မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, 22 January 2016

ဝက်သားနှင့်ကြက်ဟင်းခါးသီးအစိမ်းကြော်























ဝက်သားနှင့်ကြက်ဟင်းခါးသီးအစိမ်းကြော်
••••••••••••••••••••••••••••••••••••••••
ဝက်သား..............၁၀ကျပ်သား
ကြက်ဟင်းခါးသီး....၁လုံး
ကြက်သွန်နီ...........၁ခြမ်း
ကြက်သွန်ဖြူ..........၃တက်

ဝက်သားကိုခပ်ပါးပါးလေးလှီးပြီးအရသာအနည်းငယ်နယ်ထားပါ။
ထိုင်ဝမ်ကြက်ဟင်းခါးသီးခေါ်တဲ့ကြက်ဟင်းခါးသီးအကြီးကိုထက်ခြမ်းခွဲပါ။အစေ့နဲ့အလွန်ခါးစေတဲ့အနှစ်တွေကိုပြောင်စင်သည်အထိဇွန်းလေးနဲ့ခြစ်ထုတ်ပြီးပါးပါးလှီးပါ။
ပါးပါးလှီးထားတဲ့ကြက်ဟင်းခါးသီးတွေပေါ်ဆားဇွန်းဝက်ခန့်လောကိကိုဖြူးထည့်ပြီး(၅)မိနစ်လောက်ကြာမှနယ်ပြီးဆေးကြောကာရေစစ်ထားပါ။
ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်ကိုအပူပေးပြီးကြက်သွန်နီ၊ဖြူကိုဦးစွာဆီသတ်ပါ။
အနည်းငယ်နွမ်းသွားလျှင်အရသာနယ်ထားတဲ့အသားတွေထည့်ကြော်ပါ။
ပဲငံပြာရည်အကြည်၊ဟင်းခတ်မှုန့်၊ခရုဆီတို့ဖြင့်အရသာသွင်းပါ။
မီးရှိန်ကိုအနည်းငယ်မြှင့်တင်ပြီးမှကြက်ဟင်းခါးသီးတွေထည့်ကာ(၃)မိနစ်ခန့်ဆက်ကြော်ပါ။
ငရုတ်ကောင်းမှုန့်လေးဖြူးပြီးသုံးဆောင်ပါ။

ပာင်းချက်နည်းများ

No comments:

Post a Comment