မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday 4 February 2016

သုံးရောင်ခြယ်ကြက်ဥပေါင်း ♡ Three Color Steam Egg

















သုံးရောင်ခြယ်ကြက်ဥပေါင်း ♡ Three Color Steam Egg

ကြက်ဥပေါင်းလေးကိုဧည့်ဖိတ်တွေမှာဖြစ်ဖြစ်ကိုယ်အိမ်မှာဘဲဖြစ်ဖြစ်သမရိုးကျပုံစံမဟုတ်ဘဲတမျိုးဆန်းပြားလှပအောင်လုပ်စားကြည့်ရအောင်နော်။
လိုအပ်သောပစ္စည်း
**********
ကြက်ဥ - ၄လုံး
ဆေးဘဲဥ - ၂လုံး
ဆားဘဲဥအစိမ်း - ၂လုံး
ပျားရည် - စားပွဲတင်ဇွန်းတစ်ဇွန်း
ပြင်ဆင်ပြုလုပ်နည်း
**********
၁။ဦးစွာကြက်ဥပေါင်းရန်ရေနွေးပေါင်းအိုးကိုအဆင်သင့်တည်ထားပါ။ ၂။ကြက်ဥကိုအကာနှင့်အနှစ်သီးသန့်ခွဲပြီးခေါက်ထားပါ။
အမြုတ်မထအောင်ခေါက်ပါ။ ၃။ဆေးဘဲဥကိုအခွံခွာပြီးအတွင်းသားမာအောင်ရေဆူတွင် ခဏပြုတ်ပြီးအတုံးလေးများလှီးထားပါ။
၎။ဆားဘဲဥအစိမ်းကိုအကာနှင့်အနှစ်သီးသန့်ထားပါ။
၅။ပေါင်းမည်ပန်းကန်သို့ခွက်တွင်စက္ကူခင်းပြီးဆေးဘဲဥလှီး ထားသည်ကိုထည့်ပါ။
၆။ကြက်ဥအကာကိုပျားရည်နှင့်ဆားဘဲဥအကာတဝက်(အလကားမဖြစ်အောင်ရယ် ဆားထည့်စရာမလိုအောင်)ထည့်
ခေါက်ပြီးဆေးဘဲဥပေါ်မှထည့်ပြီးရေနွေးအိုးတွင်၁၅မိနစ်ခန့်
ပေါင်းပါ။
၇။၁၅မိနစ်ပေါင်းပြီးအပြင်ထုတ်ယူကာကြက်ဥအနှစ်ကိုခေါက်
ပြီးအပေါ်မှလောင်းထည့်ပါ။
၈။အပေါ်ဆုံးမှဆားဘဲဥအနှစ်ကိုထပ်ခြမ်းခြမ်းပြီးစီထည့်ကာ
၁၀မိနစ်ခန့်ထပ်ပေါင်းပါ။
၉။ဆယ်မိနစ်ပြည့်ပါကကျက်မကျက်ကြည့်ကာပေါင်းအိုးမှချကာလှပစွာလှီးဖြတ်တည်ခင်းသုံးဆောင်နိုင်ပါပြီ။

Sofia Food Paradise 

No comments:

Post a Comment