မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ
Showing posts with label မုန့်လုပ်နည်းများ. Show all posts
Showing posts with label မုန့်လုပ်နည်းများ. Show all posts

Saturday 30 January 2016

ကြက်ဥပူတင်း ♡ Pudding with Gelato


















ကြက်ဥပူတင်း ♡ Pudding with Gelato


ပါဝင်ပစ္စည်း
********
ကြက်ဥ - ၆လုံး
နွားနို့ - ၆၅၀ ml
နို့ဆီ - တစ်ဘူး
ဗနီလာ အနံ့ - လ္ဘက်ဇွန်း တစ်ဇွန်း
ဂျုံ - ၅၀ဂရမ် (၄ဇွန်း စားပွဲဇွန်း)
ပြင်ဆင်ပြုလုပ်နည်း
*************
(၁)ovenကိုအပူချိန်၂၀၀ဒီဂရီအပူပေးထားပါ။မုန့်ဖုတ်မည့်ဘမ်းကိုထောပတ်လူးထားပါ။
(၂)ကြက်ဥ၊နို့ဆီ၊နွားနို့၊ဗီနီလာဂျုံတို့ကိုကြိ တ်စက်တွင်ထည့်ပြီးကျေညက်အောင်ကြိတ်ပါ။
(၃)ကျေညက်ပါကအိုးတခုထည်းသို့ဇကာဖြင့်စစ်ချပြီးထည့်ပါ။
(၄)ပြီးလျှင်မီးဖိုပေါ်တွင်မီးအနေတော်ဖြင့်တည်ပြီးမွေတံဖြင့်အဆက်မပျက်မွေပေးပါ။အခဲများမဖြစ်စေရန်မွေပါ။
(၅)ပူတင်းအနှစ်များစတင်ပျစ်လာပါကထောပတ်လူးထားသောဘမ်းတွင်လောင်းထည့်ပြီးမျက်နှာပြင်ညီအောင်ပြုလုပ်ပြီးovenတွင်မိနစ်၃၀ခန့်မျက်နှာပြင်အရောင်ရသည်ထိဖုတ်ပေးပါ။
(၆)အလယ်မုန့်သားကျက်မကျက်အချွန်တခုဖြင့်ထိုးကြည့်ပါ။ကြက်ဥနှစ်များကပ်ပါမလာတော့ပါကပူတင်းသားကျက်ပါပြီ။
(၈)ပူတင်းသားကျက်ပါကရေခဲသေတ္တာတွင်လုံးဝအေးသွားသည်ထိအအေးခံပြီးလိုသလိုလှီးဖြတ်တည်ခင်းသုံးဆောင်နိုင်ပါပြီ။

Sofia Food Paradise 

သာကူပြင် ♡ Sago Pudding






















သာကူပြင် ♡ Sago Pudding

မြန်မာမုန့်တစ်မျိုးဖြစ်တဲ့သာကူပြင်လေးကိုငယ်ငယ်ကတည်းကမကြာခဏဆိုသလိုဝယ်စားဖြစ်ပါတယ်။ကိုယ်တိုင်လည်းအကြိမ်ကြိမ်စမ်းလုပ်ခဲ့ဖူးပါတယ်။ဆိုဖီယာအတွက်လွယ်မလိုနဲ့ခက်တဲ့မုန့်လုပ်နည်းတွေထဲမှာတော့မြန်မာမုန့်ကထိပ်ဆုံးကဘဲဆိုရမှာပါ။ဆိုဖီယာလုပ်ထားတဲ့မုန့်အချိုးလေးပြောပြပါ့မယ်။
အောက်ခံသာကူအလွှာအတွက်ပါဝင်ပစ္စည်း
************************
သာကူစေ့ - ၂၀၀ ဂရမ်
သကြား - ၁၀၀ ဂရမ်
ရေ - တစ်လီတာ
အုန်းနို့်(cream ) - ၂၀၀ ml
ဆား - လ္ဘက်ဇွန်း သုံးပုံ တစ်ပုံ
အပေါ်ယံအုန်းနို့အလွှာအတွက်ပါဝင်ပစ္စည်း
***********************
အုန်းနို့ - ၁၀၀ ml
နွားနို့ - ၂၀၀ml
သကြား - ၈၀ ဂရမ်
ဂျုံမှုန့် - ၃၀ ဂရမ် (စားပွဲတင်သုံးဇွန်း)
ပြင်ဆင်ပြုလုပ်နည်း
***********
(၁)အိုးတခုတွင်ရေ၊ဆား၊သကြားတို့ကိုထည့်ပြီးကျိုပေးပါ။
(၂)ဆူပွက်ပါကသာကူစေ့ထည့်ပါ။မီးအနေတြော်ဖင့်သာကူအဆံပျောက်ခါနီးထိကျိုပေးပါ။အဆက်မပျက်မွေပေးပါ။ဆယ်မိနစ်က၁၅မိနစ်ခန့်ကြာပါတယ်။
(၃)သာကူရခါနီးအဆံဖြူပျောက်ခါနည်းရေခမ်းလုခမ်းခင်တွင်အုန်းနို့ကိုထည့်ပြီးဆက်ကျိုပေးပါ။
(၄)သာကူအဆံပျောက်ပြီးရေခမ်းလာပါကဆီအနည်းငယ်လူးထားသော၈လက်မအရွယ်ဘမ်းတွင်ထည့်ပြီးအအေးခံထားပါ။
(၅)သာကူအအေးခံထားစဉ်အပေါ်ယံအုန်းနို့အလွှာအတွက်ပြင်ဆင်ထားပါ။အိုးတခုတွင်နွားနို့(အုန်းနို့လျော့ချင်လို့နွားနို့အစားထိုးထားခြင်းပါ။နှစ်သက်ပါကအုန်းနို့သုံးနိုင်ပါတယ်)၊သကြားအုန်းနို့ဂျုံမှုန့်တို့ထည့်ပြီးမွေတံဖြင့်ကြေအောင်မွေပေးပါ။
(၆)ပြီးလျှင်မီးဖိုပေါ်တင်ပြီးအနေတော်မီးဖြင့်ပျစ်လာသည်ထိအဆက်မပျက်မွေပေးပါ။(မခဲပါစေနှင့်)
(၇)ပျစ်လာသောအုန်းနို့အေ၇ာကိုအအေးခံထားသောသာကူပေါ်တွင်ဖြန့်ပြီးလောင်းထည့်ပါ။(တအားပျစ်နေလျှင်ဖြန့်ရခက်သည်)
(၈)မျက်နှာပြင်ညီအောင်ညိပြီးovenတွင်အပေါ်မီး220ံCဖြင့်၁၅မိနစ်ခန့်အေ၇ာင်၇အောင်ကင်ပြီးထုတ်ယူကာအအေးခံထားပါ။မီးသွေးမီးဖြင့်အရောင်ရအောင်ကင်၍လည်းရပါတယ်။
(၉)သာကူပြင်အေးသွားလျှင်လိုသလိုလှီးဖြတ်ပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။ **လုံးဝအေးသွားမှသာလျှင်ပုံစံမပျက်လှီးဖြတ်နိုင်မှာဖြစ်ပါတယ်။

Sofia Food Paradise 

မြေဇာဥဆနွင်းမကင်း♡ Water Chestnut Cake





















မြေဇာဥဆနွင်းမကင်း♡  Water Chestnut Cake


မြေဇာဥဆနွင်းမကင်းကခွာ၇တာအနည်းငယ်လက်ဝင်ပြီးအ၇သာမှာတော့အမှန်တကယ်ကိုထူးခြားလှပါတယ်။Sis Lin Thawdar ရဲ့နည်းလေးဖြစ်ပါတယ် ။ကျေးဇူးပါ Sis smile emoticon
ပါဝင်ပစ္စည်း
*******
မြေဇာဥ - တစ်ကီလို
ဂျုံမှုန့် - ၂၀၀ ဂရမ်
ေ၇ွှကြည် - ၅၀ ဂရမ်
အုန်းနို့ - ၂၀၀ ml
သကြား - ၁၅၀ ဂရမ်
ထောပတ် - ၂၀၀ ဂရမ်
ကြက်ဥ - ၂လုံး
အုန်းသီးခြောက်မှုန့် - ၂ဇွန်း စားပွဲတင်ဇွန်း
ဘိန်းစေ့ - ၂ဇွန်း
ပြင်ဆင်ပြုလုပ်နည်း
*************
(၁)မြေဇာဥကိုအခွံသင်ေ၇ဆေးသန့်စင်ပြီးကြေညက်အောင်ကြိတ်ထားပါ။ကြေညက်၇န်မလွယ်ကူပါကအုန့်နို့ထည့်ပြီးကြိတ်ပါ။
(၂)ပြီးလျှင်အိုးတခုတွင်ပါဝင်ပစ္စည်းများအားလုံးဘိန်းစေ့နှင့်အုန်းသီးမှအပအားလုံးထည့်ပြီးသမအောင်မွေကာမီးအေးအေးဖြင့်ဆီပြန်လုံးလာသည်ထိကျိုပေးပါ။
(၃)လုံးလာပါကမုန်ဖုတ်မည့်ဘမ်းတွင်ထည့်ပြီးကျစ်နေအောင်ဖိပေးပါ။
(၄)မျက်နှာပြင်ချောမွေ့ပါကဘိန်းစေ့နှင့်အုန်းသီးခြောက်မှုန့်ဖြူးကာovenတွင်၂၀၀ဒီဂရီဖြင့်မိနစ်၂၀ခန့်ဖုတ်ပြီးအေ၇ာင်၇ပါကအအေးခံကာလိုသလိုလှီးဖြတ်သုံးဆောင်နိုင်ပါပြီ။

Sofia Food Paradise  

ချောကလတ်အုန်းနို့ကျောက်ကျော























ချောကလတ်အုန်းနို့ကျောက်ကျေ


ချောကလတ်အုန်းနို့ကျောက်ကျောကိုချောကလတ်အလွှာကို၁/၃နှင့်အုန်းနို့အလွှာကို၂/၃ဖြင်ပြုလုပ်ထားပါတယ်။တယ်လီဖုန်းအသေးတထုပ်ကိုရေ၁၅၀၀mlသကြား၃၀ကျပ်သားဖြင့်မိမိပြုလုပ်လိုသောကျောက်ကျောကိုချိန်ဆပြီးပြုလုပ်နိုင်ပါတယ်။
လိုအပ်သောပစ္စည်း
**********
(၁)ချောကလတ်အလွှာအတွက်
ကျောက်ကျောမှုန့် - ၁/၃ ပုံ
(တယ်လီဖန်းအသေးတထုပ် ၂၅ဂရမ်)
ချောကလတ် - ၂၀၀ ဂရမ်
သကြား - ၂ဇွန်း
ရေ - ၅၀၀ ml
(၂)အုန်းနို့အလွှာအတွက်
အုန်းနို့ခရမ် - ၃၀၀ ml
ရေ - ၇၀၀ ml
သကြား - ၃၀၀ ဂရမ် (၂၀ကျပ်သား)
ကျောက်ကျောမှုန့် - ၂/၃ပုံ
ပြင်ဆင်ပြုလုပ်နည်း
**********
(၁) ချောကလတ်အလွှာအတွက်ရေ ၊ ချောကလတ်သကြားတို့ကိုအိုးတခုတွင်ထည့်ပြီးအရင်ကျိုပါ။
(၂)ပွက်ခါနီးတွင်ကျောက်ကျောမှုန့်ကိုရေအနည်းငယ်ဖြင့်ဖျော်ပြီးထည့်ပါ။
(၃)ဆူပွက်ပါမီးအနည်းငယ်ဖြင့်ကျောက်ကျောမှုန့်ပျော်အောင်မွေပေးပါ။
(၄)ကျောက်ကျောမှုန့်ပျော်ပါကအအေးခံမည့်ဘမ်းသို့ထည့်ပြီးအအေးခံထားပါ။
(၅)အအေးခံထားစဉ်အပေါ်အုန်းနို့လွှာအတွက်ပြင်ဆင်ပါ။
(၆)အိုးတခုဖြင့်ရေအုန်းနို့သကြားတို့ကိုရောပြီးကျိုပေးပါ။
(၇)ပူလာပါကကျောက်ကျောမှုန့်ကိုရေဖျော်ထည့်ပြီးမီးနည်းနည်းဖြင့်ဆူအောင်တည်ပါ။
(၈)ကျောက်ကျောမှုန့်ပျော်ပါကအအေးခံထားသောချောကလတ်အလွှာအပေါ်မှဇွန်းခံပြီးသာသာလေးလောင်းထည့်ကာအအေးခံ၍လိုသလိုလှီးဖြတ်ပြီးသုံးဆောင်နိုင်ပါပြီ။ချောကလတ်အုန်းနို့ကျောက်ကျောကိုချောကလတ်အလွှာကို၁/၃နှင့်အုန်းနို့အလွှာကို၂/၃ဖြင်ပြုလုပ်ထားပါတယ်။တယ်လီဖုန်းအသေးတထုပ်ကိုရေ၁၅၀၀mlသကြား၃၀ကျပ်သားဖြင့်မိမိပြုလုပ်လိုသောကျောက်ကျောကိုချိန်ဆပြီးပြုလုပ်နိုင်ပါတယ်။

Sofia Food Paradise  

မုန့်ဆီကြော်














မုန့်ဆီကြော်

မြန်မာ့ရိုးရာမုန့်တမျိုးဖြစ်တဲ့မုန့်ဆီကြော်ကိုမြန်မာတိုင်းသိကြသလိုနှစ်လည်းနှစ်သက်ကြမှာပါ။အထူးသဖြင့်အဝေးရောက်နေသူများကပိုပြီးတမ်းတလေ့ရှိကြပါတယ်။ဆိုဖီယာတော့အိမ်ပြန်တိုင်းမဖြစ်မနေသွားရှာဝယ်စားတတ်သလိုအပြန်လည်းအမြဲယူလာဖြစ်ပါတယ်။ငယ်ငယ်ကမန္တလေးမှာကြီးတော့ရပ်ကွက်ထဲကတနှစ်တခါအသိမိတ်ဆွေအိမ်တွေမှာမုန့်ဆီကြော်ပြီဆိုရင်ဘေးကထိုင်ကြည့်ခဲ့တယ်။မုန့်ဖြူမုန့်နီဆိုပြီးကြော်ကြပါတယ်။အဝေးရောက်နေသူများအဖို့ခုကြော်ထားတဲ့အချိုးလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း(ရှစ်ချပ်စာ)
****************
ကောက်ညင်းမှုန့် - ၂၀၀ ဂရမ်
ဆန်မှုန့် - ၂၅ ဂရမ်
ထန်းလျက် -၂၂၅ဂရမ်
ရေ - ၂၈၀ ml
ဆား - အနည်းငယ်
မြေပဲထောင်း- တစ်ပန်းကန်
နှမ်း - တစ်ပန်းကန်
ပြင်ဆင်ပြုလုပ်နည်း
*************
(၁)ဦးစွာထန်းလျက် ၂၂၅ ဂရမ်ကိုရေ ၂၈၀mlထည့်ပြီးကျိုပါ။
(၂)ထန်းလျက်ပျော်ပါကဇကာဖြင့်အမှိုက်များကိုစစ်ပြီးအအေးခံထားပါ။
(၃)ဆန်မှုန့်နှင့်ကောက်ညင်းမှုန့်အရောကိုဇလုံတခုတွင်ထည့်ပါ။ဆားအနည်းငယ်ထည့်ပါ။ထန်းလျက်ရည်ခပ်နွေးနွေးအနေအထားတွင်ရောထည့်ပြီးသမအောင်မွေပါ။မြေပဲထောင်းနှင့်နှမ်းထည့်ပါ။အုန်းသီးထည့်လိုကပါးပါးစိတ်ထည့်ပါ။
(၄)ပြီးလျှင်အိုးအပြန့်တွင်ဆီလက်တလုံးခန့်ထည်ပြီးအပူပေးပါ။
(၅)ဆီပူလာပါကမုန့်နှစ်ရည်တစ်ဇွန်းခပ်ပြီးလောင်းထည့်ပါ။
(၆)မုန့်နှစ်ပြန့်ရန်အိုးကိုအနည်းငယ်လှုပ်ပေးပါ။
(၇)အနည်းငယ်အရောင်ရပါကတဖက်သို့လှန်ပေးပြီးဆက်ကြော်ပါ။ကြာကြာကြော်လျှင်ကြွပ်ပြီးမာသွားတတ်ပါတယ်။
(၈)၂ဖက်လုံးအရောင်ရပါကဆယ်ယူဆီစစ်ပြီးဒန်အိုးတွင်ငှက်ပျောဖက်တထပ်ဆီခင်းထည့်ကာအဖုံးအုပ်ထားပါ။
***ငှက်ပျောဖက်နံ့သင်းသင်းမုန့်ဆီကြော်မှာကြော်ပြီးနောက်ရက်များတွင်ပိုစားကောင်းပါတယ် ။

Sofia Food Paradise  

ကရေကရာ
















ကရေကရာ 


မြန်မာအချိုပွဲတမျိုးဖြစ်တဲ့ကရေကရာကိုလူတိုင်းသိပြီးသားဖြစ်မှာပါ။အထူးသဖြင့်ကလေးဘဝမှာစားခဲ့ရတာများပါတ ယ်။ဆိုဖီယာကတော့မန္တလေးပြန်ချိန်ကလွဲရင်တကူးတက ရှာပြီးမဝယ်စားဖြစ်ပါဘူး။သန့်ရှင်းလတ်ဆပ်ပြီးဆေး သကြားကင်းတဲ့ကရေကရာလေးကိုအိမ်မှာလုပ်စားနိုင်ဖို့လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
********
ကောက်ညင်းမုန့် - ၂၀၀ ဂရမ်
အုန်းနို့ - ၁၅၀ ml
သကြား - ၁၅၀ ဂရမ်
ဆား - အနည်းငယ်
အုန်းသီးဖတ် - ၂၀၀ ဂရမ် ( ထမင်းစားပန်းကန်၂လုံး )
ပြင်ဆင်ပြုလုပ်နည်း
*************
(၁)ဦးစွာကောက်ညင်းမုန့်ကိုလှော်ပေးပါ။အရောင်အနည်းငယ်ညိုအောင်လှော်ပြီးအအေးခံထားပါ။
(၂)အိုးတခုတွင်အုန်းနို့၊သကြား ၁၀၀ ဂရမ်(၅၀ဂရမ်ချန်ထားပါ)၊ဆားအနည်းငယ်ထည့်ပြီးမီးဖိုပေါ်တွင်ကျိုပေးပါ။
(၃)သကြားပျော်ပါကခြစ်ထားသောအုန်းသီးဆံထည့်ပြီးဆူပွ က်အောင်တည်ပါ။
(၄)ဆူပွက်ပါက၂မိနစ်ခန့်တည်ထားပြီးမီးကိုအသေးဆုံးလျော့ချကာဆန်မှုန့်၁၅၀ဂရမ်ထည့်ပါ။(၅၀ဂရမ်ချန်ထားပါ)
(၅)ဆန်မှုန့်ထည့်ပြီးအုန်းနို့အုန်းသီးတို့ကိုသမအောင်အဆ က်မပျက်မွေပေးပါ။
(၆)တဖြေးဖြေးပျစ်ခဲလာပါကမီးပိတ်ပြီး၅မိနစ်ခန့်အအေးခံ ကာချန်ထားသောသကြား၅၀ဂရမ်ကိုထည့်ပြီးမွေပေးပါ။
(၇)ဘမ်းတခုအောက်ခြေတွင်ချန်ထားသောဆန်လှော်မှုန့်တဝက်ဖြူးပါ။ပြီးလျှင်အပေါ်မှကျိုထားသည့်အရောကိုထည့်ပါ။မျက်နှာပြင်ညီအောင်ဖိပြီးညိ၍အပေါ်မှဆန်မုန့်တဝက်ဖြူးပြီးအအေးခံကာလိုသလိုလှီးဖြတ်တည်ခင်းနိုင်ပါပြီ။

Sofia Food Paradise   

Friday 29 January 2016

ထိုးမုန့်

















ဆိုဖီယာကရှမ်းပြည်ဇာတိဆိုပေမဲ့မန္တလေးမှာဆယ်နှစ်လောက်နေလာတာမို့မန္တလေးကအစားအစာတွေကိုနှစ်သက်ပါတယ်။မန္တလေးထိုးမုန့်တစ်ခုအပါအဝင်ပေါ့။ဒါကြောင့်ခုလိုအဝေးေ၇ာက်နေချိန်မှာကိုယ်အရမ်းကြိုက်တဲ့ထိုးမုန့်စားချင်တော့ကြိုးစားပြီးလုပ်စားဖြစ်ပါတယ်။ငယ်စဉ်က၇ပ်ကွက်အလှူတွေမှာထိုးမုန့်လုပ်တာမြင်ဖူးပါတယ်။မြင်ဖူးသမျှလေးနဲ့ဟိုမေးဒီမေးကြိုးစားလုပ်ထားတဲ့ထိုးမုန့်လေးကရောင်းတန်းတွေလိုအရည်အသွေးကိုမမှီပေမဲ့အဝေးရောက်နေသူများအဖို့တော့ကျေနပ်နိုင်လိမ့်မယ်လို့ထင်လို့ဆိုဖီယာလုပ်ထားတဲ့လုပ်နည်းလေးကိုမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
******
ကောက်ညင်းမှုန့် - ၂၄၀ ဂရမ်
သာကူမှုန့် - ၈၀ ဂရမ်
အုန်းနို့ -၂၀၀ ml
ေ၇ - ၂၀၀ml
သကြား - ၂၀၀ဂရမ်
ဆီ -၅ကျပ်သား
ထောပတ် - ၅ကျပ်သား
မြေပဲဆန်/သီဟိုဠ်စေ့/ဖ၇ုံယို -လက်တစ်ဆုပ်
အုန်းသီး -တစ်စိတ်
ပြင်ဆင်ပြုလုပ်နည်း
***********
(၁)ဦးစွာေ၇ ၁၅၀ ml နှင့်အုန်းနို့ ၂၀၀ml ကိုေ၇ာပြီးအပူပေးပါ။ (ဆူပွက်၇န်မလို)
(၂)ကောက်ညင်းမှုန့်ကိုဇလုံတခုတွင်ထည့်ပြီးအပူပေးထားသော အုန်းနို့အရောဖြင့်နယ်ပေးပါ။မုန့်နှစ်၇ပါကအဖုံးအုပ်ထားပါ။(အမှန်တော့ကောက်ညင်းဆန်ရေစိမ်ကြိတ်ပြီးမှလုပ်ပါတယ်။)
(၃)သာကူမှုန့် ကိုေ၇၅၀mlထည့်ပြီးနယ်ထားပါ။
(၄)အုန်းသီးကိုပါးပါးစိတ်ထားပါ။ကြော်ထည့်လို့ပါကကြော်ထားနိုင်သည်။မြေပဲလှော်ထားပါ။
(၅)အားလုံးအသင့်ဖြစ်ပါကဒယ်အိုးထဲတွင်ဆီနှင့်ထောပတ်ကိုအပူပေးပြီးပူလာပါကနယ်ထားသောကောက်ညင်းမုန့်နှစ်ကိုထည့်ပြီးအဆက်မပျက်မွေပေးပါ။
(၆)ကောက်ညင်းအေ၇ာင်ပြောင်းပါကသကြားကိုဖြေးဖြေးဆီထည့်ထိုးပါ။
(၇)သကြားနှင့်မုန့်သားညက်လာပါကသာကူမှုန့်နယ်ထားသည်ကိုအနည်းငယ်ဆီထည့်ပြီးထိုးပေးပါ။
(၈)အားလုံးသမကာချောမွေ့လာပါကမြေပဲသို့နှစ်သက်၇ာသစ်သီးစေ့နှင့်အုန်းသီး၊ဖရုံယိုတို့ကိုထည့်ကာသမအောင်ထိုးမွေပေးပါ။သမသွားပါကဆီသုပ်ထားသောဘမ်းတွင်ထည့်ပြီးအအေးခံကာလိုသ လိုကပ်ကြေးဖြင့်ညပ်ကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။

Sofia Food Paradise  

စတော်ဘယ်ရီကူလ်ဖီး ♡Strawberry Kulfi

















စတော်ဘယ်ရီကူလ်ဖီး ♡Strawberry Kulfi

ကူလ်ဖီးမလိုင်လို့အများသိထားတဲ့အိန္ဒိယေ၇ခဲမုန့်လေးဖြစ်ပါတယ်။ပြုလုပ်ရလွယ်ကူပြီးသန့်ရှင်းလပ်ဆပ်စွာအိမ်မှာလုပ်စားနိုင်ဖို့လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း ( ၆ချောင်းစာ )
*******
နွားနို့ - တစ်လီတာ (full cream milk )
နို့စိမ်း -ဘူးတဝက်
နို့ဆီ - ဘူးတဝက်
ပြောင်းမှုန့် သို့ ဆန်မှုန့် - တစ်ဇွန်း စားပွဲဇွန်း
ဖာလာစေ့အမှုန့် - အနည်းငယ်
စတော်ဘယ်ရီအနှစ် - ၂၅၀ ဂရမ် (နှစ်သက်ရာအသီး)
သစ်သီးခြောက် - အနည်းငယ် pistachios / Almond
ပြင်ဆင်ပြုလုပ်နည်း
***********
(၁)ဦးစွာနွားနို့ထဲသို့ဆန်မှုန့်သို့ပြောင်းမှုန့်ထည့်ပြီးမွေပေးပါ။မီးဖိုပေါ်တင်ပြီးဆူပွက်အောင်တည်ပါ။
(၂)ဆူပွက်ပါကမီးကိုလျော့ချပြီးတဝက်ခမ်းသည်ထိတည်ပေးပါ။ အိုးမကပ်စေရန်မွေပေးပါ။မလိုင်များတက်လာပါလိမ့်မည်။
(၃)နို့တဝက်ခမ်းသွားပါကနို့ဆီနှင့်နို့စိမ်းထည့်ပြီးမွေပေးပါ။ဖာလာစေ့အမှုန့်ထည့်ပါ။စေးပျစ်လာပါကအသင့်ကြိတ်ချေထားသောစတော်ဘယ်ရီအနှစ်ကိုထည့်ပြီးမွေပေးပါ။မီးဖိုပေါ်တွင်ခေတ္တအပူပေးပြီးပါကမီးပိတ်ပြီးအအေးခံထားပါ။သစ်သီးခြောက်ထည့်မွေပေးပါ။
(၄)အေးသွားပါကမိမိပုံသွင်းမည့်ခွက်တွင်လောင်းထည့်ပြီးရေခဲသေတ္တာအခဲခန်းတွင်ခြောက်နာရီခန့်အခဲခံထားပါ။လက်ကိုင်တုတ်ချောင်းလေးထည့်လိုပါကတဝက်ခဲအနေထားတွင်ထည့်နိုင်ပါတယ်။
(၅)မိမိသုံးဆောင်လိုသောအချိန်တွင်ခွက်ကိုအပြင်မှေ၇လောင်းပေးပြီးကူလ်ဖီးကိုထုတ်ယူကာသစ်သီးခြောက်ဖြင့်အလှဆင်သုံးဆောင်နိုင်ပါပြီ။
***
ကူလ်ဖီးတွင်မလိုင်ဖက်လေးများရရန်ကျိုထားသောနို့အရောကိုအအေးခံပြီးမှသာပုံစံခွက်တွင်လောင်းထည့်ပါ။


Sofia Food Paradise  

ရှမ်းထမနဲ (ခေါက်ယာခု)
















ရှမ်းထမနဲ (ခေါက်ယာခု)

ခေါက်ယာခုလို့ခေါ်တဲ့ရှမ်းထမနဲလေးပါ။တောင်ပေါ်သူတောင်ပေါ်သားတိုင်းသိ ကြမယ်ထင်ပါတယ်။တပို့တွဲလပြည့်ရောက်တိုင်းရှမ်းပြည်မှာတော့ခေါက်ယာခုလုပ်ပြီးအိမ်နီးနားချင်းတွေကိုဝေပေးလေ့ရှိပါတယ်။
ပါဝင်ပစ္စည်း
*******
ကောက်ညင်းဆန် - ၄ခွက် (ဆန်ချိန်ခွက်)
ရေ - ၄ ခွက် ဆန်ချိန်ခွက်
ရှမ်းကြံသကာ - ၁၅ကျပ်သား
ဆီ - ၅ကျပ်သား (ချက်ပြီးသား)
မြေပဲလှော် - ၅ကျပ်သား
နှမ်းလှော် - ၃ဇွန်း 
ဆား - အနည်းငယ်
အုန်းသီး -တစ်စိတ် ခြစ်ထားပါ။
ပြင်ဆင်ပြုလုပ်နည်း
**********
(၁)ကောက်ညင်းကိုလေးနာရီခန့်ရေစိမ်ထားပြီးကောက်ညင်းနှင့်ရေဆတူထည့်ကာပေါင်းအိုးဖြင့်တည်ပါ။(ရှမ်းပြည်မှာတော့သစ်သားပေါင်းချောင်ဖြင့်ရေခံပေါင်း
ပါတယ်။ကျက်သည်ထိမကြာမကြာအပေါ်မှရေဖြန်းပေးရပါတယ်။)
(၂)ကောက်ညင်းကျက်လျှင်ကြံသကာကိုကောက်ညင်းများကြားသို့ထိုးထည့်ပါ။
(၃)ကြံသကာပျော်သွားပါကအဝကျယ်အိုးကြီးတွင်သွန်ထည့်ပါ။ချက်ထားသော ဆီ၊မြေပဲ၊နှမ်းတို့ကိုထည့်ပြီးအားလုံးနှံ့ေ အာင်မွေကာလုံးခြမ်းကွဲအနေထိရအောင်ထိုးပါ။
(၄)ပြီးလျှင်ဘမ်းတခုတွင်ဆီသုတ်ပြီးထိုးထားသောကောက်ညင်းများထည့်ကာနာနာဖိပေးပြီးမျက်နှာပြင်ညီအောင်လုပ်ပေးကာအအေးခံထားပါ။ (၅)လုံးဝအေးသွားပါကလိုသလိုလှီးဖြတ်ပြီးအုန်းသီးနှင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ ။

Sofia Food Paradise 

ဒူးရင်းသီးဆနွင်းမကင်း ♡ Durian Semolina Cake
















ဒူးရင်းသီးဆနွင်းမကင်း ♡ Durian Semolina Cake 

ဆနွင်းမကင်းဆိုရင်တော့မြန်မာအစားစာတခုဖြစ်လို့လူ တိုင်းသိ ပြီးသားပါ။လုပ်နည်းလည်းတူပြီးအချိုးကတော့တယောက်နဲ့တယောက်အနည်းငယ်ဆီကွဲကြပါတယ်။ဒူးရင်းသီးဆနွင်းမကင်းကိုကျကိုယ်တိုင်တခါမှမလုပ်ဖူးသေးဘဲပထမဆုံးအကြိမ်စားဖူးတာတော့အမေယောက္ခမလုပ်ကျွေးတာဘဲဖြစ်ပါတယ်။ခုလုပ်ထားတဲ့အချိုးလေးပြောပြပါ့မယ်။
ပါဝင်ပစ္စည်း
******
ရွှေကြည် - ၅၀ကျပ်သား
သကြား - ၃၀ကျပ်သား
(ပုံမှန်ထက်အချိုလျော့ထားပါတယ်ဒူးရင်းသီးပါလို့ )
အုန်းနို့ - နှစ်ဘူး (၄၀၀ ml)
ဘဲဥ - ၅လုံး
ဆီ - ၁၅ကျပ်သား
ထောပတ် - ၅ကျပ်သား
ဒူး၇င်းသီးအနှစ် - အစိတ်သား
(ဒူးရင်းယိုဖြင့် အစားထိုးနိုင်)
Almond - ၅ကျပ်သား
ဘိန်းစေ့ - ၂ဇွန်း
ရေ - လိုသလောက်
ပြင်ဆင်ပြုလုပ်နည်း 
**********
(၁)အိုးတခုတွင်ရွှေကြည်ကိုခွက်ဖြင့်အရင်ချိန်ကြည့်ပြီးထည့်ပါ ။ ရွှေကြည်၎ခွက်ရှိလျှင်ရေနဲ့အုန်းနို့အရော၅ခွက်ထည့်ရပါမယ်။ရွှေကြည်အစေ့ကြီးကပိုထည့်ပေးရပါ့မယ်။ေ၇ွှကြည်ကိုလှော်ပြီးလည်းပြုလုပ်နိုင်ပါတယ်။
(၂)ကျန်ပါဝင်ပစ္စည်းအားလုံးဘိန်းစေ့မှအပထည့်ပြီးနှံ့အောင်မွေပေးပါ။
(၃)ပြီးလျှင်မီးဖိုပေါ်တင်ကာမီးအေးအေးဖြင့်ဆီပြန်ပြီးလုံးလာသည်ထိမွေပေးပါ။
(၄)အိုးမကပ်ဘဲဆီပြန်၍လုံးလာပါကဘမ်းတွပြီးလျှင်မီးဖိုပေါ်တင်ကာမီးအေးေ(၅)မျက်နှာပြင်ချောမွေ့လာပါကဘိန်းစေ့ဖြူးပြီးအပေါ်မီးအောက်မီးဖြင့်ဖုတ်ပြီးအရောင်ရပါကအအေးခံကာလိုသလိုလှီးဖြတ်သုံးဆောင်နိုင်ပါပြီ။ 
မှတ်ချက် ။ မိမိစိတ်ကူးရှိသလိုစပျစ်ခြောက် ၊နှစ်သက်ရာသစ်သီးခြောက်ဖရုံယိုအစရှိသည်တ်ို့ထည့်ပြီးလည်းပြုလုပ်နိုင်ပါတယ် ။

Sofia Food Paradise

အုန်းနို့ထန်းလျက် ကျောက်ကျော
















အုန်းနို့ထန်းလျက် ကျောက်ကျော


ကျောက်ကျောကိုပုံမှန်လုပ်နေကျပုံစံနဲ့မတူဘဲသကြားအစားထန်းလျက်ကိုသုံးပြီးပြုလုပ်ထားပါတယ်။အနံ့အ၇သာထူးထူးခြားခြားလေးရှိစေမှာဖြစ်ပါတယ်။
ပါဝင်ပစ္စည်း
ကျောက်ကျောမှုန့် -၁၅ ဂရမ်
ထန်းလျက် - ၃၅၀ ဂ၇မ်
အုန်းနို့ - ၂၀၀ ml
ေ၇ - ၁၃၀၀ml
သာကူ - ၁၀၀ ဂ၇မ်
ပြင်ဆင်ပြုလုပ်နည်း
***********
(၁)ေ၇ဆူတည်ပြီးသာကူစေ့ကိုအဆံဖြူပျောက်ခါနီးထိပြုတ်ပြီးမီးပိတ်ကာဆယ်မိနစ်ခန့်အဖုံးအုပ်ထားပါ။ပြီးလျှင်ဇကာဖြင့်စစ်ချပြီးေ၇အေးလောင်းထားပါ။ေ၇စိမ်ထားပါ။(မခဲစေ၇န်)
(၂)ထန်းလျက်ကိုေ၇(၁၃၀၀ml)ထည့်ပြီးကျိုပါ။အမှိုက်များစစ်ထုတ်ထားပါ။
(၃)ကျောက်ကျောမှုန့်ကိုသုံးပုံပုံထားပါ။
(၄)ထန်းလျက်၇ည်ကိုတခွက်တွင်၈၀၀ml၊ တခွက်တွင်၅၀၀ml နှစ်ခွက်ခွဲ ထားပါ။
(၅)အိုးတခုတွင်ထန်းလျက်၇ည်၈၀၀ml၊အုန်းနို့၂၀၀ml၊ကျောက်ကျောမှုန့်၂ပုံ ၁၀ဂရမ်ထည့်ပြီးဆူပွက် အောင်ကျိုပေးပါ။
(၆)ဆူပွက်ပါကတဝက်ခွဲပြီးသာကူတဝက်ကိုေ၇စစ်ပြီးေ၇ာထည့်ကာသမအောင်မွေပြီးအအေးခံမည့်ဘမ်းတွင်လောင်းထည့်ပါ။
(၇)အအေးခံထားစဉ်အလယ်အထပ်အတွက်ခွဲထားသောထန်းလျက်၇ည်၅၀၀mlတွင်ကျောက်ကျောမှုန့် တစ်ပုံ၅ဂရမ်ကိုထည့်ပြီး ကျိုပေးပါ။ဆူပွက်ပါကမီးပိတ်ပြီးခေတ္တအအေးခံထားပါ။
(၈)အောက်ခံအုန်းနို့သာကူအလွှာမျက်နှာပြင်အနည်းငယ်တင်းလာပါကအသင့်ကျိုထားသောထန်းလျက်ကျောက်ကျောကိုဇွန်းခံပြီးသာသာလေးလောင်းထည့်ပေးပြီးအအေးခံထားပါ။
(၉)ထန်းလျက်ကျောက်ကျောအအေးခံထားစဉ်အပေါ်ဆုံးအလွှာအတွက်ချန်ထားသောအုန်းနို့သာကူကိုအနည်းငယ်ပြန်အပူပေးကာလက်ကျန်သာကူတဝက်ေ၇စစ်ပြီးေ၇ာထည့်ထား၍သမအောင်မွေပေးပါ။
(၁၀)ထန်းလျက်ကျောက်ကျောအလွှာအတော်တင့်ခဲသွားမှသာလျှင်အပေါ်ဆုံးအုန်းနို့သာကူကိုဇွန်းခံပြီးလောင်းထည့်ကာ အအေးခံ ထားပါ။
(၁၁)လုံးဝအေးခဲသွားမှသာလျှင်လိုသလိုလှီးဖြတ်ပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။

Sofia Food Paradise   

ကောက်ညင်းကန်ဇွန်းဥဆနွင်းမကင်း























ကောက်ညင်းကန်ဇွန်းဥဆနွင်းမကင်း

ကောက်ညင်းဆနွင်းမကင်းစိန်ဖေကြီးလုပ်နည်းကတင်ထားပြီးသားပါ။ကန်ဇွန်းဥအရောင်လေးလှလို့အောက်ခံအဖြစ်ထည့်ထားတာပါ။

ရိုးရိုးလေးနဲ့အရောင်လေးစပ်ပြီးလုပ်ထားတာမို့တမျိုးဆွဲဆောင်မှုရှိပါတယ်။လုပ်နည်းလေးကြည့်၇အောင်နော် ။
ကောက်ညင်းအလွှာအတွက် ပါဝင်သောပစ္စည်း
*************************
ကောက်ညင်း - ဆန်ချိန်ခွက်၃ခွက်
သကြား - ၁၅၀ ဂရမ်
အုန်းနို့ခ၇င်မ် - ၂၀၀ml
ဆား - လ္ဘက်ဇွန်းတဝက်
ဆီ - ၃ဇွန်း စားပွဲတင်
အောက်ခံကန်ဇွန်းဥအလွှာအတွက်ပါဝင်သောပစ္စည်း
*****************************
ကန်စွန်းဥ - ၅၀၀ ဂ၇မ်
သကြား - ၁၀၀ ဂ၇မ်
ထောပတ် - နှစ်ဇွန်း စားပွဲတင်ဇွန်း
ပြင်ဆင်ပြုလုပ်နည်း
**************
(၁)ကန်ဇွန်းဥကိုပြုတ်ပြီးအခွံသင်ကာကြေအောင်ချေပြီးသကြားနှင့်ထောပတ်ထည့်ကာသကြားပျော်အောင်မွေပေးပါ။
(၂)ပြီးလျှင်ပြုလုပ်မည့်ဘမ်းတွင်အောက်ခံငှက်ပျောဖတ်ကိုခင်းပြီးချေပြီးသားကန်ဇွန်းဥကိုထည့်ပြီးဖိ၍မျက်နှာပြင်ညီအောင်ပြုလုပ်ပြီးေ၇ခဲသေတ္တာတွင်မာအောင်ထည့်ထားပါ။
(၃)ရေတညသို့လေးနာရီခန့်စိမ်ထားသောကောက်ညင်းကိုထမင်းပေါင်းအိုးတွင်ပါ။ရေနှင့်အုန်းနို့ရောပြီးဆန်နှင့်ရေမျက်နှာပြင်ညီထည့်ပါ။ဆားသကြားနှင့်ဆီထည့်ပြီးမွေပေးကျက်ပြီသားကောက်ညင်းကိုအထက်အောက်သေချာမွေပေးပါ။ ရေခမ်းပြီးခလုတ်ပြုတ်ပါက၁၅မိနစ်ခန့်အဖုံးမဖွင့်ဘဲထားပါ။
(၅)ကျက်ပြီသားကောက်ညင်းကိုအထက်အောက်သေချာမွေပေးပါ
(၆)အအေးခံထားသောကန်ဇွန်းဥမာခဲသွားပါကအပေါ်မှချက်ပြီးသားကောက်ညင်းကိုထည့်ပြီးဖိပေးပါ။မျက်နှာပြင်ချောမွေ့ပါကအအေးခံ ကာလိုသလိုလှီးဖြတ်ပြီးသုံးဆောင်နိုင်ပါပြီ။
**အပေါ်ယံမျက်နှာပြင်အေ၇ာင်၇အောင်ပြုလုပ်လိုပါကအုန်းနို့အနည်းငယ်လူးပြီးအပေါ်မီးသက်သက်ဖြင့်အရောင်ရအောင်ကင်ပေးနိုင်ပါတယ်။

Sofia Food Paradise  

မုန်လာဥဆနွင်းမကင်း
























မုန်လာဥဆနွင်းမကင်း

စားနေကျဆနွင်းမကင်းနဲ့မတူဘဲအ၇သာကောင်းပြီးအရောင်လေးလည်းလှတဲ့မုန်လာဥနီခါကြက်ဥဆနွင်းမကင်းလေးလုပ်စားကြည့်၇အောင်နော်။အချိုလျော့ထားပြီးစိမ့်စိမ့်လေးလုပ်ထားတာမို့အချိုနှစ်သက်ပါကသကြားပိုထည့်နိုင်ပါတယ်။
ပါဝင်ပစ္စည်း
*******
မုန်လာဥ - ၂၅၀ ဂ၇မ်
ရွှေကြည် အနု - ၂၀၀ ဂရမ်
သကြား - ၁၅၀ ဂရမ်
အုန်းနို့ - ၂၅၀ ml
နွားနို့ - ၁၅၀ ml
အုန်းသီးစိမ်း - ရေနွေးပန်းကန်တစ်လုံး
အခြောက်မုန့် ထည့်လျှင် ၂၀ ဂရမ်
ထောပတ် - ၇၅ ဂရမ်
ကြက်ဥ - ၃လုံး
ဆား - အနည်းငယ်
ဘိန်းစေ့ - တစ်ဇွန်း စားပွဲတင်ဇွန်း
ပြင်ဆင်ပြုလုပ်နည်း
***********
(၁)ဦးစွာပထမမုန်လာဥနီကိုေ၇ဆေးအခွံသင်ကာအုန်းသီးခြစ်ဖြင့်အမျှင်နုနုလေး၇အောင်ခြစ်ထားပါ။
(၂)အိုးတခုတွင်ပါဝင်ပစ္စည်းများအားလုံးဘိန်းစေ့မှအပထည့်ပြီးသမအောင်မွေပေးပါ။
(၃)မီးဖိုပေါ်တင်ကာမီးအနေတော်ဖြင့်ဆီပြန်လုံးလာသည်ထိအဆက်မပျက်မွေပေးပါ။ရွှေကြည်အနုအကြမ်းပေါ်မူတည်ပြီးအုန်းနို့သို့နွားနို့ ကိုပိုထည့်ပေးဖို့လိုပါတယ်။
(၄)ပြီးလျှင်ရှစ်လက်မအရွယ်ဘမ်းကိုဆီသုပ်ပြီးကျိုထားပြီးသောမုန်လာဥဆနွင်းမကင်ကိုသေချာဖိထည့်ပေးပြီးမျက်နှာပြင်ညီအောင်ချောအောင်လက်ဖြင့်ဖိသိပ်ပေးပါ။
(၅)ပြီးလျှင်အပေါ်မှဘိန်းစေ့ဖြူးကာ oven တွင် 200´Cဖြင့် ၁၅မိနစ်ခန့် ဖုတ်ပြီးအအေးခံကာလိုသလိုလှီးဖြတ်၍တည်ခင်းသုံး ဆောင်နိုင်ပါပြီ။

Sofia Food Paradise