မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, 21 January 2016

ကြက်သားချဉ်စော်ခါးသီးချက်
























ကြက်သားချဉ်စော်ခါးသီးချက် heart emoticon
ဒီဟင်းလေးကရိုးရာဟင်းတခုပါ။ငယ်ငယ်ကဧည့်ဖိတ်တွေမှာချက်တဲ့အဖွားလက်ရာလေးကိုသတိရလို့ချက်စားဖြစ်တာပါ။ကြက်သားကိုဆီပြန်အရောင်တင်တွေနဲ့စားနေရတာရိုးအီနေရင်အပြောင်းလဲလေးချက်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
******
ကြက် - တစ်ကီလို
ချဉ်စော်ခါးသီးခြောက် - လက်တဆုပ်
ကြက်သွန်နီ - ၃လုံး
ကြက်သွန်ဖြူ - တစ်ဥ
ဂျင်း - လက်တစ်ဆစ်
ရှောက်ကော - ၂လုံး သို့ အမှုန့်တဇွန်း
ဆား - လိုသလောက်
ဟင်းခပ်မှုန့် -တစ်ဇွန်း
ဆီ - ၅ကျပ်သား
ပြင်ဆင်ချက်ပြုတ်နည်း
************
(၁)ကြက်ကိုရေဆေးသန့်စင်ပြီးလိုသလိုလှီးဖြတ်ထားပါ။ဆားနှင့်ဟင်းခပ်မှုန့်ဖြင့်နှယ်ထားပါ။
(၂)ကြက်သွန်ကိုအမြောင်းတုံးပြီးတလွှာဆီခွာထားပါ။ကြက်သွန်ဖြူခွာထားပါ။ဂျင်းကိုအမျှင်လေးများစိတ်ထားပါ။
(၃)အိုးတခုတွင်ဆီထည့်ပြီးအပူပေးထားပါ။ကြက်သွန်နီ ကြက်သွန်ဖြူအမြောင်းလိုက်တို့ကိုအနည်းငယ်အရောင်ရသည်ထိကြော်ပြီးဆယ်ထုတ်ထားပါ
(၄)လက်ကျန်ဆီဖြင့်ဂျင်းကိုဆီသပ်ပါ။ရှောက်ကောကိုထုပြီးထည့်ပါ။
(၅)အရသာနယ်ပြီးသားကြက်သားထည့်ပြီးအရောင်ပြောင်းသည်ထိမွေပေးပါ။
(၆)ချဉ်စော်ခါးသီးခြောက်ကိုရေဆေးပြီးထည့်ပါ။ရေအနည်းငယ်ထည့်ပြီးတည်ပေးပါ။
(၇)တဝက်ကျက်အနေထားတွင်ဖယ်ထုတ်ထားသောကြက်သွန်နီဖြူကြော်တို့ကို့ထည့်ပြီးနူးသည်ထိတည်ပါ။
(၈)ကြက်သားနူးပါကအရသာအပေါ့အငံမြည်း၍ကြက်သွန်မိတ်ဖြူးကာ သုံးဆောင်နိုင်ပါပြီ။

Sofia Food Paradise 

No comments:

Post a Comment