မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, 22 January 2016

ပဲတောင့်ရှည်သနပ် heart emoticon Long Bean Pickle























ပဲတောင့်ရှည်သနပ် heart emoticon Long Bean Pickle

ပါဝင်ပစ္စည်း နှင့်ပြုလုပ်နည်း
**************
ပဲတောင့်ရှည် - တစည်း
မုန်လာဥနီ - တဝက်
ဂျူးမြစ် - လက်တဆုပ်
ဆား - ၁ဇွန်း ( လ္ဘက်ရည်ဇွန်း)
သကြား - ၃ဇွန်း
ဟင်းခပ်မှုန့် - ၁ဇွန်း
နှစ်သက်ရာဗီနီဂါ - ၅ဇွန်း (စားပွဲတင်ဇွန်း)
ခုသုံးထားတာ Apple Vinegar ဖြစ်ပါတယ်။
ပုဇွန်ခြောက်မှုန့် - ၁ ဇွန်း
ကြက်သွန်နီ - ၁လုံး
ကြက်သွန်ဖြူ - ၃မြောင်း
နှမ်း - ၂ဇွန်း
ငရုပ်သီးမှုန့် အစိမ်းမှုန့် ၁ဇွန်း
ဆီ - ၃ဇွန်း
(၁)ဦးစွာပထမပဲသီးတောင့်ကိုရေဆေးသန့်စင်ပြီးလက်တဆစ်ခန့် ဖြတ်ထားပါ။အစိမ်းနှစ်သက်ပါကအစိမ်းတိုင်း ပြုလုပ်ပါ။ အစိမ်းမနှစ်သက်ပါကရေဆူဆူတွင်၁မိနစ်ခန့်ဖျောပြီးရေခဲရေစိမ်ပေးပါ။ (၂)ပြီးလျှင်ရေစစ်ပြီးမုန်လာဥနီ၊ဂျူးမြစ်၊ဗီနီဂါ၊ဆား၊သကြား၊ဟင်းခပ်မှုန့်တို့ထည့်ပြီးနာနာနှယ်ပေးပြီးနာရီဝက်ခန့်နှပ်ထားပေးပါ။ (၃)နှပ်ထားစဉ်မကြာမကြာအထက်အောက်မွေပေးပါ။ (၄)အိုးတခုတွင်ဆီအပူပေးပြီးပုဇွန်ခြောက်မှုန့်၊ ကြက်သွန်နီ ၊ ကြက်သွန်ဖြူတို့ကိုဆီသပ်ပါ။ငရုပ်သီးမှုန့်ထည့်ပါ။အရောင်ရလျှင် မီးဖိုမှချကာအအေးခံထားပါ။
(၅)နှပ်ထားသောပဲသီးတောင့်အတွင်းသို့အရသာဝင်ပါကအရည်များကိုစစ်ထုတ်ပြီးချက်ထားသောဆီချက် ၊နှမ်းလှော်တို့ထည့်ပြီးသမ အောင်မွေကာသုံးဆောင်နိုင်ပါပြီ။ ပြုလုပ်ပြီးရေခဲသေတ္တာတွင်တရက်ထားကာသုံးဆောင်ပါကပိုမိုကောင်းမွန်တဲ့ပဲသီးတောင့်သနပ်ကိုရရှိမှာဖြစ်ပါတယ် ။

Sofia Food Paradise 

No comments:

Post a Comment