မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday 8 May 2016

ကန်စွန်းဥယို
















ကန်စွန်းဥယို

ဒီ ကန်စွန်းဥယို ကတော့ အိစံ အဘွားရဲ့ ညီမ (အဘွား အပျိုကြီး) အမြဲလုပ်နေကျလေးပါ။ အရမ်းမွှေး အရမ်းစားကောင်းလွန်းတဲ့ ကန်စွန်းဥယို မို့ အဘွား ဆီကနေ ရအောင်သင်ထားခဲ့ တာ။ ပါဝင်သောပစ္စည်းလဲ သိပ်မများသလို လုပ်နည်းကလဲ လွယ်ကူပါတယ်။

ပါဝင်သောပစ္စည်းများ
၁။ ကန်စွန်းဥ - ၁ ပိသာ
၂။ သကြား - ၂၅ ကျပ်သား (အချိုကြိုက်လျှင် ပိုထည့်ပါ။)
၃။ ဆား - လက်ဖက်ရည် ဇွန်း လေးပုံတပုံ
၎။ ထောပတ် - ၁၀ သား
၅။ ဆီ - ၁၀ သား
၆။ ခြစ်ပြီးသား အုံးသီးဖတ် - ၃ ခွက် (ရိုးရိုးကော်ဖီခွက်)
ရ။ စပျစ်သီးခြောက် - အနည်းငယ်
၈။ သီဟိုငှ်စေ့- အနည်းငယ် (ပုံထဲတွင် မပါပါ)

ပြုလုပ်နည်း
၁။ ကန်စွန်းဥ ကို ပျော့သည်အထိပြုတ်ထားပါ။
၂။ ပြုတ်ပြီးသား ကန်စွန်းဥများကို အအေးခံပြီး အနှစ်များရအောင် ဇကာဖြင့်တိုက်ပါ။
၃။ ယိုထိုးမည့် ဒယ်အိုးထဲတွင် ဆီ နှင့် ထောပတ်ကို ထည့်ရ်ျ အပူပေးပါ။ ပူလာလျှင် ကန်စွန်းဥထည့်ပါ။
၎။ ထို့ နောက် သကြား၊ ဆား၊ အုံးသီးဖတ်များထည့်ရ်ျ အဆက်မပျက် မွှေပါ။
၅။ မိနစ် ၃၀ ခန့် မွှေပြီးနောက် အညိုေ၇ာင်သန်းလာပြီး မွှေးရ်ျ ဆီပြန်လာပါလိမ့်မည်။
၆။ ဆီပြန်လာလျှင် စပျစ်သီးခြောက်နှင့် သီဟိုငှ်စေ့ ကို ထည့်ရ်ျ ခနမွှေပါ။ ပြီးနောက် မီးဖိုပေါ်မှချရ်ျ အအေးခံပါ။ သုံးဆောင်နိုင်ပါပြီ။
( ကန်စွန်းဥ ယို ကို လေလုံသော ဗူးထဲမှာ ထည့် ၊ ရေခဲသေတ္တာထဲတွင် ၂ လ (သို့ ) ၃ လ သိမ်းထားနိုင်ပါသည်။)

( ၁ ခွက် = 240 ml = ရိုးရိုးကော်ဖီခွက် ၁ ခွက်) ( လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)



Ei San's Homemade Inspiration မြန်မာ့ မုန့် ပဲသရေစာ နှင့် အချိုပွဲ


No comments:

Post a Comment