မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday 7 May 2016

ငါးကောင်လုံးကြော် အနှစ်ဆမ်း
















ငါးကောင်လုံးကြော် အနှစ်ဆမ်း

ငါးကောင်လုံးကို ကြော်ထားပြီး အပေါ်မှ ကြက်သွန်နီနဲ့ ချက်ထားတဲ့ အနှစ်ကိုဆမ်းထားတဲ့ ဟင်းပါ။ အိစံတို့ သွားစားနေကြ ဆိုင်မှာေ၇ာင်းတဲ့ ဟင်းလေးပါ။ အရမ်းကို စားကောင်းပြီး လူကြိုက်များတဲ့ ဟင်းတမျိုးပါ။ ပါဝင်သောပစ္စည်း သိပ်မများပဲ ချက်လို့ လွယ်တဲ့ ဟင်းပါ။

ပါဝင်ပစ္စည်းများ
၁။ ကြိုက်နှစ်သက်ရာငါး - ၁ ကောင်
၂။ ကြက်သွန်နီ - ၁ လုံး
၃။ ကြက်သွန်ဖြူ - ၂ တက်
၎။ ငရုတ်ပွ - အနည်းငယ်
၅။ ဆား - အနည်းငယ်
၆။ ဆီ - ထမင်းစားဇွန်း ၂ ဇွန်း
၇။ pad thai sauce - ထမင်းစားဇွန်း ၂ ဇွန်း

ပြုလုပ်နည်း
၁။ ငါးကို ဆားအနည်းငယ်ဖြင့် နယ်ပြီး ကြော်ထားပါ။ ပြီးလျှင် ဆီစစ်ပြီး ပန်းကန်တခုထဲထည့်ထားပါ။ (ညှီနံ နံသောငါးဖြစ်လျှင် ဂျင်း အနည်းငယ်ကို ထောင်းပြီး အ၇ည်ကို ငါးပေါ်ညှစ် ၊ ဆားအနည်းငယ်ဖြင့် ကြော်ပါ။)
၂။ ကြက်သွန်နီကို သေးသေးလေးတွေဖြစ်အောင် တုံးထားပါ။ (သို့ ) food processor ဖြင့် ကြိတ်ထားပါ။
၃။ ဒယ်အိုးထဲတွင် ဆီ ထမင်းစားဇွန်း ၂ ဇွန်း ကို အပူပေးပြီး ကြက်သွန်ဖြူကို ဆီသတ်ပါ။ ပြီးလျှင် ကြက်သွန်နီကို ထည့်ပါ။ ထို့ နောက် pad thai sauce ကို ထည့်ပါ။ ရေ ထမင်းစားဇွန်း ၈ ဇွန်းကို ထည့်ပြီး ကြက်သွန်နီ ကျက်သည် အထိ တည်ပါ။ ( ၃ မိနစ်ခန့် )
၎။ ၃ မိနစ် ခန့် တည်ပြီးနောက် ပါးပါးလှီးထားသော ငရုတ်ပွကို ထည့်မွှေပါ။ ထို့ နောက် မီးဖိုပေါ်မှ ချရ်ျ အနှစ်များကို ကြော်ထားသော ငါးပေါ်သို့ ဆမ်းပါ။ သုံးဆောင်နိုင်ပါပြီ၊

(ထမင်းစားဇွန်း = 1 tablespoon = 15 ml) (လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)


Ei San's Homemade Inspiration 
 ပင်လယ်စာ ဟင်းလျာများ


No comments:

Post a Comment