မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, 29 January 2016

လမုန့်





















လမုန့်


ဂျုံကြမ်း - ၅၀၀ ဂရမ်
ဆီ - ၁၂၀ ဂရမ်
ဆော်ဒါ - တစ်ဇွန်း စားပွဲတင်
ကြက်ဥ - ၂လုံး 
ကြံသကာရည် -၂၅၀ ml (ကြံသကာ၁၅၀ဂရမ်)
နှမ်း - ၃ဇွန်း 
ကြက်ဥအနှစ် - ၁လုံး
(၁)ဇလုံတခုတွင်ဂျုံ ၊ဆော်ဒါ ထည့်ပြီးသမအောင်မွပါ။
(၂)ဆီထည့်ပြီးမွေပါ။
(၃)ကြက်ဥနှင့်ကြံသကာရည်ကိုဖြည်းဖြည်းဆီလောင်းထည့်ပြီးဂျုံသားချောမွေ့သည်ထိနှယ်ပေးပါ။
(၄)ချောမွေ့လာပါကအဝတ်ဖြင့်အုပ်ပြီးဆယ်မိနစ်ခန့်နှပ်ထားပါ။
(၅)အစာထည့်ရန်ပဲယိုအဆင့်သင့်ပြင်ထားပါ။
(၆)ဂျုံလုံးနှပ်ပါကနှစ်သက်ရာအရွယ်ဖြတ်ပြီးလုံးပါ။
(၇)ဂျုံကိုဖြန့်ပြီးပဲယိုထည့်ပြီးပြန်ပိတ်ကာပလပ်စတစ်အပေါ်အောက်ခံပြီးသာသာပြန့်အောင်ဖြန့်ပေးပါ။ပဲယိုများထွက်မလာအောင်ဂရုစိုက်ပြီးဖြန့်ပါ။
(၈) လိုအပ်သောအနေထားရပါကဆီသုပ်စက္ကူခင်းထားသောဘမ်းတွင်ထည့်ပြီးအပေါ်မျက်နှာပြင်ကြက်ဥနှစ်သုတ်ကာနှမ်းဖြူးပြီးOvenတွင်၁၇၀ဒီကရီဖြင့်၄၅မိနစ်ခန့်အရောင်ရလာသည်ထိကင်ပေးပြီးအအေးခံကာသုံးဆောင်န်ုင်ပါပြီ။

Sofia Food Paradise



No comments:

Post a Comment