မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday 7 May 2016

ပုဇွန်ဆီ အနှစ်နဲ့ ပြန်ကြော်ထားတဲ့ ပုဇွန်ကြော်


















ပုဇွန်ဆီ အနှစ်နဲ့ ပြန်ကြော်ထားတဲ့ ပုဇွန်ကြော်

ပုဇွန်ဆီ အနှစ်နဲ့ ပြန်ကြော်ထားတဲ့ ပုဇွန်ကြော်ကို အန်တီကြီးတယောက်ဆီက စားဖူးတာပါ။ အ၇မ်းမွှေးပြီး စားလို့ လဲ အ၇မ်းကောင်းပါတယ်။ လုပ်ရတာ လွယ်ကူပြီး လူတိုင်းကြိုက်တဲ့ ဟင်းတခွက်ပါ။

ပါဝင်သောပစ္စည်းများ
၁။ ခေါင်းမပါသော ပုဇွန် - ၁ ပေါင် (သို့ ) ၂၅ ကျပ်သား
၂။ ပုဇွန်ဆီ - ၅ ကျပ်သား (ready made ပုလင်းထဲမှ ပုဇွန်ဆီကိုသုံးမယ်ဆိုရင် ထမင်းစားဇွန်း ၂ ဇွန်း)
၃။ ဆီ - ထမင်းစားဇွန်း ၁ ဇွန်း
၎။ ကြက်သွန်ဖြူ - ၂ တက်
၅။ ကြက်သွန်နီ - အသေး ၁ လုံး
၆။ ငံပြာရည် - ထမင်းစားဇွန်း ၁ ဇွန်း (ready made ပုဇွန်ဆီကိုသုံးမယ်ဆိုရင် ငံပြာ၇ည်မထည့်ပါနဲ့ ၊ အပေါ့အငံ မြည်းကြည့်ပြီးမှ ထည့်တာပိုကောင်းပါတယ်။ တချို့ ပုလင်းတွေက အငံပါပြီးသားမို့ ပါ။)
၇။ အေ၇ာင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
၈။ ဆနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
၉။ ဟင်းချိုမှုန့် (သို့ )သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း
၁။ ပုဇွန်ကိုအခွံချွတ် ကျောကိုဓါးနဲ့ ခွဲပြီး သန့် စင်ထားပါ။ ထို့ နောက် အေ၇ာင်တင်မှုန့် ၊ဆနွင်း၊ ဟင်းချိုမှုန့် ၊ ငံပြာရည်တို့ ဖြင့်နယ်ထားပါ။ ကြက်သွန်နီ နှင့် ကြက်သွန်ဖြူကို ထောင်းထားပါ။
၂။ ကြော်မည့် ဒယ်အိုး ကိုအပူပေးပြီး ပူလာလျှင် ဆီထည့်၊ ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ ဆီသတ်ပါ။ မွှေးလာလျှင် ပုဇွန်ဆီကိုထည့်လုံးပါ။ ၁ မိနစ်ခန့် လုံးပြီးနောက် ပုဇွန်များကို ထည့်ကြော်ပါ။ ၅ မိနစ်လောက်ကြော်ပြီးလျှင် အလွန် မွှေးပြီး အ၇သာရှိသော ပုဇွန်ကြော်ကို သုံးဆောင်နိုင်ပါပြီ။

(ထမင်းစားဇွန်း =1 tablespoon= 15ml) (လက်ဖက်ရည်ဇွန်း =1 teaspoon = 5 ml)


Ei San's Homemade Inspiration ပင်လယ်စာ ဟင်းလျာများ


No comments:

Post a Comment