မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday 23 January 2016

ငါးသေတ္တာဗူး သုပ်
















ငါးသေတ္တာဗူး သုပ်
*****************
ငါးသေတ္တာဗူး ပြား........၁ဗူး
ကြက်သွန်နီ.................၂လုံး.
ခရမ်းချဉ်သီး.................၂လုံး
ငရုတ်သီးစိမ်း.. .............၃တောင့်
စပါးလင်......................၂ပင်(အဖြူရောင်သာ)
ပူဒီနံ သို့ နံနံပင်.. .........အနည်းငယ်
သံပုရာသီး.. ...............၁လုံး
ပထမဆုံး ငါးသေတ္တာဗူး ကို (၁၅)မိနစ်ခန့်ပြုတ်ပြီးရေအေးပြန်စိမ်ကာအအေးခံထားပါ။
ထိုသို့ပြုလုပ်ခြင်းက..ဘက်တီးရီးယားပိုးကိုသေစေပြီးသင့်ကျန်းမာရေးကိုကာကွယ်ပြီးသားဖြစ်စေမှာပါ။
ထိုစဉ်အတွင်းပါဝင်သောအသီးအရွက်များကို
ပါးပါးလှီးပါ။
ပြုတ်ထားသော ငါးသေတ္တာဗူး ကိုဖောက်ပြီး
လိုအပ်ပါက..၂_၃ ပိုင်း..ပိုင်းပါ။
ပါဝင်သောအသီးအရွက်များရောထည့်ကာဆား၊ဟင်းခတ်မှုန့်၊သံပုရာရည်ညှစ်ပြီး
ခပ်ဖွဖွနယ်ပေးပါ။
နံနံပင် သို့ပူဒီနာအရွက်လေးများအလှဆင်ပြီးချက်ချင်းသုံးဆောင်ပါ။

ပာင်းချက်နည်းများ  

No comments:

Post a Comment