မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, 22 January 2016

ကြက်သားစိမ်းစားဥကြော်




















ကြက်သားစိမ်းစားဥကြော် 

ရှမ်းအစားအစာတခုဖြစ်တဲ့စိမ်းစားဥနဲ့ကြက်သားစင်းကောကြော်ချက်လေးပါ။ငယ်စဉ်အခါကအဖွားချက်ကျွေးတာလေးကိုအမှတ်ရလို့ပြန်ကြော်စားဖြစ်တာလေးပါ။အသစ်ဆန်းမဟုတ်ပေမဲ့များသောအားဖြင့်သားရေစာအဖြစ်သာစားကြတာမို့မသိသေးတဲ့အိမ်ရှင်မတို့အတွက်ဟင်းတခွက်တိုးစေမယ်လို့ထင်ပါတယ်။ချိုချိုစိမ့်စိမ့်အရသာသစ်လေးကိုစမ်းချက်ကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း 
********
စိမ်းစားဥကြီးကြီး - ၁လုံး
ကြက်သွန်နီ- ၁လုံး
ကြက်သွန်ဖြူ - ၃မြောင်း
ခရမ်းချဉ်သီး - ၁လုံး
ဂျင်း - အနည်းငယ်
ကြက်သားစင်းကော-(နှစ်သက်ရာအသား)
ကြက်သွန်မိတ်/နံနံမိတ်
ပြင်ဆင်ချက်ပြုတ်နည်း
****************
(၁)ဦးစွာ ကြက်သားစင်းကောကို ဆား ၊ဟင်းခတ်မှုန့် ၊ဂျင်းကြက်သွန်ဖြူတို့ဖြင့်နှယ်ပြီးနှပ်ထားပါ။ သက်သက်လွတ်လည်းကြော်ချက်နိုင်ပါတယ်။
(၂)စိမ်းစားဥကိုရေဆေးအခွံသင်ပြီး မထူမပါးစိတ်ထားပါ။ (၃)ကြက်သွန်နီ သေးသေးစိတ်၊ ခရမ်းချဉ်သီးသေးသေး စိတ်၊ ကြက်သွန်မိတ် ၊နံနံမိတ်တို့ကို လှီးဖြတ်ထားပါ ။
(၄)အိုးတခုကို အပူပေးပြီးဆီအနည်းငယ်ထည့်ကာကြက်သွ န်ဆီသပ်ပါ။အရောင်ရလျှင် ခရမ်းချဉ်သီးနှင့်ကြက်သားနှ ပ်ထားသည်တို့ကိုရောထည့်ပြီးမွေပါ ။ (၅)ကြက်သားကျက်ပါကစိမ်းစားဥကိုထည့်ပြီးမွေပါ ။ရေအ နည်းငယ်ထည့်ပြီးအရသာမြည်းကာလိုအပ်ပါကအရသာ ထပ်မံဖြည့်စွက်ပြီးကြက်သွန်မိတ်နံနံမိတ်အုပ်ကာသုံးဆော င်နိုင်ပါပြီ ။


Sofia Food Paradise 

No comments:

Post a Comment