Friday, 29 January 2016
ေ၇ွှထမင်း ♡ Sweet Yellow Rice
ေ၇ွှထမင်း ♡ Sweet Yellow Rice
အိန္ဒိယအချိုပွဲတမျိုးဖြစ်တဲ့ေ၇ွှထမင်း(ထမင်းချို)လေးကိုပွဲတော်ရက်၊ဝတ်ပြုဆုတောင်းပွဲတွေမှာတည်ခင်းဧည့်ခံလေ့ရှိပါတယ်။ဒီအချိုပွဲလေးကိုငယ်ငယ်ကမကြာမကြာစားခဲ့ရဖူးလို့အလွမ်းပြေချက်စားရင်ချက်နည်းလေးကိုမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
*******
ဆန် ( Basmati ) - ၄ခွက် ဆန်ချိန်ခွက်
သကြား - ၂ခွက်
ထောပတ် - ၄ဇွန်း
Zaffron/ဆေးရောင်အဝါ - အနည်းငယ်
ကရဝေးရွက် - ၂ရွက်
ဖာလာစေ့ - ၅စေ့
ရေ - ၆ခွက်ခွဲ
စပျစ်ခြောက် - လက်တစ်ဆုပ်
သီဟိုဠ်စေ့ ၊ Almond Flake
ပြင်ဆင်ချက်ပြုတ်နည်း
*************
(၁)ဆန်ကိုရေဆေးပြီးနှစ်နာရီခန့်ေ၇စိမ်ထားပါ။ရေစစ်ထားပါ။
(၂)ချက်မည့်အိုးတွင်ထောပတ်ထည့်ပြီးက၇ဝေးနှင့်ဖာလာစေ့ကိုဆီသပ်ပြီးေ၇စစ်ထားသောဆန်ထည့်ပါ။ရေထည့်ပါ။သကြားနှင့်ဆေးေ၇ာင်ထည့်ပြီးတည်ပါ။ဆူပွက်ပါကသမအောင်မွေပေးပါ။ခလုတ်ပြုတ်ကျက်သည်ထိချက်ပါ။
(၃)ရွှေထမင်းကျက်ပါကစပျစ်ခြောက်နှင့်သစ်သီးခြောက်တို့ကိုထည့်ပြီးသမအောင်မွေပေးပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။
***ဆန်အမျိုးအစားပေါ်မူတည်၍ရေကိုချိန်ထည့်ပါ။
Sofia Food Paradise
Subscribe to:
Post Comments (Atom)
No comments:
Post a Comment