မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday 7 May 2016

ထိုင်းစတိုလ် ပင်စိမ်းနံမွှေးမွှေးနှင့် ငါးခူအစပ်ကြော်














ထိုင်းစတိုလ် ပင်စိမ်းနံမွှေးမွှေးနှင့် ငါးခူအစပ်ကြော်

ထိုင်းဟင်းလျာတွေထဲမှာ နာမည်ကြီးဟင်းတမျိုးဖြစ်တဲ့ ငါးခူအစပ်ကြော်ပါ။ အိစံတို့ အိမ်ကလူတွေက အစပ်မစားပေမယ့် ဒီဟင်းကိုတော့ အရမ်းကြိုက်ကြပါတယ်။ ပင်စိမ်းနံမွှေးမွှေး ငရုတ်သီးစပ်စပ်လေးနဲ့ စားလို့ ကောင်းတဲ့ ဟင်းလေးပါ။

ပါဝင်သောပစ္စည်းများ
၁။ ငါးခူ - ၂၅ ကျပ်သား (သို့ ) ၁ ပေါင်
၂။ ပင်စိမ်းအရွက် - ၁၅ ရွက် (သို့ ) ၂၀ ရွက်
၃။ red curry paste - ထမင်းစားဇွန်း ၁ ဇွန်းခွဲ
၎။ ယိုးဒယားငံပြာရည် - ထမင်းစားဇွန်း ၂ ဇွန်း
၅။ သကြားအညို (သို့ ) ရိုးရိုးသကြား - ထမင်းစားဇွန်း ၁ ဇွန်း
၆။ ငရုတ်ပွ - အနည်းငယ်
၇။ ရေ - ခွက် တ၀က်

ပြုလုပ်နည်း
၁။ ငါးကိုအတုံးတုံးရ်ျ ရေဆေးပြီး ခြောက်အောင်စစ်ထားပါ။
၂။ ငါးကြော်ရန်ဆီ အိုးကိုတည် ဆီထည့်ပြီး ပင်စိမ်းအရွက်များကို ကြွပ်လာသည်အထိကြော်ပါ။ ပြီးလျှင် ပင်စိမ်းရွက်များကို ဆီစစ်ထားပါ။
၃။ ပင်စိမ်းရွက်ကြော်ထားသော ဆီဖြင့် ငါးကိုထည့်ကြော်ပါ။ နှစ်ဖက်လုံးအ၀ါရောင်သန်းသည်အထိကြော်ပြီး ဆီစစ်ထားပါ။
၎။ ကြော်ထားသောဆီအိုးထဲမှ ဆီကို ထမင်းစားဇွန်း ၂ ဇွန်းစာချန် ရ်ျ ကျန်သောဆီများကို ခပ်ထုတ်ပါ။
၅။ မီးဖိုခဏပိတ်ထားပြီး ဆီအိုးထဲကို red curry paste ထည့်ပြီးမွှေပါ။ ပြီးလျှင် မီးဖိုပြန်ဖွင့်ပြီး ငံပြာရည်၊ သကြားတို့ ကိုထည့်မွှေပါ။
၆။ ထို့ နောက် ငါးကိုထည့်၊ ရေထည့်ပြီး အသာလေးမွှေပါ။ ၅ မိနစ်လောက်တည်ပြီး မီးဖိုပေါ်မှချခါနီးတွင် ငရုတ်ပွပါးပါးလှိးထားတာကိုထည့်ရ်ျ မွှေပါ။ ပြီးလျှင် မီးဖိုပေါ်မှချပါ။
၇။ ဟင်းပွဲပြင်ရန်ပန်းကန်ထဲတွင် ငါးဟင်းကိုအရင်ထည့်ပြီး အပေါ်မှ ပင်စိမ်းရွက်ကြော်များကို တင်ပါ။ အရမ်းမွှေးပြီး စားကောင်းတဲ့ ငါးခူအစပ်ဟင်းကို သုံးဆောင်နိုင်ပါပြီ။


Ei San's Homemade Inspiration 
ပင်လယ်စာ ဟင်းလျာများ


No comments:

Post a Comment