မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, 21 January 2016

ဆန်ဆနွင်းမကင်း ♡ Rice Pudding

















ဆန်ဆနွင်းမကင်း ♡ Rice Pudding

အချိုပွဲအဖြစ်တည်ခင်းနိုင်ပြီးပြုလုပ်ရလွယ်ကူအာဟာရလည်းဖြစ်စေမဲ့ကလေးလူကြီးနှစ်သက်မဲ့ဆန်ဆနွင်းမကင်းဖြစ်ပါတယ်။ဆနွင်းမကင်းနှစ်သက်သူများအတွက်ဆိုဖီယာရဲ့လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
********
ဆန်ချော - ၂ခွက်ခွဲ ဆန်ချိန်ခွက်
ရေ - တစ်လီတာ
နွားနို့ - ၂၀၀ml
အုန်းနို့ - ၂၀၀ ml ဘူးသေးတဘူး
သကြား - ၂၅၀ဂရမ်
ဆား - အနည်းငယ်
ထောပတ် - ၁၅၀ဂရမ်
သီဟိုဠ်စေ့/Almond - ၅၀ဂရမ်
သာကူစေ့ - ၁၀၀ဂရမ်
အုန်းသီးမှုန့် - နှစ်ဇွန်း စားပွဲဇွန်း
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ဆန်ကိုရေဆေးသန့်စင်ပြီး၂နာရီခန့်ရေစိမ်ထားပါ။သာကူစေ့ကိုအဆံပျောက်လုပျောက်ခင်ထိပြုတ်ပြီးရေဆေးရေစိမ်ထားပါ။
(၂)၂နာရီခန့်စိမ်ပြီးသားဆန်ကိုရေပြန်ဆေးရေစစ်ပြီးရေ၅၀၀mlထည့်ပြီးနှစ်သက်ရာအညက်အနေအထားထိကြိတ်ပါ။ဆိုဖီယာတော့ဆန်စေ့နည်းနည်းချန်ကြိတ်ပါတယ်။
(၃)အိုးတခုတွင်ကြိတ်ထားသောဆန်မုန့်နှစ်နွားနို့သကြားအုန်းနို့နို့ထောပတ်ဆားထည့်ပြီးမီးဖိုပေါ်တည်ကာအဆက်မပျက်မွေပေးပါ။
(၄)လက်ကျန်ရေ၅၀၀mlကိုလိုသလောက်ဆီဖြည်းဖြည်းထည့်မွေပေးပြီးမုန့်နှစ်ကျက်ပြီးနှပ်ကာဆီပြန်လုံးလာသည်ထိမွေပေးပါ။
(၅)ဆီပြန်လုံးလာပါကပြုတ်ထားသောသာကူစေ့ကိုရေစစ်ပြီးထည့်ပါ။သီဟိုဠ်စေ့သို့မဟုတ်နှစ်သက်ရာသစ်သီးခြောက်ကိုသေးသေးစိတ်ထည့်ပြီးအားလုံးသမအောင်ရောမွေပေးပါ။
(၆)အားလုံးသမအောင်မွေပေးကာဆီသုတ်ထားသောမုန့်ဘမ်းတွင်မုန့်နှစ်ကိုလောင်းထည့်ပြီးမျက်နှာပြင်ညီအောင်ပြုလုပ်ပါ။အပေါ်မှအုန်းသီးခြောက်အမှုန့်ဖြူးကာovenတွင်အပူချိန်၂၂၀ဒီဂရီဖြင့်မိနစ်၂၀ခန့်အရောင်ရသည်ထိကင်ပေးပါ။
မီးသွေးမီးအပေါ်မီးများများအောက်မီးနည်းနည်းဖြင့်လည်းဖုတ်နိုင်ပါတယ်။အရောင်ရပါကထုတ်ယူအအေးခံကာလိုသလိုလှီးဖြတ်ပြီးတည်ခင်းနိုင်ပါပြီ။


Sofia Food Paradise 

No comments:

Post a Comment