မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday 23 January 2016

မရမ်းသီးငရုပ်သီးစိမ်း ထောင်း























ရာသီစာ မရမ်းသီးငရုပ်သီးစိမ်း
ထောင်းနည်းလေးမျှဝေပေးပါရနော်..
========================
ဒီနည်းဟာSis Nang Thandar Ooရဲ့ထောင်းနည်းဖြစ်ပါတယ်..layကနေတဆင့်ပြန်လည်မျှဝေပေးရခြင်းပါရှင့်။

ပြုလုပ်နည်း
=========
မြိတ်ငါးပိမွှေးမွှေးလေးကိုမီးကင်ထားပါ။
ပေါ်ခါစ မရမ်းသီးစိမ်းကို၂ခြမ်းခွဲပြီးအစေ့ထုတ်ကာရေစိမ်ထားပါ။
ပုဇွန်ခြောက်ရေစိမ်ထားပါ။
ငရုပ်ဆုံထဲ ကြက်သွန်ဖြူ\ငရုပ်သီးစိမ်း\အနည်းငယ်ထည့်ကာညှက်အောင်ထောင်းပြီးပုဇွန်ခြောက်..ထည့်ပါပုဇွန်ခြောက်ညှက်ပါက..မရမ်းသီးနဲ့ငါးပိမီးကင်ထည့်ကာသမအောင်ရောထောင်းပြီး ပဲဆီလေးဆမ်းကာသုံးဆောင်နိုင်ပါပြီးရှင့်။ဟင်းခတ်မှူန့်ကြိုက်ပါကထည့်နိုင်ပါတယ်ရှင့်။

Thida lay lay

No comments:

Post a Comment