မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday 23 January 2016

Sea food..မားမားချဉ်စပ်ပြုလုပ်နည်း























Sea food..မားမားချဉ်စပ်ပြုလုပ်နည်း
=========================
မားမာခေါက်ဆွဲထုပ်ကိုအရသာရှိအောင်လုပ်စားကြည့်ရအောင်နော်..layကတော့..မားမားခေါက်ဆွဲထုပ်ဝယ်ပြီးအရသာရှိအောင် ပြန်လုပ်စားဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
==========
ကြက်စွပ်ပြုတ်ရည်...တစ်ပုဂံလုံးစာ
မားမားချဉ်စပ်ခေါက်ဆွဲခြောက်တစ်ထုပ်
မိမိနှစ်သက်ရာပင်လယ်စာ..
..ပုဇွန်\ခရုနှင့်ကင်းမွန်
ဝက်သားတောက်တောက်စင်း
ထားတာအနည်းငယ်
ကြက်ဥပြုတ် ၁လုံး
ရှမ်းနံနံနဲ့ ငြုပ်သီးကြော်
ပြုလုပ်နည်း
=======
ပထမဦးစွာ ကြက်စွပ်ပြုတ်ရည်ကိုဆူအောင်တည်ပြီးမားမားချဉ်စပ်အထုပ်ထဲမှာပါတဲ့အမှူန့်များကိုထည့်ပါ.ပြီးရင်မားမားခေါက်ဆွဲထည့်ပြုတ်ပါ.ခေါက်ဆွဲကျက်ခါနီးပင်လယ်စာများထည့်ပါ။..အရသာအတွက် သကြား\ငံပြာရည် နဲ့သံပုရာရည်ညှစ်ထည့်ပါ။အရသာစိမ့်စိမ့်လေးစားချင်ပါက..အုန်းနို့..(သို့)နို့စိမ်းအနည်းငယ်ထည့်နိုင်ပါတယ်။ပင်လယ်စာများကျက်ပါကမီးပိတ်ပါ။ကြက်ဥပြုတ်၂ခြမ်းခွဲပြီးသားနဲ့ရှမ်းနံနံ..ငြုပ်သီးကြော်တို့နဲ့တွဲဖက်ပြီးသုံးဆောင်နိုင်ပါပြီးရှင့်။
ပင်လယ်စာမဟုတ်ဘဲတခြား..အသားများကိုအစားထိုးပြီးလုပ်စားနိုင်ပါတယ်ရှင့်။ဥပမာ..ဝက်သားကိုတောက်တောက်စင်းပြီးအရသာများနယ်ကာခေါက်ဆွဲထဲထည့်ပြုတ်ပြီးယခုနည်းအတိုင်းလုပ်စားနိုင်ပါတယ်ရှင့်။အချိန်ကုန်သက်သာပြီးလွယ်ကူစွာမည်သူမဆိုလုပ်စားလို့လွယ်တဲ့နည်းလေးမို့မျှဝေပေးရခြင်းပါရှင့်။

Thida lay lay

No comments:

Post a Comment