မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, 22 January 2016

ယိုးဒယားပဲကြာဇံကြော် heart emoticonFried Vermicelli Thai Style























ယိုးဒယားပဲကြာဇံကြော် heart emoticonFried Vermicelli Thai Style

ပါဝင်ပစ္စည်း
******
ပဲကြာဇံ - တစ်ပွဲစာ (လက်တဆုပ်)
ကြက်သွန်နီ - တစ်လုံး
ဘဲဥ - တစ်လုံး
ကြက်သား သို့ ပုဇွန် - ၅၀ ဂရမ်
ကြက်သွန်မိတ် - နှစ်ပင်
ယိုးဒယားငံပြာရည် - တစ်ဇွန်း (Tbsp)
ခရုဆီ - တစ်ဇွန်း
ဟင်းခပ်မှုန့် - တစ်ဇွန်း လ္ဘက်ဇွန်း
ငရုပ်ကောင်းမှုန့် - အနည်းငယ်
ပဲငံပြာရည် အနောက် - အနည်းငယ်
ပြင်ဆင်ချက်ပြုတ်ပုံ
**********
ဦးစွာပဲကြာဇံကိုရေစိမ်ထားပါ။ ကြက်သွန်နီကိုခပ်ကြီးကြီးအမြောင်းတုံးထားပါ။ကြက်သွန်မိတ်ကိုလက်တစ်ဆစ်ခန့်ဖြတ်ထားပါ။ကြက်သားသို့ပုဇွန်ကိုလိုသလိုလှီးဖြတ်ထားပါ။ဘဲဥကိုခေါက်ထားပါ။မရှိကကြက်ဥကိုအစားထိုးသုံးလို့ရပါတယ်။ဘဲဥနဲ့ဆိုအရောင်အရသာပိုကောင်းပါတယ်။ပဲကြာဇံပျော့လာပါကဆယ်ယူရေစစ်ထားပါ။ဒယ်အိုးကိုအပူပေးပြီးဆီထည့်အပူပေးပါ။ပူလာပါကကြက်သားသို့ပုဇွန်ကိုချကြော်ပါ။ကြက်သွန်ထည့်ပါ။မီးပြင်းဖြင့်ကြော်ပါ။ပြီးလျှင်ဘဲဥခေါက်ထားသည်ကိုထည့်ပါ။ကျက်ပါကပဲကြာဇံချပြီးလိုအပ်သောအရသာများဖြည့်စွက်ပါ။ရေအနည်းငယ်ထည့်ပြီးကြာဇံပျော့အောင်ခဏထားပါ။ကြာဇံပျော့ပါကအရသာအပေါ့အငံမြည်းကာငရုပ်ကောင်း၊ကြက်သွန်မိတ်ထည့်ပြီးမီးဖိုမှချကာငရုပ်သီးငံပြာရည်စိမ်ထားသောဆော့ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။

Sofia Food Paradise 

No comments:

Post a Comment