Thursday, 21 January 2016
မြေအိုးမြီးရှည်
မြေအိုးမြီးရှည်
ရန်ကုန်မှာ၂၀၀၀ခုနှစ်ဝန်းကျင်လောက်ဆိုဖီယာဆိုင်ဖွင့်ခါစကမြေအိုးမြီးရှည်ဆိုပြီးရောင်းတာမရှိသလောက်ရှားမယ်ထင်ပါတယ်။ဆိုင်မှာလည်းရိုးရိုးမြီးရှည်ဘဲရောင်းပါတယ်။၂၀၀၅နောက်ပိုင်းမှတဖြေးဖြေးနာမည်ရလာတဲ့မြေအိုး မြီးရှည်ကိုခုဆိုနေရာတိုင်းဆိုင်တိုင်းလိုလိုမှာရနိုင်လောက်အောင်လူကြိုက်များတဲ့အစားအစာတခုဖြစ်နေပါပြီ။အရသာနဲ့ချက်နည်းတွေတော့အနည်းငယ်ကွဲကြမှာပါ။ဆိုင်မှာချက်ရောင်းခဲ့တဲ့ နည်းလေးအတိုင်းမျှဝေပေးလိုက်ပါတ ယ်။ချက်စားကြည့်ရအောင်နော် ။
ပါဝင်ပစ္စည်း
******
မြီးရှည် - တစ်ပွဲစာ
နှစ်သက်ရာအသီးအနှံ - တစ်ပန်းကန်
မုန်ညင်း၊ဥနီ၊ပြောင်းဖူး၊ရွှေပဲ၊ကန်စွန်းရွက်၊ပဲပင်ပေါက်
ကြက်သား - လက်တဆုပ်
ငါးဖယ် - ၅လုံး
ငုံးဥ - ၅လုံး
ပဲပြား - သေးသေးလေးတုံး
ဟင်းစပ်ပစ္စည်း
********
ကြက်သွန်ဖြူ ဆီချက် - တစ်ဇွန်း စားပွဲတင်ဇွန်း
နှမ်းဆီချက် - တစ်ဇွန်း
မြေပဲထောင်း - တစ်ဇွန်း
ဟွားကျောင်းဆီချက် -လ္ဘက်ဇွန်း တစ်ဇွန်း
ငရုပ်သီးဆီချက် - လ္ဘက်ဇွန်း တစ်ဇွန်း
ပဲငံပြာရည် အကြည် - တစ်ဇွန်း
ငရုပ်သီးရှာလကာစိမ် - တစ်ဇွန်း
ကြက်သားမှုန့် - တစ်ဇွန်း
ချဉ်စပ်ပဲငပိအနှစ် -နှစ်ဇွန်း
ကြက်ပြုတ်ရည်- တစ်ပန်းကန်စာ
ပြင်ဆင်ပြုလုပ်နည်း
**********
ဟင်းစပ်ပစ္စည်းများနှင့်ကြက်သား၊ငုံးဥ၊ငါးဖယ်၊ပဲပြား၊သီးနှံ၊မြီးရှည်ဖတ်အားလုံးကို မြေအိုးတခုတွင်ထည့်ပြီးတည်ထားပေးပါ ။ဟင်းရည်ဆူပွက်လာပြီးအရသာဝင်အောင်တည်ပေးပါ။ပြီးလျှင် အရသာအပေါ့ငံမြည်း၍ သုံးဆောင် နိုင်ပါပြီ ။
Sofia Food Paradise
Subscribe to:
Post Comments (Atom)
No comments:
Post a Comment