မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ
Showing posts with label ချက်နည်းပြုတ်နည်းများ. Show all posts
Showing posts with label ချက်နည်းပြုတ်နည်းများ. Show all posts

Saturday 23 January 2016

ဘဲကင်

















Layရဲ့ဘဲကင်နည်းမျှဝေပေးပါရစေနော်
New year မှာကင်စားလို့ရကြအောင်ပါ။
ကိုယ်တိုင်လုပ်စားတော့ ဈေးလဲသက်သာပြီးသန့်ရှင်းလပ်ဆပ်စွာစားရတာမို့
အချက်အပြုတ် ဝါသနာပါသူများကိုယ်တိုင်လုပ်စားကြည့်ကြပါလားရှင့်။ဘဲကင်ကိုရေစစ်အောင်ကင်ထားရင် ၃ရက်လောက်ထားထားလို့ရတာကြောင့်ဆိုင်ရောင်သမားတွေအနေနဲ့တရက်တည်းနဲ့ရောင်းမကုန်ရင် ထားပြီးရောင်းကြတာပါ။..ပြန်နွေးလိုက်ရောင်းလိုက်နဲ့မို့...ကိုယ်တိုင်ကင်စားတာဟာအကောင်းဆုံးပဲလို့..ထင်မိပါတယ်ရှင့်။..layကိုအမြဲတမ်းအားပေးကြတဲ့.ပရိတ်သတ်များအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေရှင့်။
ပါဝင်ပစ္စည်းများ
============
ဘဲ၁ပိဿာ ခန့်တစ်ကောင်
ဆားထမင်းစားဇွန်း ..၁ဇွန်း
ငရုပ်ကောင်းမှူန့်.......၁ဇွန်း
ပဲငံပြာရည်....၁ဇွန်း
သကြား......၂ဇွန်း
လျှာလကာရည်....ခွက်ဝက်
လိမ္မော်ရောင်food Colour ..၂စက်ခန့်
ကြက်သွန်ဖြူ...တစ်ဥ
ဂျင်းလက်တဆစ်ခန့်
နှမ်းဆီ.....ထမင်းစားဇွန်း၃ဇွန်း
ပြုလုပ်နည်း
=========
ဘဲကိုဝမ်းဗိုက်အတွင်းကလီစာများထုတ်၍
ဆေးကြောသန့်စင်ထားပါ။.ကြက်သွန်ဖြူနဲ့ဂျင်းကိုညှက်အောင်ထောင်းထားပြီးဆားပဲငံပြာရည်ငရုပ်ကောင်းမှူန့်တို့နဲ့ရောစပ်ပြီး..ဘဲရဲ့ ဝမ်းဗိုက်အတွင်းပိုင်းသို့နန့်စပ်အောင် သုပ်လိမ်းပြီးဝမ်းဗိုက်အတွင်းသို့လေအနည်းငယ်မုတ်ထည့်ပြီး.အပေါက်ဝကိုသွားထိုးတုတ်ဖြင့် ထိုးပိတ်ပါ..သကြားနဲ့လျှာလကာရည်ကိုကျိုပြီးလိမ္မော်ရောင် ဆိုးဆေးအငယ်နဲ့ရောပြီးဘဲ၏အပြင်ပိုင်းကိုနန့်အောင်သုပ်လိမ်းပါ။ပြီးပါက နာရီဝက်ခန့်လေ သလပ်ကာအခြောက်ခံထားပါ..ပန်ကာဖြင့်မုတ်ပေးလဲရပါတယ်။Ovenထဲ မီးအပူချိန် 180°အပေါ်မီးအောက်မီး ၁၅မီနစ်ခန့်အပူပေးထားပြီးမှ ဘဲထည့်ကင်ပါ.အောက်ထပ်မှာ.ဗန်းခံထားပါဆေးကြောရလွယ်အောင်ခဲစက္ကူခံထားလို့ရပါတယ်။မီနစ်၅၀ခန့် ကင်ပေးပါ...၂၅မီနစ်တခါဖွင့်ကြည့်ပြီးနှမ်းဆီသုတ်လိမ်းပေးပါ...ဆီလိမ်းရခြင်းက ဘဲသားရေ အရောင်လှဖို့နဲ့ကြွတ်ကြွတ်လေးရဖို့ဖြစ်ပါတယ်ရှင့်။မီနစ်၅၀ပြည့်ပါက အနံ့အရသာနဲ့ပြည့်စုံတဲ့ဘဲကင်လေးရပါပြီးရှင့်။ဘဲကင်ကိုအအေးခံပြီးမှ မိမိနှစ်သက်သလိုခုတ်ပိုင်းပြီးသုံးဆောင်နိုင်ပါပြီးရှင့်။Oven မရှိပါက မီးသွေးဖိုပေါ်သံဇကာတင်ပြီးဘဲကိုခဲစက္ကူဖြင်အလုံပတ်ကာကင်နိုင်ပါတယ်ရှင့်။
မှတ်ချက်
=======
အချိုမှုန့် \ဟင်းခတ်မှူန့် မသုံးထားပါ ဘဲ၏ သဘာဝအချိုဓာတ်ကိုကအရသာရှိပြီးသားမို့ပါ။ဘဲသားဟာကြက်သားနဲ့မတူပဲအရမ်းနူးညံ့ပါတယ်။ဒါကြောင့်မို့မသုံးတာပါ။

Thida lay lay

ကြက်သားကြော်နည်း ၃မျိုး


ကြက်ငရုပ်သီးအစပ်ကြော်




















ကြက်တောင်ပံနှမ်းကပ်ကြော်




















ကြက်သားခရမ်းချဉ်သီးဆော့စ်ကြော်






















Layရဲ့ကြက်သားကြော်နည်း ၃မျိုးမျှဝေပေးပါရစေနော်
(၁)...ကြက်ငရုပ်သီးအစပ်ကြော်
=======================
Cp.ကြက်ပေါင်လေးတွေကိုအသုံးပြုပါကပိုစားကောင်းပါတယ်။ကြက်သားကို..ဆား\သကြား\ငရုပ်ကောင်းမှူန့်\.ဟင်းခတ်မှူန့် အနည်းငယ်နဲ့.. ငရုပ်သီးဆောစ့်တို့နဲ့ရောနယ်ကါ တစ်နာရီခန့်နှပ်ထားပါ။
ကြက်ဥတစ်လုံးခန့်ကြေအောင်ခေါက်ထားပါ။
ဒယ်အိုးထဲဆီသန့်ခပ်များများထည့်ကာအပူပေးပါ။ကြက်သားကို ကြက်ဥရည်ဖြင်နှစ်ပေးပြီးဆန်မှူန့်အနည်းငယ်နဲ့လူးပြီး.ဆီပူပူထဲကြွတ်တဲ့ထိ၁၀မီနစ်ခန့်ကြော်ပြီးမီးအရှိန်လျှော့ကာ၁၅မီနစ်ခန့်ကြွတ်အောင်ကြော်ကာဆီစစ်အအေးခံထားပါ.စားကာနီး..ငရုပ်သီး ဆောစ့်ဖြင့်လောင်းကာသုံးဆောင်နိုင်ပါပြီးရှင့်။
(၂)ကြက်တောင်ပံနှမ်းကပ်ကြော်
====================
ကြက်သားကိုဆေးကြောသန့်စင်ပြီး
ဆား.ငရုပ်ကောင်းမှူန့်.\.သကြား.\.ဟင်းခတ်မှူန့် တို့ဖြင့်ရောနယ်ကာ..၁နာရီခန့်နှပ်ထားပါ။
ဒယ်အိုးထဲဆီပူအောင်တည်ပြီးနှပ်ထားသောကြက်သားများကိုကြက်ဥရည်န်ဲနှစ်ပြီးနှမ်းဖြူနဲ့လူးကာ.ဆီပူပူထဲ ၁၀မီနစ်ခန့်ကြော်ပြီးမီးအရှိန်လျှော့ကာ၁၅မီနစ်ခန့်ကြွတ်အောင် ကြွတ်အောင်ကြော်ပြီးဆီစစ်အအေးခံကာ..သုံးဆောင်နိုင်ပါပြီးရှင့်။
(၃)ကြက်သားခရမ်းချဉ်သီးဆော့စ်ကြော်
============================
ကြက်သားကိုဆေးကြောသန့်စင်ပြီး..ဆား..\ဟင်းခတ်မှူန့်\ ငရုပ်ကောင်းမှူန့်\သကြား\ခရမ်းချဉ်သီးဆောစ့်တို့ဖြင့်..ရောနယ်ကာ၁နာရီခန့်နှပ်ထားပါ။
ဒယ်အိုးထဲဆီပူအောင်တည်ပြီး..ကြက်သားထည့်ကာမီနစ်၁၀ခန့်မီးပြင်းပြင်းနဲ့ကြော်ပြီးမီးအရှိန်လျှော့ကာ၁၅မီနစ်ခန့်ကြွတ်အောင်ကြော်ပြီးဆီစစ်အအေးခံကာခရမ်းချဉ်သီးဆောစ့်ဖြင့်တွဲဖက်စားသုံးနိုင်ပါပြီးရှင့်။

Thida lay lay

ကြက်အချင်းတိုင်နဲ့ဥဒိန် ဆီပြန်မဆလာချက်နည်း


















ကြက်အချင်းတိုင်နဲ့ဥဒိန် ဆီပြန်မဆလာချက်နည်း..ဒီချက်နည်းက lay ရဲ့မေမေဆီကနည်းကိုအတုယူပြီးချက်ထားတာပါရှင့်
=================
ပါဝင်ပစ္စည်းများ
==========
#######
ကြက်သား....၄၀သားခန့်
ငရုပ်ပုသီး....၄တောင့်
ကြက်သွန်နီ.. .၃ဥ
ကြက်သွန်ဖြူ...၂တက်
ဂျင်းလက်တစ်ဆစ်ခန့်....၁တုံး
နနွင်းမှုန့် .. ..လက်ဖက်ဇွန်း၁ဇွန်း
ဆား.......ထမင်းစားဇွန်းဝက်
ဟင်းခတ်မှူန့်.. လက်ဖက်ဇွန်း...၁ဇွန်း
မဆလာ......အထုပ်သေးတစ်ထုပ်
ပြုလုပ်နည်း
=========
########
ကြက်သားများကို.ဆေးကြောသန့်စင်ပြီး ဆား
နနွင်း
ဟင်းခတ်မှူန့်တို့ဖြင့်နယ်ထားပါ။
ငရုပ်ပုသီးကိုရေစိမ်ပြီး
...ကြက်သွန်နီ
....ကြက်သွန်ဖြူ
......ဂျင်း
တို့ကိုညှက်အောင်ရောထောင်းထားပါ။
ဒယ်အိုးထဲဆီထည့်ပြီး..ထောင်းထားတဲ့ငရုပ်သီးအနှစ်များကိုမွှေးနေအောင်ဆီသတ်ပါ။ပြီးရင်ကြက်သားထည့်ကြော်ပါ။ရေစစ်ပြီးခြောက်အောင်ကြော်ပြီးရေအမြုပ်ထည့်ကာအဖုံးပိတ်ပြီးဆီပြန်တဲ့ထိထားကာ မဆလာမွှေးမွှေးအုပ်ပြီး မီးပိတ်စားသုံးနိုင်ပါပြီးရှင့်။

Thida lay lay..

Sea food..မားမားချဉ်စပ်ပြုလုပ်နည်း























Sea food..မားမားချဉ်စပ်ပြုလုပ်နည်း
=========================
မားမာခေါက်ဆွဲထုပ်ကိုအရသာရှိအောင်လုပ်စားကြည့်ရအောင်နော်..layကတော့..မားမားခေါက်ဆွဲထုပ်ဝယ်ပြီးအရသာရှိအောင် ပြန်လုပ်စားဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
==========
ကြက်စွပ်ပြုတ်ရည်...တစ်ပုဂံလုံးစာ
မားမားချဉ်စပ်ခေါက်ဆွဲခြောက်တစ်ထုပ်
မိမိနှစ်သက်ရာပင်လယ်စာ..
..ပုဇွန်\ခရုနှင့်ကင်းမွန်
ဝက်သားတောက်တောက်စင်း
ထားတာအနည်းငယ်
ကြက်ဥပြုတ် ၁လုံး
ရှမ်းနံနံနဲ့ ငြုပ်သီးကြော်
ပြုလုပ်နည်း
=======
ပထမဦးစွာ ကြက်စွပ်ပြုတ်ရည်ကိုဆူအောင်တည်ပြီးမားမားချဉ်စပ်အထုပ်ထဲမှာပါတဲ့အမှူန့်များကိုထည့်ပါ.ပြီးရင်မားမားခေါက်ဆွဲထည့်ပြုတ်ပါ.ခေါက်ဆွဲကျက်ခါနီးပင်လယ်စာများထည့်ပါ။..အရသာအတွက် သကြား\ငံပြာရည် နဲ့သံပုရာရည်ညှစ်ထည့်ပါ။အရသာစိမ့်စိမ့်လေးစားချင်ပါက..အုန်းနို့..(သို့)နို့စိမ်းအနည်းငယ်ထည့်နိုင်ပါတယ်။ပင်လယ်စာများကျက်ပါကမီးပိတ်ပါ။ကြက်ဥပြုတ်၂ခြမ်းခွဲပြီးသားနဲ့ရှမ်းနံနံ..ငြုပ်သီးကြော်တို့နဲ့တွဲဖက်ပြီးသုံးဆောင်နိုင်ပါပြီးရှင့်။
ပင်လယ်စာမဟုတ်ဘဲတခြား..အသားများကိုအစားထိုးပြီးလုပ်စားနိုင်ပါတယ်ရှင့်။ဥပမာ..ဝက်သားကိုတောက်တောက်စင်းပြီးအရသာများနယ်ကာခေါက်ဆွဲထဲထည့်ပြုတ်ပြီးယခုနည်းအတိုင်းလုပ်စားနိုင်ပါတယ်ရှင့်။အချိန်ကုန်သက်သာပြီးလွယ်ကူစွာမည်သူမဆိုလုပ်စားလို့လွယ်တဲ့နည်းလေးမို့မျှဝေပေးရခြင်းပါရှင့်။

Thida lay lay

မရမ်းသီးငရုပ်သီးစိမ်း ထောင်း























ရာသီစာ မရမ်းသီးငရုပ်သီးစိမ်း
ထောင်းနည်းလေးမျှဝေပေးပါရနော်..
========================
ဒီနည်းဟာSis Nang Thandar Ooရဲ့ထောင်းနည်းဖြစ်ပါတယ်..layကနေတဆင့်ပြန်လည်မျှဝေပေးရခြင်းပါရှင့်။

ပြုလုပ်နည်း
=========
မြိတ်ငါးပိမွှေးမွှေးလေးကိုမီးကင်ထားပါ။
ပေါ်ခါစ မရမ်းသီးစိမ်းကို၂ခြမ်းခွဲပြီးအစေ့ထုတ်ကာရေစိမ်ထားပါ။
ပုဇွန်ခြောက်ရေစိမ်ထားပါ။
ငရုပ်ဆုံထဲ ကြက်သွန်ဖြူ\ငရုပ်သီးစိမ်း\အနည်းငယ်ထည့်ကာညှက်အောင်ထောင်းပြီးပုဇွန်ခြောက်..ထည့်ပါပုဇွန်ခြောက်ညှက်ပါက..မရမ်းသီးနဲ့ငါးပိမီးကင်ထည့်ကာသမအောင်ရောထောင်းပြီး ပဲဆီလေးဆမ်းကာသုံးဆောင်နိုင်ပါပြီးရှင့်။ဟင်းခတ်မှူန့်ကြိုက်ပါကထည့်နိုင်ပါတယ်ရှင့်။

Thida lay lay

ဗမာငါးပိရည်ဖျော်





















ဗမာငါးပိရည်ဖျော်နည်းလေးမျှဝေပေးပါရစေနော်။
ချက်ရအောင်၊စားရအောင်
Groupရဲ့ပျော်စရာဟင်းချက်ပြိုင်ပွဲအစီစဉ်မှ ဆရာChit Ko Koရဲ့ငါးပိရည်တို့စရာအစုံဖြစ်ပါတယ်။ဆရာရဲ့ငါးပိရည်ဖျော်နည်းပါရှင့်။
ပြုလုပ်နည်း
=======
ငါးပိရည်ကိုကျိုပြီးအရိုးစစ်ထားပါ။
ကြက်သွန်ဖြူနဲ့ငရုပ်သီးစိမ်းလှော်ပြီးညှက်အောင်ထောင်းထားပါ။ပုဇွန်ခြောက်ကိုရေစိမ်ပြီးညှက်အောင်ထောင်းတာနဲ့ရောဖျော်၍တို့စရာအစုံဖြင့်တွဲဖက်စားနိုင်ပါပြီးရှင့်။ပုဇွန်ခြောက်အစားပုဇွန်လှော်နဲ့ငါးကင်ကိုလဲအစားထိုးအသုံးပြုနိုင်ပါတယ်ရှင့်။

Thida lay lay

ဆိတ်သားထောင်းအကြွတ်ကြော်


















ဆိတ်သားထောင်းအကြွတ်ကြော်နည်းလေးမျှဝေပေးပါရစေနော်။
ဒီနည်းဟာ Sis Mon Mon ရဲ့နည်းဖြစ်ပါတယ်ရှင့်။lay ကနေတဆင့်ပြန်လည်မျှဝေပေးရခြင်းပါ။
ပြုလုပ်နည်း
=======
ဆိတ်သားခြောက်ကိုရေနွေးဆူအောင်တည်ပြီးနါရီဝက်ခန့်ပြုတ်ပါ။ အချိန်ပြည့်ပါက ဆယ်ယူ၍ မွှမွှလေးထုကာ ဆားအနည်းနှင့် နယ်ထားပါ။ပြုတ်ဖို့အချိန်မရပါက စင်းတုံးပေါ်တင်ကာသံရိုက်တူဖြင့်မွှမွှလေးထုပြီးကြော်လို့လဲရပါတယ်ရှင့်။ကြက်သွန်ဖြူဓားပြားရိုက်ထားတာနဲ့ပျင်းတော်သိမ်ရွက်တို့ကိုအရင်ကြွတ်အောင်ကြော်ပြီးမှဆိတ်သားမွှထားတာထည့်၍ဆီပူပူထဲကြွတ်အောင်ကြော်ပြီး..သံပုရာရည် လေးညှစ်ထည့်ကာသုံးဆောင်နိုင်ပါပြီးရှင့်။..ဒီနည်းအတိုင်းအမဲသား\ဆတ်သား\ဝက်သား..တို့ကိုလဲအခြောက်လှန်းပြီးလုပ်စားလို့ရပါတယ်ရှင့်။ဂျင်းကြိုက်ပါက ဓားပြာရိုက်၍ထည့်ကြော်နိုင်ပါတယ်ရှင့်။

Thida lay lay

ကြက်အသားလွှာအကြွပ်ကြော်


















ကြက်အသားလွှာအကြွပ်ကြော်
***************************
ကြက်ရင်ပုံသားအသားလွှာ......၃၀ကျပ်သား
ကြက်ဥ.................................၁လုံး
ဂျုံ နုမှုန့်..................................၂ဇွန်း
ပျားရည်.. ...........................၁ဇွန်း
မှုန့်ကြွပ်မှုန့်............................အနည်းငယ်
ဆား+ငရုတ်ကောင်း...............လိုအပ်သလို
ကြက်အသားလွှာကို..အနေတော်အချပ်လွှာအဖြစ်ရအောင်ပါးပါးလှီးပါ။
ဆား၊ငရုတ်ကောင်း၊ ပျားရည် တို့ဖြင့်အရသာသွင်း
ပါ။
အရသာနယ်ထားသောအသားလွှာကို..ဂျုံ နုမှုန့်
ထဲလူးကပ်ပါ။
ဂျုံ နုမှုန့်ကပ်ပြီး..ခေါက်ထားသောကြက်ဥထဲနှစ်
ခပ်ဖွဖွနှစ်ပါ။
ထိုမှတဖန်..မှုန့်ကြွပ်မှုန့် ထဲလူးကပ်ပြီးဆီပူပူမှာ
ရွှေအိုရောင် ရအောင်ကြော်ပြီးဆီစစ်ပါ။
မိမိနှစ်သက်ရာ..ဆော့စ်ရည်လေးဖြင့်တွဲဖက်သုံး
ဆောင်ပါ။

ပာင်းချက်နည်းများ

မျှစ်ချဉ်နဲ.၀က်သား















မျှစ်ချဉ်နဲ.၀က်သား
************
မျှစ်ချဉ်............................၈၀ ကျပ်သား
ဝက်သုံးထပ်သား...............၅၀ ကျပ်သား
ငပိ................................၁ဇွန်း(ထမင်းစားဇွန်း)
သကြား..........................၁ဇွန်း(...........။......)
ကြက်သွန်နီ.....................၄ လုံး
ချင်း................................၁တက်
နနွင်းမှုန်. ........................အနည်းငယ်
ဆား+ပာင်းခတ်မှုန်. ...........သင့်ရုံ

ပထမဆုံး..မျှစ်ချဉ်က..အရမ်းအချဉ်လွန်နေတာမျိုးဆိုရေစစ်ပြီး..ရေတစ်ထပ်
လောက်ဆေးပါ။ ချဉ်ခါစအသစ်သုံးမယ်ဆိုရင်တော့ဆေးစရာမလိုပါဘူး..။
အိုးတစ်လုံးမှာမျှစ်ချဉ်တွေကိုထည့်ပြီး..ကြက်သွန်နီ၁ လုံးနဲ.ခရမ်းချဉ်သီးကို
ပါးပါးလှီးထည့်ကာ..နနွင်းမှုန်.အနည်းငယ်၊ငပိထည့်ကာရေ၁လီတာလောက်
ထည့်ပြီး..ကျနေအောင်ပြုတ်ထားပါ။
ထိုစဉ်အတွင်း..၀က်သုံးထပ်သားတွေကို ၁လက္မခွဲအရွယ်လောက်တုံးပြီး
ကျန်တဲ့ကြက်သွန်နီ၊ ချင်းထောင်း၊ပဲငံပြာရည်အပျစ်အနည်းငယ်တို.နဲ.ရောနယ်ပြီး..သကြား၊ ဆား၊ ပာင်းခတ်မှုန်.တို.နဲ.နယ်ပြီး..လုံးချက်ပါ။
ဝက်သားကလည်းတစ်ဝက်ကျက်လောက်နှူးပြီး..မျှစ်ချဉ်ကလည်းပြုတ်တာ
ကျနေပြီဆိုမှ..မျှစ်ချဉ်အိုးထဲကိုဝက်သားတွေပေါင်းထည့်ပါ။
မီးအရှိန်ကိုလျှော့ချပြီး..အဖုံးပိတ်ကာ (တစ်ပွက်ဆူပုံစံမှာ) မိနစ်(၃၀) ခန်.
ဆက်ပြီးချက်ပေးပါ။
လိုအပ်လျှင်ရေကိုအနည်းငယ်ချင်းစီဖြည့်စွက်ပေးပါ။
ဒါမှသာ..၀က်သားလည်းအတုံးမပျက်နှူးအိပြီးအရသာကောင်းတဲ့မျှစ်ချဉ်
ဝက်သားအရောလေးရရှိမှာဖြစ်ပါတယ်။

ပာင်းချက်နည်းများ  

ဂွေးသီးနုနုငရုတ်သီးချက်















ဂွေးသီးနုနုငရုတ်သီးချက်
****************
ဂွေးသီးစိမ်းနုနု.....................၈ လုံးခန်.
ကြက်သွန်နီ........................၂ လုံး
ကြက်သွန်ဖြူ.......................၇တက်
ခရမ်းချဉ်သီး........................၃လုံး
ပုစွန်ခြောက်.......................၂ ဇွန်း(ထမင်းစားဇွန်း)
ငရုတ်သီးခြောက်တောင့်.......... ၅ တောင့်ခန်.
ငါးပိ...................................အနည်းငယ်(ပါသည်ဆိုရုံ)
ဆီ......................................၃ ဇွန်း
ငါးငံပြာရည်
ဟင်းခတ်မှုန်.
ဂွေးသီးတွေကို..အပေါ်ယံအခွံစိမ်းတွေခွာထုတ်ပြီး..ခပ်ပါးပါးလေးလှီးပါ။
ငရုတ်သီးခြောက်တောင့်တွေကိုအညှာခြွေပြီးရေနွေးစိမ်ထားပါ။
အနည်းငယ်ပွလာလျှင်ကြက်သွန်နီ၊ ဖြူ.၊ ငရုတ်သီးခြောက်တောင့် ၊ပုစွန်ခြောက်တွေကိုရောပြီးညှက်အောင်ထောင်းပါ။
ခရမ်းချဉ်သီးတွေကိုလည်းနုပ်နုပ်စင်းပါ။
ဒယ်အိုးတစ်လုံးမှာ..ဆီ၊ နနွင်းမှုန်.အနည်းငယ်၊ အရောင်တင်၊ ထောင်းထား
သောအရော၊ ခရမ်းချဉ်သီး၊ ငါးပိ၊ ဟင်းခတ်မှုန်.ထည့်ပြီးရေအနည်းငယ်ဝိုက်ကာ
မီးအေးအေးမှာ...ဆီပြန်အောင်ချက်ပါ။
ဆီမပြန်ခင်..အဖုံးမဖွင့်ပါနှင့်..။
ပထမတစ်ရေခမ်းလို.ဆီပြန်လာလျှင်..ခပ်ပါးပါးလှီးထားတဲ့ဂွေးသီး
တွေပေါင်းထည့်ပြီးမွှေပေးပါ။
လိုအပ်လျှင်ရေအနည်းငယ်ထပ်ဖြည့်ပြီး..ဂွေးသီးတွေပျော်ဝင်ပြီး..ဆီပြန်
လာသည်အထိချက်ပါ။
ငရုတ်သီးစိမ်းတောင့်လေးအလှဆင်ပေးလိုက်ပါက..ထမင်းမြိန်စေအုံးမယ့်
ဟင်းတစ်ခွက်ရပြန်ပါပြီ..။

ပာင်းချက်နည်းများ  

ဝက်နံတုန်



































ဝက်နံတုန်
*********
ဝက်နံတုန်ကို...တောင်ပေါ်အအေးပိုင်းဒေသတွေ
မှာလုပ်စားလေ့ရှိကြပါတယ်....
ရေခဲ သေတ္တာ တွေခေတ်စားတဲ့မြို့ကြီးတွေမှာလုပ်စားလို့ရပေမယ့်..တကယ့်အရသာစစ်
ကိုတော့မရနိုင်ပါဘူး....။

ဝက်လက်.........၁ချောင်း
ဝက်ခေါင်းသား...အနည်းငယ်
ချင်း..................၁တက်
ကြက်သွန်မြိတ်...၅ပင်
နံနံပင်.. ...........အနည်းငယ်
နာနတ်ပွင့်........၂ခု

ဝက်လက်ကို ၄ပိုင်းလောက်ခုတ်ထစ်ပြီးရေဆေး
သန့်စင်ပြီးဝက်ခေါင်းသားနှင့်အတူ..ချင်းဓားပြားရိုက်၊နာနတ်ပွင့်မီးကင်တို့ထည့်ပြီးဆား၊
ဟင်းခတ်မှုန့်တို့နှင့်အတူပြုတ်ပါ။

ရေကို..အသားများမြုပ်ရုံလေးသာထည့်ပါ။
ထွက်လာသောအမြှုပ်နှင့်အညစ်အကြေးတွေကိုအဆက်မပြတ်စစ်ထုတ်ပေးပါ။
ရေအနည်းငယ်ထပ်ဖြည့်ပြီး..ထိုနည်းအတိုင်း
နောက်တစ်ကြိမ်ပြုလုပ်ပါ။
မီးပြင်းကိုလျှော့ချပြီး..အဖုံးအုပ်ပြီးအသားနှုးသည်အထိပြုတ်ပါ။
အသားတွေနှူးပြီဆို..ဆယ်ယူအအေးခံကာ..အသားငယ်လေးများဖြစ်အောင်ချေမွ
ပေးပါ။
ချင်းနှင့်နာနတ်ပွင့်ကိုဖယ်ထုတ်လိုက်ပြီး..လက်ကျန်ပြုတ်ရည်ကို..ဆူအောင်ပြန်အပူပေးပါ။
လေးထောင့်ဗန်း သို့ဆနွင်းမကင်းဗန်းမျိုးမှာ..
အသားတွေကိုဖြန်ထည့်..ဆူနေတဲ့ပြုတ်ရည်လောင်းပါ။
ပါးပါးလှီးထားတဲ့ကြက်သွန်မြိတ်၊နံနံပင်တွေဖြူး
ပြီး..ချေထားတဲ့အသားစလေးတွေကိုလည်းဖြန့်
ထည့်ပြီးအအေးခံထားပါ။
ဂျယ်လီကျောက်ကျောကဲ့သို့မာသွားပြီဆိုမှ..အတုံး.ငယ်လေးများအဖြစ်လှီးဖြတ်ပြီးသုံးဆောင်ပါ။
မှတ်ချက်...၀က်လက်သား၊ခေါင်းသားအသုံးပြုရခြင်းမှာအစေးပါသောအစိတ်အပိုင်းဖြစ်သောကြောင့်နံတုန်ဖြစ်ဖို့လွယ်ကူပါတယ်။

ပာင်းချက်နည်းများ  

ကြက်သားချို ချဉ်ကြော်














ကြက်သားချို ချဉ်ကြော်
*******************
ကြက်ရင်ပုံသား.......၂၀ကျပ်သား
နာနတ်သီး.............၁စိတ်
ခရမ်းချဉ်သီး...........၂လုံး
ကြက်သွန်နီ...........၁လုံး.
ပန်းငရုတ်ပွ............၁လုံး
သခွားသီး...............၁/၂ လုံး
ချင်းအမျှင်..............အနည်းငယ်
ကြက်သွန်မြိတ်......၂ ပင်
ချိုချဉ်ဆော့ရည်အတွက်
********************
ခရမ်းချဉ်သီးဆော့စ်အပျစ်...၃ဇွန်း
နာနတ်ရည်.................... ..၃ဇွန်း
သကြား............................၃ဇွန်း
ပဲငံပြာရည်အကြည်.............၂ဇွန်း
ဆား.................................အနည်းငယ်
ချိုချဉ်ဆော့စ်ရည်အတွက်ပါဝင်ပစ္စည်းအားလုံး
ကိုရောကျို ပြီးအအေးခံထားပါ။
ကြက်သားကိုမထူမပါးအတုံးငယ်လေးတွေလှီး
ပြီးအရာသာအနည်းငယ်နယ်ပြီးနှပ်ထားပါ။
အခြားပါဝင်တဲ့အသီးအရွက်တွေကိုကြက်သားတုံးအရွယ်ပဲ..လှီးဖြတ်ပါ။
ကြက်သွန်မြိတ်ကိုတော့..လက်တစ်ဆစ်ခန့်လှီးပါ။
ပထမဆုံးနယ်ထားသောကြက်သားတွေကိုဂျုံနု
မှုန့်လေးကပ်ပြီးအနည်းငယ်ကြွပ်အောင်ကြော်ပြီး
ဆယ်ယူစစ်ထားပါ။
အခြားအိုးတစ်လုံးမှာဆီအနည်းငယ်ကိုအပူပေးပြီးချင်းအမျှင်လေးတွေကိုမွှေးအောင်ဆီသတ်ပါ။
ကြက်သွန်၊သခွားသီး၊ပန်းငရုတ်ပွ၊နာနတ်သီး၊ကြက်သွန်နီတွေထည့်ကြော်ပြီးအနည်းငယ်
နွမ်းလာပြီဆို..ကြက်သားကြော်ကိုထည့်ပြီး
ဆော့စ်ရည်ကိုလောင်းချပါ။
အနည်းငယ်ပျစ်လိုလျှင်ပြောင်းမှုန့်လေးအနည်းငယ်ဖျော်ထည့်ပေးပါ။
ကြက်သွန်မြိတ်လေး..အုပ်ပြီး..နမ်းစေ့လေးဖြူး
အလှဆင်ပေးပါ။


ပာင်းချက်နည်းများ  

ဝက်နံရိုးအချိုပေါင်း
















ဝက်နံရိုးအချိုပေါင်း
*****************
နံရိုးညှပ်သား......၃၀ကျပ်သား
ချင်း....................၂တက်
ကြက်သွန်ဖြူ.......၅တက်
နာနတ်ပွင့်.........၂ပွင့်
ငရုတ်ကောင်းစေ့..၁၀စေ့ခန့်
နံနံပင်အမြစ်......အနည်းငယ်
ဟင်းချက်ဝိုင်......၂ဇွန်း
သကြား............၃ ဇွန်း
ဟင်းခတ်မှုန့်.....အနည်းငယ်
ဆား................လိုအပ်သလိ
နံရိုးညှပ်သားတွေကိုမိမိနှစ်သက်တဲ့အရွယ်တုံးပြီးရေစစ်ထားပါ။
နာနတ်ပွင့် ကိုမီးကင်ပြီးဓားပြားရိုက်ထားပါ။
ချင်းတစ်တက်ကိုညှက်နေအောင်ထောင်းပြီး
ဝက်နံရိုးထဲညှစ်ထည့်ပြီးသကြား၁ဇွန်း၊ဆား၊
ဟင်းခတ်မှုန့်၊ဟင်းချက်ဝိုင်တို့နှင့်နယ်ပြီး(၁၅)
နှစ်ခန့်နှပ်ထားပါ။
ထိုစဉ်အတွင်း..နောက်ထပ်ချင်း၁တက်၊ကြက်သွန်ဖြူ ၊နံနံပင်အမြစ်၊ငရုတ်ကောင်းစေ့တို့ကို
မညှက်တညှက်ထောင်းပါ။
အသားနယ်ထားချိန်ပြည့်ပြီဆိုပါကဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်နှင့်အတူသကြားကိုအပူပေးပါ။
မကြာခင်သကြားကပျော်ပြီးအညိုရောင်ပြောင်းသွားပြီဆိုရင်မီးကင်ထားတဲ့နာနတ်ပွင့်ထည်ပြီ့းထောင်းထားသောအရောကိုဆီ
သတ်ပါ။
အနည်းငယ်မွှေးလာလျှင်..နယ်ပြီးနှပ်ထားတဲ့ဝက်နံရိုးတွေထည့်ပေါင်းပြီးမွှေပါ။
ဝက်နံရိုးတွေဆီသတ်တာအရောင်ရပြီဆိုရင်ရေအနည်းငယ်ထည့်ပြီးတစ်ပွက်ဆူအောင်တည်ပါ။
ဝက်နံရိုးတွေကိုဖယ်ထုတ်ပြီး..ဟင်းခတ်အမွှေးအကြိုင်တွေကိုစစ်ထုတ်ဖယ်ပစ်ပါ။
နောက်ထပ်အိုးတစ်လုံးမှာပြောင်းထည့်ပြီးအဖုံးပိတ်ကာမီးအေးအေးမှာနှုးသည်အထိပေါင်းပေးပါ (သို့) Pressure အိုးထဲပြောင်းထည့်ပြီးနှုးသည်အထိပေါင်းပါ။
ကြက်သွန်မြိတ်လေးအလှဆင်ပြီးသုံးဆောင်ပါ။

ပာင်းချက်နည်းများ  

ငါးကောင်လုံးကြော်နှင့်သီးစုံချို ချ ဉ်
















ငါးကောင်လုံးကြော်နှင့်သီးစုံချို ချ ဉ်
******************************
တီလားဘီးယားအနီရောင်.....၁ကောင်
ကြက်သွန်နီ.. ........၁လုံး
ငရုတ်ပွ..................၁လုံး
ခရမ်းချဉ်သီး...........၁လုံး
နာနတ်သီး..............၁စိတ်
မြေစာဥ.................၅လုံးခန့်
ရွှေပဲတောင့်...........၅တောင့်ခန့်
Baby corn...........၅ခုခန့်
သီဟိုဋ္ဌ်စေ့ခြမ်း......၂ဇွန်းခန့်
ချိုချဉ် ဆော့စ်ရည်အတွက်
***********************
ခရမ်းချဉ်သီးဆော့စ်.....၃ဇွန်း
နာနတ်ရည်.................၃ဇွန်း
သကြား......................၂ဇွန်း
ပဲငံပြာရည်..................အနည်းငယ်
ဆား...........................အနည်းငယ်
ပါဝင်ပစ္စည်းအားလုံးကိုပျော်ဝင်ရုံအပူပေးပါ။
ပထမဆုံးငါးကိုသန့်စင်ပြီးရေစင်အောင်ဆေးကာစစ်ထားပါ။
ထိုစဉ်အတွင်းဆော့စ်ရည်ကိုကျိုပြီးအအေးခံထားပါ။
လိုအပ်သောသီးရွက်တွေကို..လက်မဝက်ခန့်
အတုံးငယ်များပိုင်းဖြတ်ပြီးကြိုတင်ပြင်ဆင်ထားပါ။
ရေစစ်ထားသောငါးရဲ့ကျောကိုဓားနှင့်မွှန်းပြီး
အရသာအနည်းငယ်နယ်ကာ...ဂျုံမှုန့်လူးကပ်ပြီးဆီပူပူမှာကြွပ်အောင်ကြော်ပြီးစစ်ယူထားပါ။
အခြားဒယ်အိုးတစ်လုံးမှာ..ချင်းအမျှင်အနည်းငယ်ကိုမွှေးအောင်ဆီသတ်ပြီး..မာသောအသီးရွက်မှစပြီးတစ်ခုချင်းစီထည့်ပါ။
ခရမ်းချဉ်သီး၊နာနတ်သီးတွေကနောက်ဆုံးပေါ့။
အားလုံးသမသွားပြီဆိုရင်တော့..ကျိုထားတဲ့ချို ချဉ်စပ်ရည်လောင်းထည့်ကာ..ခေတ္တမျှထားပြီးကြော်ထားတဲ့ငါးအကြွပ်ကြော်ပေါ်သို့လောင်း
ချပြီးတည်ခင်းသုံးဆောင်ပါ။

ပာင်းချက်နည်းများ  

ဖက်ထုပ်ခေါက်ဆွဲဆီချက်


















ဖက်ထုပ်ခေါက်ဆွဲဆီချက်(၄ယောက်စာ)
************************************

ကြက်ဥဂျုံခေါက်ဆွဲအစိမ်း.....၂၅ကျပ်သား
ဖက်ထုပ်ရွက်......................၁၅ရွက်
ဝက်သား............................၂၀ကျပ်သား
ကြက်သွန်ဖြူအသေး............၁၅တက်ခန့်
ကော်မှုန့်.............၂ဇွန်း( လက်ဖက်ရည်ဇွန်း)
ကြက်သွန်မြိတ်..............၅ပင်ခန့်
ဝက်သား၂၀ကျပ်သားမှ..၁၅ကျပ်သားကိုရေဆေးသန့်စင်ပြီး..၃_၄ပိုင်းပိုင်းကာဆား၊သကြား၊ကြက်သားမှုန့်နယ်ကာချင်းသေးသေးတစ်တက်ကိုဓားပြားရိုက်ထည့်ကာ
ရေမြုပ်သည်ဆိုရုံလေးထည့်ကာရေခမ်းသည်
အထိပြုတ်ပါ။
ကျန်တဲ့၅ကျပ်သားကိုနုပ်နုပ်စဉ်းပြီးအရသာ
အနည်းငယ်၊ကော်မှုန့်ရောထည့်နယ်ပါ။
ဖက်ထုပ်ရွက်အလည်မှာအနည်းငယ်ပုံပြီး
တြိဂံပုံခေါက်ချပါ။အနားရွက်နှစ်ခုကိုခေါက်ချိုးလိမ်ပြီးထိစပ်အောင်ခေါက်ပေးပါ။
ကြက်သွန်ဖြူ အမွှာသေးတွေကိုအခွံပါဓားပြားရိုက်ပြီး..တဖန်နုပ်နုပ်စဉ်းကာအကြွပ်ကြော်ကာဆယ်ယူစစ်ထားပါ။
ပြုတ်ထားတဲ့ဝက်သားကရေခမ်းသွားပြီဆိုရင်
ဆီပူပူမှာရွှေညိုရောင်ရအောင်ကြော်ယူပါ။
ကြက်သွန်မြိတ်ကိုပါးပါးလှီးထားပါ။
ပြင်ဆင်ကြရအောင်....
ဆူနေတဲ့ရေနွေးအိုးမှာ..ကြက်ဥခေါက်ဆွဲတစ်ပွဲစာနှင့်ဖက်ထုပ် ၅ခုကိုပြုတ်ပါ။
ပြင်ဆင်မယ့်ပန်းကန်ထဲမှာ..ပဲငံပြာရည်အကြည်၊အသားကြော်ကပိုထားတဲ့ဆီ
ထမင်းစားဇွန်း၁ဇွန်းခန့်၊သကြား၊ကြက်သားမှုန့်၊ငရုတ်ကောင်းမှုန့်အနည်းငယ်နှင့်အသားပြုတ်ရည်၁ဇွန်းခန့်
ထည့်ပြီးပြင်ဆင်ထားပါ။
ပြုတ်ထားတဲ့ခေါက်ဆွဲနှင့်ဖက်ထုပ်နှုးအိပြီဆိုရင်ဆယ်ယူပြီးပြင်ဆင်ထားတဲ့ပန်းကန်ထဲထည့်ကာ..အလျင်အမြန်မွှေပေးပါ။
ကြော်ပြီးပါးပါးလှီးထားတဲ့အသား၊ကြက်သွန်ဖြူ အကြွပ်ကြော်၊ကြက်သွန်မြိတ်လေးဖြူးပြီးသုံးဆောင်ပါ။
မှတ်ချက်...၁ပွဲစာချင်းပြင်ဆင်တာကပိုမိုကောင်းမွန်ပါသည်။

ပာင်းချက်နည်းများ  

ဝက်သားမောင်မယ်အကြွပ်ကြော်















ဝက်သားမောင်မယ်အကြွပ်ကြော်
*****************************
ဝက်သားကိုပုံစံနှစ်မျိုးကြော်ပြီးတည်ခင်းဧည့်ခံ
ကြရအောင်

ဝက်ပေါင်သား.......၃၀ကျပ်သား
ဝက်ဂုတ်သား........၂၀ကျပ်သား
နာနတ်ပွင့်အမှုန့်....၁ဇွန်း(လက်ဖက်ရည်ဇွန်း)
ချင်း.....................၁တက်
သကြား...............၂ဇွန်း
ပဲငံပြာရည်အပျစ်...၁ဇွန်း
ဟင်းချက်ဝိုင်.........အနည်းငယ်
နှမ်းလှော်.............အနည်းငယ်
ဝက်ပေါင်သားကို၂ပိုင်းခန့်ပိုင်းပါ။ဝက်ဂုတ်သားကို၁လက်မခွဲအရွယ်အနေတော်လှီးပါ။
အသား၂မျိုးလုံးကိုပေါင်းပြီး..ထောင်းထားသောချင်းရည်၊ဟင်းချက်ဝိုင်၊ဆား၊သကြား၊နာနတ်ပွင့်အမှုန့်၊ပဲငံပြာရည်အပျစ်တို့ဖြင့်စိမ့်ဝင်နေအောင်နယ်ကာအနည်းဆုံးနာရီဝက်ခန့်နှပ်ထားပါ။
ဝက်ပေါင်သားကိုဦးစွာပြုတ်ပါ။အသားနှုးပြီးရေခမ်းသည်အထိပြုတ်ပါ။
ဝက်ဂုတ်သားကိုလည်းထိုနည်းအတိုင်းပြုတ်ပါ။(ရေခမ်းအောင်ပြုတ်ဖို့တော့အရေးကြီးပါတယ်)
ဒယ်အိုးတစ်လုံးမှာဆီများများကိုအပူပေးပြီး
ဝက်ပေါင်သားကိုရွှေညိုရောင်ရအောင်ကြော်ယူပြီးစစ်ယူအအေးခံထားပါ။
ဝက်ဂုတ်သားကိုလည်းထိုနည်းအတိုင်းကြော်ပါ။
ပြင်ဆင်မယ့်ပန်းကန်တစ်ခြမ်းမှာဝက်ပေါင်သားကြော်ကို..မိမိနှစ်သက်သလိုမထူမပါးလှီးပြီးပြင်ဆင်ပါ။အခြားတစ်ဖက်မှာဝက်ဂုတ်သားကြော်လေးတွေပြင်ဆင်ပြီးအကြွပ်ကြော်ထားတဲ့ချင်းနှင့်ကြက်သွန်ဖြူကြော်လေးအလှဆင်ပါ။
မိမိနှစ်သက်ရာချို ချဉ်စပ်ဆော့စ်ရည်လေးနှင့်တွဲဖက်သုံးဆောင်ပါ။
မှတ်ချက်..နာနတ်ပွင့်အမှုန့်ကိုတရုတ်ဆိုင်တွေမှာပါကော့အမှုန့်လို့မေးဝယ်ပါ။ အင်္ဂလိပ်လိုကတော့..Star Anise Powder ပါ။

ပာင်းချက်နည်းများ  

ဝက်နံရိုးချိုစပ်



















ဝက်နံရိုးချိုစပ်
************
ဒါကလည်းထိုင်းဟင်းပွဲတစ်မျိုးပါ။
မူထော့ကထီယမ်ဖစ်ထိုင်းဆိုတဲ့ဟင်းပွဲပုံစံမျိုးလေးဆိုပေမယ့်..ကြက်သွန်ဖြူ ကြော်ပြီးသားသုံးတာနဲ့အစိမ်းသုံးတာအနည်းငယ်လေးပဲကွာခြားသွားတာပါ။ဒီဟင်းမှာငရုတ်သီးစိမ်းလေးပါသွားတာကလည်းတမျိုးထူးခြားတယ်..။
ဝက်နံရိုး.............၂၅ကျပ်သား
ကြက်သွန်ဖြူ.........၅တက်
ငရုတ်သီးစိမ်း.......၃တောင့်
ချင်းသေးသေး......၁တက်
ကြက်ဖဆော့စ်......၁ဇွန်း
ငရုတ်ကောင်းမှုန့်..အနည်းငယ်
သကြား...............၁ဇွန်း
ခရုဆီ..................၁ဇွန်း
ပဲငံပြာရည်အကြည်..၂ဇွန်း
ဝက်နံရိုး ကိုအနေတော်တုံး၊ရေဆေးသန့်စင်ပြီးဆား၊သကြား၊ဟင်းခတ်မှုန့်တို့နှင့်အရသာနယ်ပြီးချင်းဓားပြားရိုက်ထည့်ကာရေမြုပ်ရုံထည့်ပြီးအဖုံးပိတ်ကာပြုတ်ပါ။
ထိုစဉ်အတွင်းကြက်သွန်ဖြူ ၊ငရုတ်တောင့်နီတို့
ကိုခပ်ကြမ်းကြမ်းနုပ်နုပ်စဉ်းထားပါ။
ဝက်နံရိုးတွေရေခမ်းပြီးနှုးအိပြီဆိုမီးဖိုပေါ်မှချထားပါ။
ဒယ်အိုးတစ်လုံးမှာဆီပါသည်ဆိုရုံလေးထည့်ပြီးနုပ်နုပ်စဉ်းထားတဲ့ကြက်သွန်ဖြူ ၊ငရုတ်သီးအရောကိုထည့်ပြီးမှစတင်အပူပေးပါ။
(ဆီပူမှလောင်းထည့်တာမျိုးကိုရှောင်ကြဉ်ပါ)
အနည်းငယ်စိမ်းနံ့ပျောက်ပြီးမွှေးလာပြီဆိုတာနဲ့သကြား၊ကြက်ဖဆော့စ်၊ခရုဆီ၊ပဲငံပြာရည်၊ငရုတ်ကောင်းမှုန့်တို့ထည့်ပေါင်းပြီးချက်ချင်းဆိုသလိုအအေးခံထားတဲ့ဝက်နံရိုးတွေထည့်ပြီးနှံ့အောင်မွှေပေးလိုက်ရုံပါ။
ပန်းကန်ထဲထည့်ခေတ္တအအေးခံပြီးနံနံပင်လေးအလှဆင်သုံးဆောင်ပါ။

ပာင်းချက်နည်းများ  

အသားနှင့်ဆန်လုံးညိုထမင်းနယ်


















ရှမ်းအနွယ်ဝင်လူမျိုးတွေအများဆုံးပြုလုပ်စားသုံးကြတဲ့အသားနှင့်ဆန်လုံးညိုထမင်းနယ်ပါ။
အသားချဉ်အဆင့်ကိုမရောက်သေးသလိုထမင်းကိုဦးစားပေးပြီးမိမိနှစ်သက်တဲ့အသားကိုအသုံးပြုပေမယ့်ကြက်သားကိုတော့သုံးလေ့မရှိကြပါဘူး။
အသားနှင့်ဆန်လုံးညိုထမင်းနယ်
*****************************
ဆန်လုံးညို...................၁ဗူး
ဝက်သား(သို့)အမဲသား..၁၀ကျပ်သား
ဆား............................ဇွန်းဝက်
ဟင်းခတ်မှုန့်.. ..............ပါသည်ဆိုရုံ
ယမ်းစိမ်း မှုန့်.................အနည်းငယ်
ဆန်လုံးညို ကိုရေစင်စွာဆေးပြီး၁၅မိနစ်ခန့်ရေစိမ်ထားပါ။
အသားကိုညှက်နေအောင်ကြိတ်ပေးပါ။
ရေဆူအိုးမှာဆန်ကိုထည့်ပြုတ်ပြီးအနေတော်အနေအထားမှာရေစစ်ပြီးနှပ်ပါ။
ထမင်းကျက်ပြီဆိုဇလုံတစ်ခုမှာလုံးဝအေးအောင်အအေးခံပေးပါ။
ထိုထမင်းထဲသို့ကြိတ်ထားသောအသားနှင့်အရသာအားလုံးကိုရောထည့်ပြီးနှံ့အောင်နယ်
ပေးပါ။
ငှက်ပျောဖက်(သို့မဟုတ်)တောင်စွန်ဖက်ကိုကတော့ပုံ(တြိဂံပုံ)ခေါက်ထိုးပြီးနယ်ထားသောထမင်းနယ်ကိုထည့်ထုပ်ကာလေလုံအောင်ထုပ်ပိုးချည်နှောင်ပါ။
ပထမတစ်နေ့ကိုနေပူမှာပြပြီးနောက်၂ရက်ကိုနေရိပ်မှာပြောင်းရွှေ့ပေးပါ။
အသားကျက်ပြီးထမင်းကအချဉ်အရသာဖက်ကိုကူးပြောင်းပြီဆိုတာနဲ့စတင်စားသုံးလို့ရပါပြီ။
ကြက်သွန်ဖြူဆီချက်လေးဆမ်း၊ဂျုးမြစ်၊ကြက်သွန်စိမ်း၊သခွားသီး၊ငရုတ်ခြောက်တောင့်ကြော်တို့နှင့်တွဲဖက်စားသုံးနိုင်ပါတယ်။

ပာင်းချက်နည်းများ  

ဝက်ဆီဖတ်အကြွပ်ကြော်



















ဝက်ဆီဖတ်အကြွပ်ကြော်
***********************
ဝက်ဆီဖတ်...........၂၀ကျပ်သားခန့်
ဆား......................ပါသည်ဆိုရုံ
ဟင်းခတ်မှုန့်.........အနည်းငယ်
ဝက်ဆီဖတ်ဆိုရာမှာအဆီထူမျိုးတွေမဟုတ်ပဲ
အူမကြီးနံရံမှာကပ်နေတဲ့အဆီဖတ်များကိုအပိုင်းငယ်လေးတွေအဖြစ်ပိုင်းဖြတ်ပြီး
ဆား၊အရသာမှုန့်တို့ဖြင့်နယ်ပါ။
ဒယ်အိုးတစ်လုံးမှာရေပါသည်ဆိုရုံလေး
ဖြင့်အပူပေးပြီးအဖုံးအုပ်ထားပါ။
ရေခမ်းသွားပြီဆိုရင်ဆီတွေကတဖြည်းဖြည်းစိမ့်ထွက်လာပါမယ်။
ထိုဆီလေးနဲ့ပဲကြွပ်လာသည်အထိအဆက်မပြတ်မွှေပြီးကြော်ပေးရုံပါပဲ။
ထမင်းဖြူပူပူလေးနဲ့ဖြစ်စေ၊ရေနွေးကြမ်းနှင့်ဖြစ်စေတွဲဖက်သုံးဆောင်နိုင်ပါတယ်။

ပာင်းချက်နည်းများ  

ပုစွန်ပူစပ်မွှေး


















ပုစွန်ပူစပ်မွှေး
*************
ပုစွန်အသေး.......၂၅ကျပ်သား
ကြက်သွန်နီ... ...၂လုံး
ကြက်သွန်ဖြူ.....၅တက်
ငရုတ်ကြမ်းမှုန့်...၂ဇွန်း
ဇီယာမှုန့်............အနည်းငယ်
ပျဉ်းတော်သိမ်ရွက်..၂ခက်
ပုစွန်ကိုရေဆေးသန့်စင်ကာအခွံခွာ၊ခေါင်းဖြုတ်ပြီး
အရသာအနည်းငယ်နယ်ထားပါ။
ကြက်သွန်နီ၊ဖြူကိုခပ်ကြမ်းကြမ်းထောင်းပါ။
ငရုတ်ခြောက်တောင့်ကိုကိုယ်တိုင်ထောင်းပါ။
ပထမဆုံးဆီပူပူမှာအရွက်ခြွေထားတဲ့ပျဉ်းတော်သိမ်ရွက်ကိုအကြွပ်ကြော်ပြီးစစ်ယူထားပါ။
ထိုဆီထဲမှာပဲထောင်းထားတဲ့ကြက်သွန်အရောကိုခြောက်နေသည်အထိဆီသတ်ပါ။
ရွှေအိုရောင်နီးပါးဆီသတ်ပြီးပြီဆိုမှအရသာနယ်ထားတဲ့ပုစွန်တွေထည့်ကြော်ပါ။
ခြောက်သွားပြီဆိုမှဇီယာမှုန့်နှင့်ငရုတ်ကြမ်းဖတ်ကို
ရောမွှေပြီးကြော်ပါ။
နောက်ဆုံးအကြွပ်ကြော်ထားတဲ့ပျဉ်းတော်သိမ်ရွက်လေးရောထည့်မွှေလိုက်ရုံပါ။

ပာင်းချက်နည်းများ