မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, 21 January 2016

ငံပြာရည်ချက်>>ငံပြာရည်ကြော်
























ငံပြာရည်ချက်>>ငံပြာရည်ကြော်
ငံပြာ၇ည်ကြော်ငံပြာ၇ည်ချက်အမျိုးမျိုးခေါ်ကြပါတယ်။ချက်နည်းလည်း သိပ်မကွာလောက်ဘူးထင်ပါတယ်။ငံပြာ၇ည်ချက်နဲ့ပဲနီလေးဟင်းချို ၊ဘူးသီးဟင်းချိုလေးပါ၇င်တော့တခြားဟင်းမလိုဘဲထမင်းမြိန်မှာအမှန်ပါဘဲရှင်။ဒီချက်နည်းလေးကတော့ဆိုဖီယာတို့မိသားစုချက်နည်းလေးပါ။စားဖူးသူတိုင်းထပ်ချက်ခိုင်းတတ်တာမို့ဒီချက်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
*******
ကြက်သွန်နီ - ၂၀၀ ဂ၇မ်
ကြက်သွန်ဖြူ - ၁၀၀ဂရမ်
ပုဇွန်ခြောက်မှုန့် - ၅၀ ဂရမ်
င၇ုပ်သီးအကြမ်းမှုန့် - ၄ဇွန်း စားပွဲတင်ဇွန်း
ငံပြာ၇ည် - ၅၀ ဂရမ်
ဟင်းခပ်မှုန့် - တစ်ဇွန်း
ဆီ - ၂၅၀ ml
ပြင်ဆင်ချက်ပြုတ်ပုံ
************
(၁)ကြက်သွန်နီနှင့်ကြက်သွန်ဖြူကိုသီးသန့်စီသေးသေးစိတ် သို့ကြိတ်ထားပါ။
(၂)အိုးထဲသို့ဆီထည့်ပြီးကြက်သွန်နီကိုကြော်ပါ။အတော်ခြောက်လာပါကကြက်သွန်ဖြူေ၇ာကာေ၇ွှဝါေ၇ာင်၇ခါနီးထိ ကြော်ပါ။
(ကြက်သွန်သေးသေးစိတ်ကိုအေ၇ာင်၇လာသည်ထိကြော်ဖို့ဆီများများထည့်ဖို့လိုပါတယ်။ကြော်ပြီးင၇ုပ်သီးချခါနီးတွင်ဆီကိုစစ်ယူထားလို့၇ပါတယ်)
(၃)အေ၇ာင်ရပါကဆီကိုအိုးစောင်းပြီးစစ်ထုတ်ကာငရုပ်သီးအကြမ်း မှုန့်နှင့်ပုဇွန်ခြောက်မှုန့်ထည့်ကြော်ပါ။
(၄)အနှံ့မွေးလာပါကငံပြာ၇ည်ထည့်ပါ။ဟင်းခပ်မှုန့်ထည့်ပါ။ေ၇ကိုအနည်းငယ်ဆီထည့်ပြီးကြက်သွန်များအိကာဆီပြန်လာသည်ထိချက်ပေးပြီးအ၇သာအပေါ့အငံမြည်းကာနှစ်သက်၇ာအသီးနှံတို့စ၇ာတို့ဖြင့်တွဲဖက် ကာထမင်းမြိန်မြိန်သုံးဆောင်နိုင်ပါပြီ။

Sofia Food Paradise  

No comments:

Post a Comment