မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, 29 January 2016

မုန်လာဥဆနွင်းမကင်း
























မုန်လာဥဆနွင်းမကင်း

စားနေကျဆနွင်းမကင်းနဲ့မတူဘဲအ၇သာကောင်းပြီးအရောင်လေးလည်းလှတဲ့မုန်လာဥနီခါကြက်ဥဆနွင်းမကင်းလေးလုပ်စားကြည့်၇အောင်နော်။အချိုလျော့ထားပြီးစိမ့်စိမ့်လေးလုပ်ထားတာမို့အချိုနှစ်သက်ပါကသကြားပိုထည့်နိုင်ပါတယ်။
ပါဝင်ပစ္စည်း
*******
မုန်လာဥ - ၂၅၀ ဂ၇မ်
ရွှေကြည် အနု - ၂၀၀ ဂရမ်
သကြား - ၁၅၀ ဂရမ်
အုန်းနို့ - ၂၅၀ ml
နွားနို့ - ၁၅၀ ml
အုန်းသီးစိမ်း - ရေနွေးပန်းကန်တစ်လုံး
အခြောက်မုန့် ထည့်လျှင် ၂၀ ဂရမ်
ထောပတ် - ၇၅ ဂရမ်
ကြက်ဥ - ၃လုံး
ဆား - အနည်းငယ်
ဘိန်းစေ့ - တစ်ဇွန်း စားပွဲတင်ဇွန်း
ပြင်ဆင်ပြုလုပ်နည်း
***********
(၁)ဦးစွာပထမမုန်လာဥနီကိုေ၇ဆေးအခွံသင်ကာအုန်းသီးခြစ်ဖြင့်အမျှင်နုနုလေး၇အောင်ခြစ်ထားပါ။
(၂)အိုးတခုတွင်ပါဝင်ပစ္စည်းများအားလုံးဘိန်းစေ့မှအပထည့်ပြီးသမအောင်မွေပေးပါ။
(၃)မီးဖိုပေါ်တင်ကာမီးအနေတော်ဖြင့်ဆီပြန်လုံးလာသည်ထိအဆက်မပျက်မွေပေးပါ။ရွှေကြည်အနုအကြမ်းပေါ်မူတည်ပြီးအုန်းနို့သို့နွားနို့ ကိုပိုထည့်ပေးဖို့လိုပါတယ်။
(၄)ပြီးလျှင်ရှစ်လက်မအရွယ်ဘမ်းကိုဆီသုပ်ပြီးကျိုထားပြီးသောမုန်လာဥဆနွင်းမကင်ကိုသေချာဖိထည့်ပေးပြီးမျက်နှာပြင်ညီအောင်ချောအောင်လက်ဖြင့်ဖိသိပ်ပေးပါ။
(၅)ပြီးလျှင်အပေါ်မှဘိန်းစေ့ဖြူးကာ oven တွင် 200´Cဖြင့် ၁၅မိနစ်ခန့် ဖုတ်ပြီးအအေးခံကာလိုသလိုလှီးဖြတ်၍တည်ခင်းသုံး ဆောင်နိုင်ပါပြီ။

Sofia Food Paradise  

No comments:

Post a Comment