မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday 8 May 2016

လက်ဖက်ကော်ပြန့် စိမ်း
















လက်ဖက်ကော်ပြန့် စိမ်း

အခြားနိင်ငံက လူတွေကအိစံကို ဘယ်နိုင်ငံကလဲလို့ မေးရင် မြန်မာလို ဖြေလိုက်တဲ့ အခါ သူတို့ ဘာပြန်ပြောကြလဲဆိုတော့ ...အော် နင်တို့ မြန်မာအစားအစာလေ မုန့် ဟင်းခါး နဲ့ လက်ဖက်(tea leaf salad) အ၇မ်းကောင်းတယ်ဆိုပြီးပြောကြတယ်။ လက်ဖက်သုပ်ကို သူတို့ အရမ်းကြိုက်ပါတယ်။ လက်ဖက်သုပ်စားပြီး သူတို့ ပြောတာတခုရှိတယ် (Heaven in the mouth) တဲ့ ပါးစပ်ထဲမှာ နတ်ပြည်ရောက်သွားသလိုပဲပေါ့နော်။ သူတို့ က ပဲလှော်ကြော်အစုံနဲ့ လက်ဖက်အရသာကို အရမ်းကြိုက်ပါတယ်။ ဒါပေမယ့် သူတို့ ကြိုက်တဲ့ လက်ဖက်သုပ်ပုံစံက ဖွဖွလေးသုပ်တာကိုပို ကြိုက်တယ်။ တချို့ မြန်မာဆိုင်တွေက လက်ဖက်ကို ဆလပ်ရွက်နဲ့ သုပ်တယ်။ အခုကတော့ သူတို့ တွေလဲ ကြိုက် မြန်မာတွေလဲကြိုက်တဲ့ လက်ဖက်ကို ကော်ပြန့် စိမ်းလေးနဲ့ လိပ်ကြည့်ထားတာပါ။ အကုန်လုံးကြိုက်လိမ့်မယ်ထင်ပါတယ်။ လုပ်စားကြည့်နော်။

ပါဝင်သောပစ္စည်းများ
၁။ လက်ဖက်ချဉ်ငံစပ်
၂။ ပုဇွန်ခြောက်ထောင်း
၃။ ခရမ်းချဉ်သီးအချဉ်သီး (ပါးပါးလှီး)
၎။ ဂေါ်ဖီထုပ် (ပါးပါးလှီး)
၅။ ဆလပ်ရွက်
၆။ ငရုတ်သီးစိမ်း (ပါးပါးလှီး)
၇။ ပဲလှော်ကြော်အစုံ

ပြုလုပ်နည်း
၁။ ကော်ပြန့် စိမ်းအရွက်ကိုပျော့ အောင် ရေနွေးနွေးထဲမှာ စိမ်ပါ။ (ရေနွေးနွေးကို ပြုလုပ်ပုံမှာ ရေအေး ၂ခွက်၊ ရေနွေး ၁ ခွက် ရောပါ။)
၂။ ပျော့ လာသော ကော်ပြန့် စိမ်းအရွက်ကို ခင်း ၊ အဲဒီ အပေါ်မှာ ဆလပ်ရွက်ကိုတင် ပြီးရင် ပုဇွန်ခြောက်မှုန့် ကိုဖြူး ၊ ဂေါ်ဖီထုပ်၊ လက်ဖက်၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း၊ ပဲလှော်ကြော် တို့ ကို ထည့်ရ်ျလိပ်ပါ။

(အလှဆင်ချင်လျှင် ခ၇မ်းချဉ်သီးကို အပြင်ကို ထားပြီးလိပ်လို့ လဲရပါတယ်။ လက်ဖက်ကို ဂေါ်ဖီထုပ်၊ ခရမ်းချဉ်သီး ပုဇွန်ခြောက်တို့ နဲ့ သုပ်ပြီး ထည့်လိပ်လို့ ရပါတယ်။ ချက်ချင်းစားမယ်ဆိုရင် သုပ်ပြီးမှလိပ်တာပိုကောင်းပါတယ်။)



Ei San's Homemade Inspiration မြန်မာ့ မုန့် ပဲသရေစာ နှင့် အချိုပွဲ


No comments:

Post a Comment