မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday 23 January 2016

ဝက်နံရိုးအချိုပေါင်း
















ဝက်နံရိုးအချိုပေါင်း
*****************
နံရိုးညှပ်သား......၃၀ကျပ်သား
ချင်း....................၂တက်
ကြက်သွန်ဖြူ.......၅တက်
နာနတ်ပွင့်.........၂ပွင့်
ငရုတ်ကောင်းစေ့..၁၀စေ့ခန့်
နံနံပင်အမြစ်......အနည်းငယ်
ဟင်းချက်ဝိုင်......၂ဇွန်း
သကြား............၃ ဇွန်း
ဟင်းခတ်မှုန့်.....အနည်းငယ်
ဆား................လိုအပ်သလိ
နံရိုးညှပ်သားတွေကိုမိမိနှစ်သက်တဲ့အရွယ်တုံးပြီးရေစစ်ထားပါ။
နာနတ်ပွင့် ကိုမီးကင်ပြီးဓားပြားရိုက်ထားပါ။
ချင်းတစ်တက်ကိုညှက်နေအောင်ထောင်းပြီး
ဝက်နံရိုးထဲညှစ်ထည့်ပြီးသကြား၁ဇွန်း၊ဆား၊
ဟင်းခတ်မှုန့်၊ဟင်းချက်ဝိုင်တို့နှင့်နယ်ပြီး(၁၅)
နှစ်ခန့်နှပ်ထားပါ။
ထိုစဉ်အတွင်း..နောက်ထပ်ချင်း၁တက်၊ကြက်သွန်ဖြူ ၊နံနံပင်အမြစ်၊ငရုတ်ကောင်းစေ့တို့ကို
မညှက်တညှက်ထောင်းပါ။
အသားနယ်ထားချိန်ပြည့်ပြီဆိုပါကဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်နှင့်အတူသကြားကိုအပူပေးပါ။
မကြာခင်သကြားကပျော်ပြီးအညိုရောင်ပြောင်းသွားပြီဆိုရင်မီးကင်ထားတဲ့နာနတ်ပွင့်ထည်ပြီ့းထောင်းထားသောအရောကိုဆီ
သတ်ပါ။
အနည်းငယ်မွှေးလာလျှင်..နယ်ပြီးနှပ်ထားတဲ့ဝက်နံရိုးတွေထည့်ပေါင်းပြီးမွှေပါ။
ဝက်နံရိုးတွေဆီသတ်တာအရောင်ရပြီဆိုရင်ရေအနည်းငယ်ထည့်ပြီးတစ်ပွက်ဆူအောင်တည်ပါ။
ဝက်နံရိုးတွေကိုဖယ်ထုတ်ပြီး..ဟင်းခတ်အမွှေးအကြိုင်တွေကိုစစ်ထုတ်ဖယ်ပစ်ပါ။
နောက်ထပ်အိုးတစ်လုံးမှာပြောင်းထည့်ပြီးအဖုံးပိတ်ကာမီးအေးအေးမှာနှုးသည်အထိပေါင်းပေးပါ (သို့) Pressure အိုးထဲပြောင်းထည့်ပြီးနှုးသည်အထိပေါင်းပါ။
ကြက်သွန်မြိတ်လေးအလှဆင်ပြီးသုံးဆောင်ပါ။

ပာင်းချက်နည်းများ  

No comments:

Post a Comment