မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday 23 January 2016

ဘဲဥသီးစုံပဲကုလားဟင်း




















ဘဲဥသီးစုံပဲကုလားဟင်း
**********************
ဘဲဥ.................၁၀လုံး
ကုလားပဲ.........၁ဗူး(နို့ဆီဗူး)
ဗူးသီး.............၁စိတ်
ရွှေဖရုံသီး.. ...၁စိတ်
အာလူး..........၃လုံး
ခရမ်းသီး.........၂လုံး
မုန်လာဥနီ.. ....၂လုံး
မုန်လာဥဖြူ......၂လုံး
ရုံးပတီသီး........၅တောင့်
ပဲတောင့်ရှည်....၁၀တောင့်ခန့်
မန်ကျည်းသီးမှည့်
မုန်ညှင်းစေ့
ဟင်းခတ်မဆလာ
ပျဉ်းတော်သိမ်ရွက်
ကုလားပဲကိုရေဆေးပြီးရေစိမ်ထားပါ။
ဘဲဥကိုရေဆူမှထည့်ပြီး၈မိနစ်ခန့်ကျက်အောင်ပြုတ်ပြီးအခွံခွာထားပါ။
ရေစိမ်ထားသောပဲကိုပြုတ်ပါ။
ထိုစဉ်အတွင်ပါဝင်သောဟင်းသီးဟင်းရွက်များကို
၁လက်မခွဲပတ်လည်အတုံးကြီးကြီးများအဖြစ်တုံးပါ။
ကြက်သွန်နီ ၂လုံး၊ဖြူ ၅တက်နှင့်ချင်းသေးသေးတ်တက်ခန့်ကိုညှက်အောင်ထောင်းပြီးအိုးတစ်လုံးမှာ
နနွင်းမှုန့်၊ငရုတ်စိမ်းမှုန့်အနည်းငယ်တို့နှင့်အတူဆီသတ်ပါ။
အနည်းငယ်နွမ်းလာလျှင်မဆလာ၊မုန်ညှင်းစေ့နှင့်ပျဉ်း
တော်သိမ်ရွက်တို့ထည့်ပေါင်းဆီသတ်ပါ။
ထိုမှတဆင့်အာလူး၊ရွှေဖရုံသီး၊ဥနီကဲ့သို့မာသောအသီးများကိုတစ်ခုချင်းစီထည့်ပြီးဆီသတ်ပါ။
ဗူးသီး၊ရုံးပတီသီးကဲ့သို့နှုးအိလွယ်သောအသီးများကို
နောက်ဆုံးမှထည့်ပါ။
ပဲအိုးနှုးပြီဆိုပါကဘဲဥ၊ဆီသတ်ထားသောအသီးအရွက်အားလုံးထည့်ပြီးအဖုံးပိတ်ချက်ပါ။
တစ်ပွက်ဆူလာပါကအဖုံးဖွင့်ပြီးဆား၊ဟင်းခတ်မှုန့်၊
မန်ကျည်းမှည့်ရည်တို့ဖြင့်အရသာသွင်းပါ။
တစ်ပွက်ဆူအနေအထားမှာအဖုံးဖွင့်ထားပါ။
နောက်ဆုံးငရုတ်ခြောက်တောင့်ကြော်လေးများထည့်
ပေါင်းပြီးသုံးဆောင်နိုင်ပါသည်။

ပာင်းချက်နည်းများ  

No comments:

Post a Comment