မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday 21 January 2016

အုန်းထမင်းနဲ့ကြက်သားဟင်း ♡ Coconut Rice with Chicken Curry

















အုန်းထမင်းနဲ့ကြက်သားဟင်း ♡ Coconut Rice with Chicken Curry

အုန်းထမင်းချက်နည်းကမခက်သလိုတယောက်နဲ့တယောက်ချက်နည်းလည်းတူမယ်ထင်ပါတယ်။မေးလာတဲ့ညီမ၊အစ်မတွေဖို့ ဆိုဖီ ယာချက်တဲ့နည်းလေးမျှဝေပေးလိုက်ပါတယ်။မြန်မာအုန်းထမင်းနဲ့အတွဲလိုက်ဖက်သောဟင်းများကတော့ကြက်သားဟင်း၊ဘာလချောင်ကြော်နှင့်သ၇က်သီးသုပ်ဘဲဖြစ်ပါတယ်။
ပါဝင်ပစ္စည်း
*******
ဆန် - နို့ဆီဘူးလေးလုံး
အုန်းနို့ ခ၇င်မ် - ၄၀၀ ml
ဆား - တစ်ဇွန်းခွဲ စားပွဲတင်ဇွန်း
သကြား - တစ်ဇွန်းခွဲ
ဆီ - ၅ကျပ်သား
ေ၇ -လိုသလောက်
ဆွမ်းမွေးရွက် -၂ပင် (မထည့်လည်း၇)
ပြင်ဆင်ချက်ပြုတ်နည်း
*************
(၁)ဦးစွာဆန်ဆေးပြီးအိုးထဲသို့ ဆား၊သကြား၊ဆီ၊အုန့်နို့ထည့်ပြီး ကျန်လိုအပ်သောေ၇ပမာဏထည့်ပါ။ဆွမ်းမွေး၇ွက်ထည့်လိုကထည့်ပါ။ အထက်အောက်သမအောင်မွေပြီးဆယ်မိနစ်ခန့်စိမ်ထားပြီးမှ ခလုတ်နှိပ်ပြီးချက်ပါ။
(၂)တည်ထားပြီးဆယ်မိနစ်ခန့်တွင်တစ်ကြိမ်မွေပေးပါ။
(၃)ထမင်းအိုးပွက်ပြီးလျှင်တစ်ကြိမ်ထပ်မွေပေးကာထမင်းအိုးနှပ်သည်ထိတည်ထားပါ။နှပ်ပါကကြက်သားဟင်း၊ဘာလချောင်၊သရက်သီးသုပ်တို့ဖြင့်တွဲဖက်ပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။
ကြက်သားဟင်းချက်ရန် ပါဝင်ပစ္စည်း
*******************
ကြက်- တစ်ကီလို
ကြက်သွန်နီ - ၂၀၀ ဂရမ်
င၇ုပ်သီးခြောက်အပွ - ၁၅တောင့်
နနွင်း- အနည်းငယ်
ဂျင်းကြက်သွန်ဖြူထောင်း - တစ်ဇွန်း စားပွဲတင်
ဆား -လိုသလောက်
ဟင်းခပ်မှုန့် - တစ်ဇွန်း
ဆီ - ၁၅၀ ဂ၇မ်
နံနံပင် - အနည်းငယ်
ပြင်ဆင်ချက်ပြုတ်နည်း
*************
(၁)ကြက်သားကို ဆေးကြောသန့်စင်ပြီးလိုသလိုလှီးဖြတ်ထားပါ။
(၂)ဇလုံတခုတွင်ထည့်ပြီးဆားနှင့်ဟင်းခပ်မှုန်ထည့်ပြီးသမအောင်နယ်ထားပါ။
(၃)ကြက်သွန်နီကိုထောင်းထားသို့မဟုတ်ကြိတ်ထားပါ။င၇ုပ်သီးခြောက်ကိုေ၇စိမ်အစေ့ထုတ်ပြီးဂျင်းကြက်သွန်ဖြူနှင့်ေ၇ာထောင်းထားပါ။
(၄)အားလုံးအဆင်သင့်ဖြစ်ပါကချက်မည့်ဒယ်အိုးတွင်ဆီထည့်ပြီးနနွင်းအနည်းငယ်ဖြင့်ကြက်သွန်ကြိတ်ထားသည် ကိုဆီသပ်ပါ။
(၅)ကြက်သွန်အေ၇ာင်၇ပါကင၇ုပ်သီးဂျင်းကြက်သွန်ဖြူထောင်းထားသည်ကိုထည့်ကြော်ပါ။
(၆)ဆီသပ်နံ့မွေးပြီးအေ၇ာင်တက်လာပါကနှပ်ထားသည့်ကြက်သားကိုထည့်ပြီးကြော်ပါ။
(၇)ကြက်သားမှထွက်လာသောလုံးရည်များကုန်သည်ထိအိုးမကပ်အောင်အဆက်မပျက်မွေပေးပါ။
(၈)ကြက်သားလုံးရည်ကုန်ပါကကြက်သားအနေအထားကိုကြည့်ပြီးရေအနည်းငယ်ဆီထည့်ပေးကာဆီပြန်အသားနူးသည်ထိအဖုံး အုပ်ကာ တည်ပေးပါ။
(၉)ကြက်သားနူးပြီးဆီပြန်လာကပါကအရသာအပေါ့အငံမြည်းကာနံနံပင်အုပ်ပြီးတည်ခင်သုံးဆောင်နိုင်ပါပြီ။

Sofia Food Paradise  



No comments:

Post a Comment