကို ထည့်ရ်ျ ခနမွှေပါ။ ပြီးနောက် မီးဖိုပေါ်မှချရ်ျ အအေးခံပါ။ သုံးဆောင်နိုင်ပါပြီ။
( ကန်စွန်းဥ ယို ကို လေလုံသော ဗူးထဲမှာ ထည့် ၊ ရေခဲသေတ္တာထဲတွင် ၂ လ (သို့ ) ၃ လ သိမ်းထားနိုင်ပါသည်။)

( ၁ ခွက် = 240 ml = ရိုးရိုးကော်ဖီခွက် ၁ ခွက်) ( လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)



Ei San's Homemade Inspiration မြန်မာ့ မုန့် ပဲသရေစာ နှင့် အချိုပွဲ


မုန့် ပစ်စလက် (သို့ ) မုန့် ပျားသလက် ( သို့ ) မုန့် ပစ်သလက်
















မုန့် ပစ်စလက် (သို့ ) မုန့် ပျားသလက် ( သို့ ) မုန့် ပစ်သလက်

မုန့် ပစ်စလက်ကို မနက်စာပဲစားစား ညနေ အစာပြေပဲစားစား အ၇မ်းကို စားလို့ ကောင်းပါတယ်။ နှမ်းထောင်းမွှေးမွှေးလေးနဲ့ အလွန် အ၇သာရှိတာပါ။ အိမ်မှာလဲ အလွယ်တကူလုပ်စားလို့ ၇လို့ လုပ်စားကြည့်နော်။

ပါဝင်သောပစ္စည်းများ
၁။ ဆန်မှုန့် - ၃ ခွက်
၂။ ရေ - ၄ ခွက်
၃။ တဆေး (yeast) - လက်ဖက်ရည်ဇွန်း ၁ ဇွန်း ခွဲ
၎။ ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၅။ ပဲပြုတ် - လက်တဆုပ်စာ
၆။ ကြက်သွန်မြိတ်(ပါးပါးလှီး) - ၂ ပင် (သို့ ) ၃ ပင်
၇။ ဆီ

နှမ်းထောင်း အတွက် - နှမ်းလက်ဖက်ရည်ဇွန်း ၃ ဇွန်း နှင့် ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း တို့ ကို ထောင်းထားပါ။

ပြုလုပ်နည်း
၁။ ဆန်မှုန့် ၊ ရေ၊ ဆားနှင့်တဆေးတို့ ကို အ၇ည်ဖျော်ပြီး တည သိပ်ထားပါ။ အနည်းဆုံး ၈ နာရီခန့် ထားပါ။(နောက်နေ့ မနက်စား၇န်အတွက်)
၂။ မကပ်သော ကြက်ဥကြော်သော အ၇ွယ် ဒယ်အိုးကို သုံးရင် ပို အဆင်ပြေပါတယ်။ ဒယ်အိုး အကြီးကိုသုံးမည် ဆို၇င် မုန့် အနှစ်ထဲ မှာေ၇လျော့ထည့်ပါ။ (မုန့် သားမထူမှာစိုးလို့ ပါ။)
၃။ ဒယ်အိုးထဲကို ဆီ အနည်းငယ် (ဆီစွတ်၇ုံ) ထည့်ပြီး medium heat ဖြင့် အပူပေးပါ။ အိုး ပူလာလျှင် တညသိပ်ထားသော မုန့် နှစ်ကို ယောက်ချိုဇွန်း ၁ ဇွန်းခွဲ ခန့် ထည့်ပါ။ ပြီးလျှင် အပေါ်မှ ပဲပြုတ် နှင့် ကြက်သွန်မြိတ်ကို ဖြူး ထည့်ပါ။ (မီးအေးအေး medium heatနှင့်ပဲလုပ်ပါ။)
၎။ မုန့် သား မှာအပေါက်ကလေးများဖြစ်လာလျှင် အပေါ်မှ အဖုံးအုပ်ပြီး ၁ မိနစ် ခန့် ထားပါ။
၅။ ထို့ နောက် မီးဖိုပေါ်မှ ချရ်ျ နှမ်းထောင်းလေးဖြူးပြီး သုံးဆောင်နိုင်ပါပြီ။

(၁ ခွက် = 240ml = ရိုးရိုးကော်ဖီခွက် ၁ ခွက်)(ထမင်းစားဇွန်း = 1 tablespoon = 15 ml) ( လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

Ei San's Homemade Inspiration မြန်မာ့ မုန့် ပဲသရေစာ နှင့် အချိုပွဲ


Saturday 30 January 2016

ရှမ်းဟင်းထုပ်






















ရှမ်းဟင်းထုပ် 

ရှမ်းအစားအစာတမျိုးဖြစ်တဲ့ဟင်းထုပ်ကိုပုံစံအမျိုးမျိုးပြုလုပ်တာတွေ့ရပါတယ်။အချို့ကကြက်သွန်မိတ်တမျိုးသာအသုံးပြုပြီးအချို့ကမုန်လာထုပ်၊ငှက်ပျောဖူး၊ကြက်သွန်ဖူး၊ကြက်သွန်နီတို့ကိုအသုံးပြုကြပါတယ်။သတ်သတ်လွတ်ဟင်းထုပ်ဖြစ်ပါတယ်။အသားဖြင့်ပြုလုပ်လိုပါကမိမိနှစ်သက်ရာအသားငါးတို့ဖြင့်ထည့်သွင်းပြုလုပ်နိုင်ပါတယ်။
ပါဝင်ပစ္စည်း
******
ကြက်သွန်မိတ် - တဆယ်သား
ဆန်မှုန့် - တဆယ်သား
ကော်မှုန့် သို့ ကောက်ညင်းမှုန့် - ၃ ဇွန်း စားပွဲတင်ဇွန်း
ဆီ - တစ်ဇွန်း
ဂျင်းကြက်သွန်ဖြူ - ဇွန်းတဝက်
ဟင်းခပ်မှုန့် - တစ်ဇွန်း
ဆား - လိုသလောက်
္နနနွင်းမှုန့် - အနည်းငယ်
ရေ - အနည်းငယ်
ငါးဟင်းထုပ်ပြုလုပ်ပါက ငါးအသားပြားထွင်ပြီးသား - လိုသလောက်
ငှက်ပျောဖက် ထုပ်ရန်
တွဲဖက်စားသုံးရန်
**********
ကြက်သွန်ဖြူဆီချက်
ဂျူးမြစ်
ငရုပ်သီးကြော်
ပြင်ဆင်ပြုလုပ်နည်း
**********
(၁)ဦးစွာကြက်သွန်မိတ်ကိုရေဆေးသန့်စင်ပြီးလက်တဆစ်ခန့်ဖြတ်ထားပါ။
(၂)ပါဝင်ပစ္စည်းအားလုံးကိုဇလုံတခုတွင်ထည့်ပြီး ရေကိုဖြည်းဖြည်း ဆီထည့်ပြီးနယ်ပေးပါ။
(၃)ငှက်ပျောဖက်ကိုမီးကင်ပြီးသန့်ရှင်းကာကတော့ပုံလုပ်ပြီးစပ် ထားသောမှုန့်နှစ်ကိုထည့်ပါ ။ ငါးထည့်လိုကထည့်ပြီးလုံအောင်ပိတ်ပြီးပေါင်းခံအိုးတွင်ထည့်ပြီးမီးပြင်းပြင်းဖြင့်နာရီဝက်ခန့်ပေါင်းပြီးကြက်သွန်ဖြူဆီချက်၊ဂျူးမြစ်၊ငရုပ်သီးကြော်တို့ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။


Sofia Food Paradise