မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday 23 January 2016

ဖလံတောင်ဝှေးကြော်




















ဖလံတောင်ဝှေးကြော်
********************
ဖလံတောင်ဝှေး.........၂စည်း
ပုစွန်ခြောက်..............၁ဇွန်း
ကြက်သွန်နီ.. ...........၁လုံး
ကြက်သွန်ဖြူ.............၃တက်
ဖလံတောင်ဝှေးကိုနုတဲ့အပိုင်းလေးတွေချိုးယူပါ။
အပင်လိုက်ရေဆေးပြီးရေစစ်ထားပါ။
ကြက်သွန်နီကိုပါးပါးလှီးပြီးကြက်သွန်ဖြူကိုဓားပြားရိုက်ထားပါ။
ပုစွန်ခြောက်ကိုညှက်အောင်ထောင်းပါ။
ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်ကိုအပူပေးပြီးဖြူ၊
နီကိုနနွင်းမှုန့်လေးအနည်းငယ်နှင့်အတူဆီသတ်ပါ။
မွှေးလာလျှင်ပုစွန်ခြောက်ထောင်းထည့်ပါ။အနည်းငယ်ဓားပြားရိုက်ထားတဲ့ဖလံတောင်ဝှေးလေးတွေကို
လက်တစ်ဆစ်ခန့်ပိုင်းဖြတ်ပြီးထည့်ပါ။
အဖုံးအုပ်ပြီးအနည်းငယ်နွမ်းသွားအောင်ကြော်ပြီးရင်သုံးဆောက်နိုင်ပါပြီ။

ပာင်းချက်နည်းများ  

No comments:

Post a Comment