မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday 23 January 2016

ပုစွန်ပူစပ်မွှေး


















ပုစွန်ပူစပ်မွှေး
*************
ပုစွန်အသေး.......၂၅ကျပ်သား
ကြက်သွန်နီ... ...၂လုံး
ကြက်သွန်ဖြူ.....၅တက်
ငရုတ်ကြမ်းမှုန့်...၂ဇွန်း
ဇီယာမှုန့်............အနည်းငယ်
ပျဉ်းတော်သိမ်ရွက်..၂ခက်
ပုစွန်ကိုရေဆေးသန့်စင်ကာအခွံခွာ၊ခေါင်းဖြုတ်ပြီး
အရသာအနည်းငယ်နယ်ထားပါ။
ကြက်သွန်နီ၊ဖြူကိုခပ်ကြမ်းကြမ်းထောင်းပါ။
ငရုတ်ခြောက်တောင့်ကိုကိုယ်တိုင်ထောင်းပါ။
ပထမဆုံးဆီပူပူမှာအရွက်ခြွေထားတဲ့ပျဉ်းတော်သိမ်ရွက်ကိုအကြွပ်ကြော်ပြီးစစ်ယူထားပါ။
ထိုဆီထဲမှာပဲထောင်းထားတဲ့ကြက်သွန်အရောကိုခြောက်နေသည်အထိဆီသတ်ပါ။
ရွှေအိုရောင်နီးပါးဆီသတ်ပြီးပြီဆိုမှအရသာနယ်ထားတဲ့ပုစွန်တွေထည့်ကြော်ပါ။
ခြောက်သွားပြီဆိုမှဇီယာမှုန့်နှင့်ငရုတ်ကြမ်းဖတ်ကို
ရောမွှေပြီးကြော်ပါ။
နောက်ဆုံးအကြွပ်ကြော်ထားတဲ့ပျဉ်းတော်သိမ်ရွက်လေးရောထည့်မွှေလိုက်ရုံပါ။

ပာင်းချက်နည်းများ  

No comments:

Post a Comment