မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday 7 May 2016

ငရုတ်ပွအစာသွပ်

















ငရုတ်ပွအစာသွပ်

ဒီဟင်းကို အန်တီတယောက်ဆီက သင်လာတာပါ။ ငရုတ်ပွနံမွှေးမွှေးလေးနဲ့ အသားသုံးမျိုးထည့်ထားလို့ အရမ်းကိုစားလို့ ကောင်းပါတယ်။ လူကြီးတွေရဲ့ ဟင်းချက်နည်းဆိုတော့ ရိုးရိုးရှင်းရှင်းပါပဲ။

ပါဝင်သောပစ္စည်းများ
၁။ တောက်တောက်ဆင်းထားသောကြက်သား - ၅ ကျပ်သား
၂။ ငါးဖယ် - ၅ ကျပ်သား
၃။ ပုဇွန် အကြီး - ၅ ကောင် (အခွံနွာပြီးတောက်တောက်ဆင်းထားပါ။)
၎။ ငရုတ်ပွ - အကြီး ၂ ခု (သို့ ) အသေး ၄ ခု
၅။ ယိုးဒယားငံပြာရည် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
၆။ သကြား (သို့ ) ဟင်းချို မှုန့် - လက်ဖက်ရည်ဇွန်း တ ၀က်
၇။ ငရုတ်ကောင်း အနည်းငယ်
၈။ ဆီ - ထမင်းစားဇွန်း ၅ ဇွန်း
၉။ အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံ တပုံ

ပြုလုပ်နည်း
၁။ ငရုတ်ပွအကြီးဆိုလျှင် ရေဆေးပြီး ၂ ပိုင်းပိုင်းပါ။ အသေးဆိုလျှင် ငရုတ်ပွရဲ့ ထိပ်ပိုင်းကိုပဲ ဖြတ်ပါ။ ပြီးလျှင် အတွင်းက အစိနှင့် အူတိုင်ကို ဒါးအသေးနှင့် အသာလေး ခြစ်ထုတ်ပါ။
၂။ ကြက်သား၊ ငါးဖယ်၊ ပုဇွန်၊ ငံပြာရည်၊ သကြား၊ ငရုတ်ကောင်းတို့ ကို သမအောင်နယ်ပါ။ နယ်ထားသော အသားထဲမှ ထမင်းစားဇွန်း ၂ ဇွန်းကို ချန်ရ်ျ ကျန်သော အသားများကို ငရုတ်ပွထဲ အစာသွပ်ပါ။
၃။ ငရုတ်ပွကို အိုးတခုထဲထည့်ရ်ျ ရေကို ငရုတ်ပွ တ၀က်ထိပဲေ၇ာက်အောင်ထည့်ပြီး မီးအေးအေးဖြင့်တည်ထားပါ။ ငရုတ်ပွများကျက်ပြီး ရေခမ်းသည်အထိတည်ပါ။ ထို့ နောက် ပန်းကန်ပြားပေါ်သို့ ငရုတ်ပွများကို စီထည့်ထားပါ။
၎။ ဆီကို အပူပေးပြီး အေ၇ာင်တင်မှုန့် ထည့် ၊ ချန်ထားသော အသားများကို ထည့်လုံးပါ။ အသားများကျက်လျှင် ဆီနှင့် အသားများကို ငရုတ်ပွပေါ်ကို လောင်းချပါ။ အရမ်းမွှေးပြီး အလွန်စားကောင်းတဲ့ ငရုတ်ပွ အစာသွပ်ဟင်းကို သုံးဆောင်နိုင်ပါပြီ။


Ei San's Homemade Inspiration 
ပင်လယ်စာ ဟင်းလျာများ


No comments:

Post a Comment