မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, 23 January 2016

ငါးဆားနယ်ခရမ်းချဉ်သီးချက်




















ငါးဆားနယ်ခရမ်းချဉ်သီးချက်
•••••••••••••••••••••••••••••••••
ငါး....................၃၀ကျပ်သား
ကြက်သွန်နီ.....၁လုံး
ကြက်သွန်ဖြူ...၅တက်
ခရမ်းချဉ်သီး...၅လုံး
ပင်စိမ်း.. ........၃ပင်ခန့်
ငါးကို..၁လက်မအရွယ်လေးများတုံးပြီးဆားလက်တစ်
ဆုပ်ခန့်နှင့်နယ်ကာ..အိပ်၃ထပ်လောက်ထုပ်ပြီးလေးသောအရာတစ်ခုဖိထားကာတစ်ညအိပ်လောက်ထားပါ။
ချက်ခါနီးမှာရေစင်အောင်ဆေးပြီးရေစစ်ထားပါ။
ကြက်သွန်နီ ၊ဖြူ၊ငရုတ်ခြောက်တောင့်တို့ကိုညှက်နေ
အောင်ရောထောင်းပါ။
ခရမ်းချဉ်သီးကိုပါးပါးလှီးပါ။ပင်စိမ်းရွက်ကိုအရွက်ခြွေ
ထားပါ။
ဒယ်အိုးတစ်လုံးမှာထောင်းထားသောအရောကိုဦးစွာ
ထည့်ပြီးနနွင်းမှုန့်၊အရောင်တင်၊ဟင်းခတ်မှုန့်တို့ကို
ထည့်ပြီးမှလှီးထားတဲ့ခရမ်းချဉ်သီးတွေကိုအုပ်
်ထည့်ပါ။
ဆီကိုဘေးပတ်လည်ကလောင်းထည့်ပြီးမီးအေးအေးမှာအဖုံးပိတ်ကာရေခမ်းဆီပြန်သည်အထိချက်ပါ။
အနှစ်ကျပြီဆိုမှရေဆေးထားတဲ့ငါးအတုံးလေးတွေ
ထည့်ကာ..အသားကျက်သည်အထိဆက်ချက်ပါ။
ပင်စိမ်း ရွက်လေးအုပ်ပြီးမိမိနှစ်သက်ရာတို့စရာများနှင့်တွဲဖက်သုံးဆောင်ပါ။

ပာင်းချက်နည်းများ  

No comments:

Post a Comment