မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, 22 January 2016

အမဲလုံးရေစိမ်ခေါက်ဆွဲ

















အမဲလုံးရေစိမ်ခေါက်ဆွဲ 
heart emoticon
အမဲလုံးကိုဟင်းရည်အိုးထည်းထည့်ပြုတ်တာနဲ့ Oven မှာ Bake လုပ်တာနှစ်မျိုးရှိပါတယ်ခုလုပ်ခုစားဆိုရင် တော့ပြုတ်တာအဆင်ပြေပါတယ်Bakeလုပ်တာကတော့ ရေရှည်သိမ်းထားလို့ရပါတယ်။
ပါဝင်ပစ္စည်း
********
အမဲသားကြိတ်သား/နှစ်သက်ရာ အသား - ၅၀၀ ဂရမ်
ကြက်ဥအကာ - တစ်လုံး
ဆား - လ္ဘက်ဇွန်း တဝက်
ပဲငံပြာရည် - တစ်ဇွန်း စားပွဲဇွန်း
ဟင်းခတ်မှုန့် - အနည်းငယ်
ပြောင်းဖူးမှုန့် - နှစ်ဇွန်း
ငရုပ်ကောင်းမှုန့် - အနည်းငယ်
ဂျင်းကြက်သွန်ဖြု - တစ်ဇွန်း
ကြက်သွန်မိတ်အရင်းအဖြူပိုင်း- ၃ပင်ပါးပါးစိတ်
ဆီအနည်းငယ် - တစ်ဇွန်း
ရေ - နှစ်ဇွန်း
ပြုလုပ်နည်း
********
(၁)ဦးစွာပထမ အိုးတခုတွင်ကြက်သွန်မိတ်အရင်းပိုင်း ကြက်သွန်ဖြူ ဂျင်းတို့ကိုဆီသပ်ပါအရောင်မလိုပါ ကျက်ရုံ နွမ်းရုံ ကြော်ပြီးပါက ဆယ်ယူဆီစစ်ထားပါ။
(၂)ဇလုံတခုတွင်ကြိတ်ထားသောအသားနှင့်ကြက်ဥ အကာ၊ ဆား ၊ပဲငံပြာရည် ၊ဟင်းခတ်မှုန့်၊ပြောင်းဖူးမှုန့် ရေအနည်းငယ်ဆီသပ်ထားသည်တို့ကိုထည်ြ့ပီးမွေပေးပါ။
(၃)ပြီးလျှင် ရေခဲသေတ္တာထဲတွင်နာရီဝက်ခန့် နှပ်ထား ပါ။လုံးရလွယ်ကူရန်ဖြစ်ပါတယ်။
(၄)ပြုတ်မည့် အိုး ဖြင့်ရေတည်ပါ။ဟင်းရည်အဖြစ် သော်လည်းကောင်းခေါက်ဆွဲအတွက်သော်လည်းကောင်းပြုတ်ထားသောအရည်ဘဲသုံးမည်ဖြစ်၍ဟင်းရည် တွင်အရသာဖြည့်စွက်ပါ။ဆားနှင့်ဟင်းခပ်မှုန့် သို့မဟုတ်chicken stock ထည့်ပါ။ဟင်းရည်တွင်ဂျင်း ပါးပါးလှီး၊ငရုပ်ကောင်း၊ ကြက်သွန်ဖြူ ဓားပြားရိုက်ထ ည့်ပါ ။
(၅)ဟင်းရည် ဆူပွက်ပါက နှပ်ထားသောအသားကို ယူ၍လက်ရေစွတ်ကာအလုံးလေးများလုံးပြီးဟင်းရည်အိုးတွင်ထည့်ပြုတ်ပါ ။ (၆)အသားလုံးလေးများပေါလောပေါ်လာပါကတရုပ်နံနံအုပ်၍မီးပိတ်ဖုံးအုပ်ကာသုံးဆောင်ရန်အသင့်ဖြစ်ပါပြီ ။
Bakeလုပ်ချင်ရင်တော့အသားလုံးကိုအိုးပူမှာဆီနဲ့အရောင်ယူပြီးovenမှာ၂၀၀ဒီဂရီနဲ့၂၅မိနစ်လောက်ဖုတ်ရပါတယ်။ကျက်မကျက်အသားလုံးကိုခွဲကြည့်ပြီးအေ အးခံကာ သိမ်းဆည်းထားလို့ရပါတယ် ။
ခေါက်ဆွဲပြင်ရန်
***********
ရေစိမ်ခေါက်ဆွဲ /ဂျုံခေါက်ဆွဲ
ကြက်သွန်ဖြူ ဆီ ချက်
နှမ်းဆီချက် နဲ့ဆီမွေး
ငရုပ်သီးဆီချက်
ခရမ်းချဉ်သီးချက်
မြေပဲထောင်း
ပဲငံပြာရည် အကြည်
ကြက်သွန်မိတ်နံနံမိတ်
ပဲလိပ်ပြာရွက်
ခေါက်ဆွဲကိုရေနွေးဖျောပြီးပါဝင်ပစ္စည်းများထည့်ကာအသားလုံးပြုတ်ထားသောဟင်းရည်ပူပူခပ်ထည့်ပြီးသုံးဆောင် နိုင်ပါပြီ ။

Sofia Food Paradise 

No comments:

Post a Comment