မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday 23 January 2016

ကြက်အချင်းတိုင်နဲ့ဥဒိန် ဆီပြန်မဆလာချက်နည်း


















ကြက်အချင်းတိုင်နဲ့ဥဒိန် ဆီပြန်မဆလာချက်နည်း..ဒီချက်နည်းက lay ရဲ့မေမေဆီကနည်းကိုအတုယူပြီးချက်ထားတာပါရှင့်
=================
ပါဝင်ပစ္စည်းများ
==========
#######
ကြက်သား....၄၀သားခန့်
ငရုပ်ပုသီး....၄တောင့်
ကြက်သွန်နီ.. .၃ဥ
ကြက်သွန်ဖြူ...၂တက်
ဂျင်းလက်တစ်ဆစ်ခန့်....၁တုံး
နနွင်းမှုန့် .. ..လက်ဖက်ဇွန်း၁ဇွန်း
ဆား.......ထမင်းစားဇွန်းဝက်
ဟင်းခတ်မှူန့်.. လက်ဖက်ဇွန်း...၁ဇွန်း
မဆလာ......အထုပ်သေးတစ်ထုပ်
ပြုလုပ်နည်း
=========
########
ကြက်သားများကို.ဆေးကြောသန့်စင်ပြီး ဆား
နနွင်း
ဟင်းခတ်မှူန့်တို့ဖြင့်နယ်ထားပါ။
ငရုပ်ပုသီးကိုရေစိမ်ပြီး
...ကြက်သွန်နီ
....ကြက်သွန်ဖြူ
......ဂျင်း
တို့ကိုညှက်အောင်ရောထောင်းထားပါ။
ဒယ်အိုးထဲဆီထည့်ပြီး..ထောင်းထားတဲ့ငရုပ်သီးအနှစ်များကိုမွှေးနေအောင်ဆီသတ်ပါ။ပြီးရင်ကြက်သားထည့်ကြော်ပါ။ရေစစ်ပြီးခြောက်အောင်ကြော်ပြီးရေအမြုပ်ထည့်ကာအဖုံးပိတ်ပြီးဆီပြန်တဲ့ထိထားကာ မဆလာမွှေးမွှေးအုပ်ပြီး မီးပိတ်စားသုံးနိုင်ပါပြီးရှင့်။

Thida lay lay..

No comments:

Post a Comment