မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, 21 January 2016

pizza လုပ်နည်း
























Pizza ♡ 
ပီဇာ Pizza   dough      

ဂျုံ - 1kg
Yeast - 4 gm
သကြား - 20gm
ဆား - 20gm
္တနွားနို့ - 25ml
သံလွင်ဆီ - 40 ml
ရေခဲ - 80 gm
ရေ - 420ml
(ဂျုံ တစ်ကီလို လုပ်လျှင် 12 လက်မ ပုံပါဆိုဒ် ၇ခုရပါတယ်။ အိမ်စားများမိမိပြုလုပ်မည့်အပေါ်ချိန်ဆနိုင်ရန် )
(၁)ဂျုံနှင့်yeastကိုအရင်သမအောင်မွေ။ (၂)ကျန်ပါဝင်ပစ္စည်းအားလုံးကိုရောပြီး ရေခဲဆားသကြားပျော်အောင်မွေပြီးပါကဂျုံနှင့်Yeastအရောထည်းထည့်နှယ်ပါ။
(၃)ဂျုံသားပြောင်ချောလာသည်ထိနှယ်ပေးပါ။ပြီးလျှင်နှစ်သက်ရာဆိုဒ် အလုံးလေးများလုံးကာဆီသုပ်ဂျုံဖြူးထားသောဘမ်းတွင်နှစ်လက်မ လောက်ခြားကာစီထည့်ပြီးပလပ်စတစ်လုံအောင်ပိတ်ကာရေခဲသေတ္တာတွင်နှပ်ထားပါ။ပီဇာမလုပ်ခင်တရက်သို့နေ့ဝက်လောက်ကြိုလုပ်ထားတာကလက်နဲ့ဖြန့်ရတာပိုအဆင်ပြေပါတယ် ။တရက်တည်းမကုန်ရင်ဂျုံကိုရေခဲသေတ္တာတွင်၃ရက်လောက်အထားခံပါတယ် ။
ပီဇာပြုလုပ်နည်း
*********
ပီဇာလုပ်ဖို့လိုအပ်သောအဓိကပစ္စည်းကတော့ Pizza sauce နဲ့ cheese ဘဲ ဖြစ်ပါတယ်
ကျန်တဲ့Ingredientsတွေကတော့မိမိပြုလုပ်မည့်ပီဇာအမျိုးစားပေါ်မူတည်ပြီး ကွဲပြားသွားမှာပါ။
Pizza Sauceပြုလုပ်ရန်***
ခရမ်းချဉ်သီး အခွံ ခွာပြီးသား ready madeဘူးကိုအရည်နည်းနည်းညစ်ထုတ်ပြီးမညက်တညက်ကြိတ်ထားပါ။
ဆား
သကြား
သံလွင်ဆီ
Oregano
တို့ကိုထည့်ပြီးသမအောင်မွေပါ ။
Mozzarella Cheese ကိုသုံးပါတယ်။
(၁)နှပ်ထားပြီးသားဂျုံကိုဂျုံမှုန့်ဖြူးပြီးဖြန့်ကာဆီသုပ်ထားသောဘမ်းသို့ဇကာပေါ်တင်ပါ။
(၂)pizzasauceကိုဘေးအနားနှစ်စိပ်လောက်ချန်ကာလူးပေးပါ ။ (၃)sauce အပေါ်မှcheese ဖြူးပါ။
(၄)မိမိပြုလုပ်မည့်အစာတို့ကိုထည့်ပါ။
(၅)ပြီးလျှင်အပေါ်မှcheeseအနည်းငယ်အရောင်လှအောင်ထပ်ဖြူးပြီး ovenတွင်အပေါ်၂၈၀ ဒီကရီ ၊ အောက် ၂၀၀ ဒီကရီ မီးဖြင့် ၅မိနစ် ၆မိနစ်ခန့် ခန့်ဖုတ်ပြီးမုန့်အရောင်ရကာမုန့်သားကျက်ပါကလှီးဖြတ် သုံးဆောင်နို
င်ပါပြီ ။

Sofia Food Paradise  

No comments:

Post a Comment