မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday 23 January 2016

ကြက်သားချို ချဉ်ကြော်














ကြက်သားချို ချဉ်ကြော်
*******************
ကြက်ရင်ပုံသား.......၂၀ကျပ်သား
နာနတ်သီး.............၁စိတ်
ခရမ်းချဉ်သီး...........၂လုံး
ကြက်သွန်နီ...........၁လုံး.
ပန်းငရုတ်ပွ............၁လုံး
သခွားသီး...............၁/၂ လုံး
ချင်းအမျှင်..............အနည်းငယ်
ကြက်သွန်မြိတ်......၂ ပင်
ချိုချဉ်ဆော့ရည်အတွက်
********************
ခရမ်းချဉ်သီးဆော့စ်အပျစ်...၃ဇွန်း
နာနတ်ရည်.................... ..၃ဇွန်း
သကြား............................၃ဇွန်း
ပဲငံပြာရည်အကြည်.............၂ဇွန်း
ဆား.................................အနည်းငယ်
ချိုချဉ်ဆော့စ်ရည်အတွက်ပါဝင်ပစ္စည်းအားလုံး
ကိုရောကျို ပြီးအအေးခံထားပါ။
ကြက်သားကိုမထူမပါးအတုံးငယ်လေးတွေလှီး
ပြီးအရာသာအနည်းငယ်နယ်ပြီးနှပ်ထားပါ။
အခြားပါဝင်တဲ့အသီးအရွက်တွေကိုကြက်သားတုံးအရွယ်ပဲ..လှီးဖြတ်ပါ။
ကြက်သွန်မြိတ်ကိုတော့..လက်တစ်ဆစ်ခန့်လှီးပါ။
ပထမဆုံးနယ်ထားသောကြက်သားတွေကိုဂျုံနု
မှုန့်လေးကပ်ပြီးအနည်းငယ်ကြွပ်အောင်ကြော်ပြီး
ဆယ်ယူစစ်ထားပါ။
အခြားအိုးတစ်လုံးမှာဆီအနည်းငယ်ကိုအပူပေးပြီးချင်းအမျှင်လေးတွေကိုမွှေးအောင်ဆီသတ်ပါ။
ကြက်သွန်၊သခွားသီး၊ပန်းငရုတ်ပွ၊နာနတ်သီး၊ကြက်သွန်နီတွေထည့်ကြော်ပြီးအနည်းငယ်
နွမ်းလာပြီဆို..ကြက်သားကြော်ကိုထည့်ပြီး
ဆော့စ်ရည်ကိုလောင်းချပါ။
အနည်းငယ်ပျစ်လိုလျှင်ပြောင်းမှုန့်လေးအနည်းငယ်ဖျော်ထည့်ပေးပါ။
ကြက်သွန်မြိတ်လေး..အုပ်ပြီး..နမ်းစေ့လေးဖြူး
အလှဆင်ပေးပါ။


ပာင်းချက်နည်းများ  

No comments:

Post a Comment