မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, 22 January 2016

ငါးမြင်းဗိုက်သား၊ဘဲဥနှင့်မန်ကျည်သီးစိမ်းချဉ်ရည်ဟင်း





















ငါးမြင်းဗိုက်သား၊ဘဲဥနှင့်မန်ကျည်သီးစိမ်းချဉ်ရည်ဟင်း
••••••••••••••••••••••••••••••••••••••••••••••••••
ငါးမြင်းဗိုက်သား...........၂၀ကျပ်သား
ဘဲဥ..........................၄လုံး
မန်ကျည်းသီးစိမ်းရင့်ရင့်..၅တောင့်ခန့်
ကြက်သွန်နီ.. ..............၁ခြမ်း
ကြက်သွန်ဖြူ.. .............၅တက်
ခရမ်းချဉ်သီး................၃လုံး
ငရုတ်ခြောက်တောင့်.. ...၅တောင့်
ငရုတ်သီးစိမ်း.. ............၁၀တောင့်ခန့်
နံနံပင်........................အနည်းငယ်

ပထမဦးဆုံးငါးကိုရေဆေး၊အနေတော်အတုံးလေးများတုံးပြီးအရသာနယ်ထားပါ။
ဘဲဥကိုကျက်အောင်ပြုတ်၊ရေအေးစိမ်ကာအခွံခွာထားပါ။
မန်ကျည်းသီးစိမ်းတောင့်တွေကိုရေအနည်းငယ်နှင့်ပြုတ်ပြီးချေကာအရည်စစ်ယူထားပါ။
ငရုတ်ခြောက်တောင့် ကိုအနည်းငယ်မွှေးအောင်ကြော်ပြီးဆယ်ယူထားပါ။
ကြက်သွန်နီ ၊ဖြူကိုညှက်အောင်ရောထောင်းပြီးဒယ်အိုးအောက်ခြေမှာဖြန့်ခင်းပါ။
နနွင်းမှုန့်  ၊အရောင်တင်မှုန့်အနည်းငယ်ထည့်ပြီးပါးပါးလှီးထားတဲ့ခရမ်းသီးတွေထည့်ကာ..မီးရှိန်အေးအေးမှာအဖုံးပိတ်ထားပါ။
ဆီပြန်လာလျှင်အရသာနယ်ထားတဲ့ဗိုက်သားတွေကိုထည့်ပြီးဖြည်းညင်းစွာမွှေပေးပါ။
နောက်ထပ်တစ်ကြိမ်ဆီပြန်ခမ်းလာလျှင်မန်ကျည်းပြုတ်ရည်လေးထည့်ပြီးဘဲဥလည်းပေါင်းထည့်ပါ။
ငါးငံပြာရည်၊ဟင်းခတ်မှုန့်တို့ဖြင့်အရသာသွင်းပြီးငရုတ်သီးစိမ်း၊ငရုတ်ခြောက်တောင့်ကြော်တို့ကိုထည့်ပါ။
စားသုံးခါနီးမှနံနံပင်လေးအုပ်ပေးပါ။

ပာင်းချက်နည်းများ

No comments:

Post a Comment