မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday 7 May 2016

ပုဇွန် ထမင်းလုံး



















ပုဇွန် ထမင်းလုံး

( ဆူရှီဆိုင်တွေ မှာရောင်းတဲ့ upside down shrimp)

အိစံ ဆူရှီဆိုင်တွေ သွားစားရင် အဓိက သွားစားတာ ဒီ ပုဇွန် ထမင်းလုံးပါ။ ဆူရှီ ဘူးတွေက အပြင်ကစတိုးမှာဝယ်လို့ ရပေမယ့် ပုဇွန်ထမင်းလုံးက ဆူရှီရောင်းတဲ့ ဆိုင်တွေ မှာမှ ၀ယ်စားလို့ ရပါတယ်။ လုပ်နည်းမသိခင်ကတော့ ဒါစားချင်လို့ ခဏခဏသွားစားရတာပေါ့။ လုပ်နည်းလဲ သိရော အိမ်မှာပဲ စားတော့ တယ်။ ပါဝင်တဲ့ ပစ္စည်းလဲ နည်းပါတယ် လုပ်ရတာလဲ လွယ်တယ် စားလို့ လဲ ကောင်းလို့ လုပ်စားကြည့်ကြဘို့ တိုက်တွန်းလိုက်တယ်နော်။

ပါဝင်သောပစ္စည်းများ
၁။ ခေါင်းမပါသောအခွံခွာထားသော ပုဇွန် - ၅ ကောင်
၂။ ပျော့ပျော့ချက်ထားသော ဆူရှီထမင်း (သို့ ) ရှမ်းဆန် (သို့ ) ပေါ်ဆန်းမွှေး - လက်တဆုပ်စာ
၃။ မရိုနီစ် (Mayonnaise) - ထမင်းစားဇွန်း ၁ ဇွန်း မောက်မောက်
၎။ ကြက်သွန်မြိတ် - ၁ ပင်
၅။ ဂဏာန်းသားအတု (imitation crab) - ၁ ချောင်း
၆။ နှမ်း - အနည်းငယ်

ပြုလုပ်နည်း
၁။ ပုဇွန် ပြုတ် ရန်ရေနွေးအိုးတည်ထားပါ။ ရေနွေး ပွက်လျှင် ပုဇွန်ကို ၃ မိနစ်ထည့် ပြုတ်ပါ။ ပြီးလျှင် ပုဇွန်ကို ဆယ်ရ်ျ အအေးခံထားပါ။
၃။ပန်းကန်တခုထဲတွင် ဂဏာန်းသားအတုကို အမျှင် လေးတွေဖြစ်အောင်မျှင် ထားပါ။ ထို့ နောက် ထမင်း၊ ဂဏာန်းအသားတု အမျှင် နှင့် မရိုနီစ် ကိုရောရ်ျ နှံ့အောင်နယ်ပါ။
၎။ ပုဇွန် တကောင်ဆီကို ယူရ်ျ နယ်ထားသော ထမင်းကို ပုဇွန် ကိုယ်ပိုင်းကို အုပ်ရ်ျ အလုံးလေးဖြစ်အောင်ကပ်ပါ။
၅။ ပန်းကန်ပြားပေါ်တွင် ပြုလုပ်ထားသော ပုဇွန်ထမင်းလုံးကို တင်ရ်ျ နှမ်း၊ ကြက်သွန်မြိတ်တို့ ကိုဖြူး ရ်ျ ကြိုက်နှစ်သက်ရာ ဆော့စ် ဖြင့် သုံးဆောင် နိုင်ပါသည်။


Ei San's Homemade Inspiration ပင်လယ်စာ ဟင်းလျာများ


No comments:

Post a Comment