မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday 30 January 2016

ရှမ်းဟင်းထုပ်






















ရှမ်းဟင်းထုပ် 

ရှမ်းအစားအစာတမျိုးဖြစ်တဲ့ဟင်းထုပ်ကိုပုံစံအမျိုးမျိုးပြုလုပ်တာတွေ့ရပါတယ်။အချို့ကကြက်သွန်မိတ်တမျိုးသာအသုံးပြုပြီးအချို့ကမုန်လာထုပ်၊ငှက်ပျောဖူး၊ကြက်သွန်ဖူး၊ကြက်သွန်နီတို့ကိုအသုံးပြုကြပါတယ်။သတ်သတ်လွတ်ဟင်းထုပ်ဖြစ်ပါတယ်။အသားဖြင့်ပြုလုပ်လိုပါကမိမိနှစ်သက်ရာအသားငါးတို့ဖြင့်ထည့်သွင်းပြုလုပ်နိုင်ပါတယ်။
ပါဝင်ပစ္စည်း
******
ကြက်သွန်မိတ် - တဆယ်သား
ဆန်မှုန့် - တဆယ်သား
ကော်မှုန့် သို့ ကောက်ညင်းမှုန့် - ၃ ဇွန်း စားပွဲတင်ဇွန်း
ဆီ - တစ်ဇွန်း
ဂျင်းကြက်သွန်ဖြူ - ဇွန်းတဝက်
ဟင်းခပ်မှုန့် - တစ်ဇွန်း
ဆား - လိုသလောက်
္နနနွင်းမှုန့် - အနည်းငယ်
ရေ - အနည်းငယ်
ငါးဟင်းထုပ်ပြုလုပ်ပါက ငါးအသားပြားထွင်ပြီးသား - လိုသလောက်
ငှက်ပျောဖက် ထုပ်ရန်
တွဲဖက်စားသုံးရန်
**********
ကြက်သွန်ဖြူဆီချက်
ဂျူးမြစ်
ငရုပ်သီးကြော်
ပြင်ဆင်ပြုလုပ်နည်း
**********
(၁)ဦးစွာကြက်သွန်မိတ်ကိုရေဆေးသန့်စင်ပြီးလက်တဆစ်ခန့်ဖြတ်ထားပါ။
(၂)ပါဝင်ပစ္စည်းအားလုံးကိုဇလုံတခုတွင်ထည့်ပြီး ရေကိုဖြည်းဖြည်း ဆီထည့်ပြီးနယ်ပေးပါ။
(၃)ငှက်ပျောဖက်ကိုမီးကင်ပြီးသန့်ရှင်းကာကတော့ပုံလုပ်ပြီးစပ် ထားသောမှုန့်နှစ်ကိုထည့်ပါ ။ ငါးထည့်လိုကထည့်ပြီးလုံအောင်ပိတ်ပြီးပေါင်းခံအိုးတွင်ထည့်ပြီးမီးပြင်းပြင်းဖြင့်နာရီဝက်ခန့်ပေါင်းပြီးကြက်သွန်ဖြူဆီချက်၊ဂျူးမြစ်၊ငရုပ်သီးကြော်တို့ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။


Sofia Food Paradise 

No comments:

Post a Comment