ယိုးဒယားငါးပိထမင်းကြော် ♥♥♥Shrimp Paste Fried Rice
ယိုးဒယားငါးပိထမင်းကြော်အတွက်လို အပ်သောပစ္စည်း
******************************
ထမင်း - တစ်ပွဲ
ပုဇွန်ငါးပိ - ဇွန်းတဝက် ( လ္ဘက်စားဇွန်း)
အချိုမှုန့်သကြားအရော - ၁ဇွန်း
ယိုးဒယားငံပြာရည် - ဇွန်းတဝက်( ဟင်းစားဇွန်း)
ခရုဆီ - ဇွန်းတဝက်
ဆီ - ၁ဇွန်း
******************************
ထမင်း - တစ်ပွဲ
ပုဇွန်ငါးပိ - ဇွန်းတဝက် ( လ္ဘက်စားဇွန်း)
အချိုမှုန့်သကြားအရော - ၁ဇွန်း
ယိုးဒယားငံပြာရည် - ဇွန်းတဝက်( ဟင်းစားဇွန်း)
ခရုဆီ - ဇွန်းတဝက်
ဆီ - ၁ဇွန်း
တွဲဖက်အုန်းနို့ကြက်သားဟင်းအတွက်လိုအပ်သောပစ္စည်း
*******************************
ဆီ - ၁ဇွန်း
ကြက်သား - လက်တဆုပ်
ယိုးဒယားဟင်းချက်အနှစ် - ၁ဇွန်း
ငံ ပြာရည် - ဇွန်းတဝက်
ခရုဆီ - ဇွန်းတဝက်
အုန်းနို့ - 1/2 cup
Curry powder - 1tsp
*******************************
ဆီ - ၁ဇွန်း
ကြက်သား - လက်တဆုပ်
ယိုးဒယားဟင်းချက်အနှစ် - ၁ဇွန်း
ငံ ပြာရည် - ဇွန်းတဝက်
ခရုဆီ - ဇွန်းတဝက်
အုန်းနို့ - 1/2 cup
Curry powder - 1tsp
တွဲဖက် ပေးရန်လိုအပ်သောပစ္စည်း
******************
သရက်သီးစိမ်း - အမျှင်စိပ်ထား
ကြက်ဥ တလုံး - အပြားလိုက်ကြော်ပြီးအမျှင်လှီးထားတာ
ကြက်သွန်ဖြူ၂မြောင်း - ပါးပါးစိပ်
ကြက်သွန်နီ ဥ သေးသေး - အကွင်းလှီး
ဂျင်း၂ပြား - နုတ်နုတ်စိပ်
ငရုပ်သီးစိမ်းနီ - သေးသေးစိပ်
ပုဇွန်ခြောက်ကြော် - တဇွန်း

ပြင်ဆင်ချက်ပြုတ်ပုံ
**********
ဦးစွာထမင်းကိုအရင်ကြော်ပါမယ်။ဒယ်အိုးတခုတွင်ဆီအနည်းငယ်ထည့်ပြီးငါးပိကိုချကြော်ပါ။ ထမင်းထည့်ပါ ။ အချိုမှုန့်သကြား၊ ငံပြာရည် ၊ခရုဆီ ၊တို့ကို ထည့်ပြီး ကြော်ပါ ပြီးလျှင်ပန်း ကန်လုံးတခုဖြင့်ထည့်ပြီးပွဲပြင်မည့်ပန်းကန်တွင်မှောက်ထည့်ထားပါ ။
ကြက်သားအုန်းနို့ဟင်းချက်ပါ့မယ်။
အိုးသေးသေးတခုတွင် ဆီးအနည်းငယ်ဖြင့် Curry paste ကို ဆီသပ်ကာကြက်သားချကြော်ပါ အုန်းနို့ထည့်ပြီးပါဝင်တဲ့အချိုမှုန့်သကြား၊ငံပြာရည် ၊ခရုဆီ တို့ဖြင့်အရသာဖြည့်စွက်ပါ ။ အုန်းနို့အနည်းငယ်ပျစ်လာပါက curry powder ထည့်ပြီးပန်းကန်သေးသေးတခုဖြင့်ထည့်ပေးပါ ။ ပြီးလျှင် အသင့်ပြုလုပ်ပြီးသားတွဲဖက်ပစ္စည်းများကြက်ဥ အမျှင်၊ သရက်သီးစိမ်း၊ ကြက်သွန်ဖြူ ၊နီ၊ ဂျင်း၊ ငရုပ်သီးစိမ်းနီတို့ ဖြင့် ပုံတွင်ပြထားသည့်အတိုင်းပြင်ဆင်ကာတည်ခင်းသုံးဆောင် နိုင်ပါပြီ။
အရသာမှာချိုချဉ်ငံစပ်ပေါင်းစပ်စားရသောယိုးဒယားငါးပိထမင်းကြော်လေးဘဲဖြစ်ပါတယ် ။
Sofia Food Paradise

No comments:
Post a Comment