မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, 22 January 2016

ဂျုံကျို




















ဂျုံကျို 
heart emoticon
မြန်မာအစားအစာတခုဖြစ်တဲ့ဂျုံကျိုကိုလူတိုင်းစားဖူးကြမယ်ထင်ပါတယ်အထူးသဖြင့်ငယ်ဘဝမှာကြာမကြာစားခဲ့ရဖူးတယ်။ခုလည်းငယ်ဘဝသတိရလို့ကျိုစားဖြစ်တယ်။ကိုယ်ကျိုတော့မှမလေးရှားတရုပ်လူမျိုးနဲ့ စင်္ကာပူက မလေးလူမျိုးတွေက"ဟယ်ဂျုံကျိုလားအရမ်းကြိုက်တာအရမ်းစားကောင်းတာ"တဲ့လေအော်အဲ့တော့မှကိုယ်တွေဘဲငယ်ငယ်ကစားခဲ့ရတယ်ထင်တာပေါ့နော် ။ခုတော့သူများနိုင်ငံတွေမှာလည်းကလေးတွေကိုကျိုကျွေးကြတယ်ဆိုတာသိရတာပေါ့နော် smile emoticon
ဂျုံကျိုကျိုနည်းကမခက်ပါဘူးဂျုံစေ့ကိုရေဆေးပြီးရေတော်တော်များများထည့်ပြီးပြုတ်ထားပါတယ်ကောက်ညင်းဆန်လက်တဆုပ်ထည့်ပြုတ်ပါ။ ကျွန်မတော့ထမင်းပေါင်းအိုးနဲ့ဘဲအဖုံးသာသာဟပြီးတည်ထားလိုက်တယ်ရေခမ်းလာရင်မကြာမကြာရေထပ်ထည့်ပေးတယ်။ဒါကြောင့်ရေအချိုးတော့မပြောတော့ဘူးနော် ။တော်တော်ကြာတော့ပြုတ်ရပါတယ်၃နာရီလောက်ပြုတ်ထားပြီးမကြာကြာမွေပေးပါ ။ နူးအိလာပါကထန်းလျက်ကိုအရည်ကျိုပြီးစစ်ထည့်လိုက်ပါတယ်။ နူးအိလာပါကမိမိလိုချင်သောအပျစ်အကျဲကိုရေရောပြီးပွက်လာပါကအုန်းသီးဆံအုန်းနို့တို့ဖြင့်ထည့်ပြီးသုံးဆောင်နိုင်ပါပြီ ။

Sofia Food Paradise 

No comments:

Post a Comment